@y...o55: #အချစ်ကြောင်းတွေပြောရအောင်လည် ငါကအချစ်ခံဖူးတာမှ မဟုတ်ခဲ့တာ ငါ့ဘတ်ကပဲ ချစ်ပေးခဲ့ဖူးတာလေ...🥺 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #အချစ်အကြောင်းတွေကို တတ်သိနားလည်သလိုနဲ့ ပါးစပ်က ရေရေလည်လည်ပြောပြဖို့ ငါ့မှ အချစ်ခံခဲ့ရဖူးတဲ့သမိုင်းကြောင်းမှမရှိခဲ့တာ။ ငါ့ဘက်ကကြည့်ရင် အချစ်ဆိုတာ ပေးဆပ်ခြင်းတစ်ခုတည်းနဲ့တင် အဓိပ္ပာယ်ပြည့်စုံနေခဲ့တာပါ ငါ့ရင်ထဲက ချစ်ခြင်းတရားတွေကို မင်းဆီ ပုံအောပေးခဲ့ဖူးပေမဲ့ မင်းဆီကပြန်လာတဲ့ နွေးထွေးမှု မင်းဆီကရတဲ့ အချစ်ခံရခြင်းရဲ့ အရသာဆိုတာကိုတော့ ငါတစ်ခါမှ စိမ့်ဝင်အောင် မခံစားခဲ့ရဖူးဘူး။ ဇာတ်လမ်းတစ်ပုဒ်မှာ ငါကပေးဆပ်သူ သက်သက်ပဲဖြစ်ခဲ့ပြီး မင်းကတော့ ရယူသူအဖြစ်နဲ့ပဲတည်ရှိခဲ့တယ် ငါ့ဘက်ကပဲ အချိန်တွေ အချစ်တွေ ဂရုစိုက်မှုတွေကို အကန့်အသတ်မရှိ ပေးခဲ့ရတာကြောင့် အချစ်ခံရတယ်ဆိုတဲ့ ဝေါဟာရဟာ ငါ့အတွက်တော့ သိပ်ကိုအလှမ်းဝေးလွန်းတဲ့ အိမ်မက်တစ်ခုလိုပါပဲ။ ဒါပေမဲ့လည်းနော် ငါ့ဘက်ကပဲ သန့်သန့်ရှင်းရှင်းနဲ့ ချစ်ခဲ့ဖူးတာမို့လို့ ငါ့အချစ်အတွက်တော့ ငါဘယ်တော့မှ နောင်တမရဘူး ချစ်ခံရခြင်းမရှိခဲ့ရင်တောင်မှ တစ်စုံတစ်ယောက်ကို နှလုံးသားနဲ့အမျှ စစ်စစ်မှန်မှန် ချစ်ပြခဲ့ဖူးတယ်ဆိုတဲ့ ဂုဏ်သိက္ခာတော့ ငါ့မှာရှိနေဆဲပါ။ #fpyシ အလွမ်းစာတို #🍀CTO🍀🥀🥺
爱・𝓒𝓐𝓒𝓞🍀(စာတို)
Region: MM
Tuesday 04 August 2026 04:20:00 GMT
Music
Download
Comments
Myo Zaw :
ထပ်တူပါ မိန်းမရေ
2026-08-04 06:29:25
1
Shwe oo Ma :
🥰🥰🥰
2026-08-04 05:00:14
1
💖💖ThiadaAung💗💗 :
🥺🥺🥺🥺🥺🥺🥺🥺🥺
2026-08-04 04:38:15
1
သျှင်လွန်းလေး :
😳😳😳😳😳😳😳😳😳
2026-08-04 04:36:06
1
Myo Zaw :
… နှလုံးသား နဲ့ …ရေးတဲ့ .. ကဗျာ ‘! “…
ကဗျာ လေး ကိုတော့ …
လက်နဲ့ ရေးခဲ့တာတော့ မဟုတ် ပါဘူး
မင်းကို လွမ်းတဲ့ ….. ရင်ခုန်သံလေးတွေ နဲ့ ရေးခဲ့ တာပါ
စာကြောင်း တိုင်း ရဲ့
အဆုံးမှာတော့ … မျက်ရည် တ စက် ရှိတယ်
ဖက်တဲ့ သူ ကမမြင်နိူင်ပေမယ့် ၊
ရေးတဲ့ သူရဲ့ …. နှလုံးသား ကတော့
အကြိမ် ကြိမ် … ကွဲ ကြေခဲ့ရတယ် 😭😭😭
မင်း ကို ချစ်ခဲ့ တဲ့ … နေ့ တွေက
အမှတ်တရ … ဖြစ် ကျန်နေခဲ့ပြီး
မင်း မရှိတဲ့ နေ့ တွေကတော့
အသက်ရှင်ရင်း … သေဆုံး နေရတဲ့
အချိန်တွေ ဖြစ် သွားရတယ် ။”….😭😭
တစ် ချို့ ညတွေမှာ
လမင်း ကိုကြည့်ပြီး … မင်းကို လွမ်းတယ် ‘…
တ ချို့ မနက် တွေ မှာ
နေ မင်း ကြီးကို ကြည့်ပြီး …မင်း လေး နေကောင်းမလားလို့
ဆုတောင်း ပေးခဲ့တယ်.။😭😭
ကဗျာလေး က … မဆုံးသေးပါဘူး.’
စာရေးချင်လို့ … မဟုတ်ပါဘူး ၊’…..
မင်း လေးကို … မမေ့ နိူင်သေးလို့ ပါ။’..#!.
မိန်းမရေ…..’ .😭😭😭😭😭
2026-08-04 06:30:02
1
To see more videos from user @y...o55, please go to the Tikwm
homepage.