@zayartbz7news: မင်းအောင်လှိုင်ကို ထိုင်းအစိုးရက လက်ခံတွေ့ဆုံရန် ရှိနေမှု အခြေခံမူ မရှိသော လုပ်ရပ်အဖြစ် ထိုင်းလွှတ်တော်အမတ် ဝေဖန် ရန်ကုန်၊ ဩဂုတ် ၃ ထိုင်းနိုင်ငံသို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မည့် ခရီးစဉ်သည် သာမန်သံတမန်ရေးခရီးစဉ်တစ်ခုသာ မဟုတ်ဘဲ ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒ၊ အာဆီယံအတွင်း ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ရပ်တည်ချက်တို့ကို ရေရှည်အကျိုးသက်ရောက်မှု ရှိစေနိုင်သည့် အရေးကြီးသော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ် Kannavee Suebsangက ထုတ်ဖော်ပြောဆိုသည်။ ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ အာဏာရှိသူနှင့် ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ ယင်းသည် နယ်စပ်လုံခြုံရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် ထိုင်းပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် မဖြစ်မနေ လိုအပ်ကြောင်း ပြောကြားသည်။ သို့သော် ပြဿနာမှာ တွေ့ဆုံခြင်းမဟုတ်ဘဲ အခြေခံမူမရှိသော တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ယခုခရီးစဉ်ကို မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် နိုင်ငံရေးအဖြေရှာရန် အသုံးပြုမည်လား၊ သို့မဟုတ် မင်းအောင်လှိုင်ကို နိုင်ငံရေးတရားဝင်မှု (Legitimacy) ပေးအပ်ရန် အသုံးပြုမည်လားဆိုသည့် မေးခွန်းကို ပြည်သူများအား ရှင်းလင်းရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ထိုင်းနိုင်ငံက ဩဂုတ်လ ၆ ရက်မှ ၇ ရက်အထိ မင်းအောင်လှိုင်ကို တရားဝင် အခမ်းအနားဖြင့် ကြိုဆိုပြီး နှစ်နိုင်ငံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ပူးတွဲသတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း စသည့် မြင်ကွင်းများသည် မြန်မာစစ်ခေါင်းဆောင်၏ အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြန်လည်အသိအမှတ်ပြုနေပြီဟု ပုံဖော်အသုံးချနိုင်ကြောင်း ထိုင်းလွှတ်တော်အမတ်က သတိပေးထားသည်။ ထိုင်းနိုင်ငံသည် သံတမန်ရေးအရ ရရှိထားသည့် အားသာချက်ကို အလကားမသုံးဘဲ လက်တွေ့ကျသည့် ရလဒ်များနှင့် လဲလှယ်သင့်ကြောင်း၊ ယင်းတွင် အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု လျှော့ချရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လုံခြုံစွာရောက်ရှိနိုင်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် နယ်စပ်တည်ငြိမ်ရေးတို့ ပါဝင်သင့်ကြောင်း သူက ပြောကြားသည်။ သို့သော် ယင်းအစား ဓာတ်ပုံရိုက်ခြင်း၊ အခမ်းအနားကျင်းပခြင်းနှင့် လက်တွေ့အကျိုးသက်ရောက်မှုမရှိသည့် ပူးတွဲကြေညာချက်များသာ ရရှိပါက ထိုင်းနိုင်ငံသည် မည်သည့်အကျိုးအမြတ်မျှ မရဘဲ မင်းအောင်လှိုင်အား နိုင်ငံရေးတရားဝင်မှုကိုသာ ပေးအပ်သလို ဖြစ်သွားနိုင်ကြောင်း ဝေဖန် ထောက်ပြထားသည်။ ထို့ပြင် ယခုခရီးစဉ်သည် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာသို့ ပြ န်လည်ဝင်ရောက်လာစေရန် ထိုင်းနိုင်ငံက ပထမဆုံးတံခါးဖွင့်ပေးသည့် နိုင်ငံအဖြစ် အဓိပ္ပာယ်ကောက်ခံရနိုင်ကြောင်း ၎င်းက သတိပေးသည်။ ထိုင်းနိုင်ငံအနေဖြင့် "Principled Engagement" (အခြေခံမူများကို အခြေခံသော ထိတွေ့ဆက်ဆံမှု) ကို ကျင့်သုံးသင့်ကြောင်း၊ ဆက်ဆံရေးတိုးမြှင့်မှုတိုင်းသည် စစ်မှန်သော တိုးတက်မှုများနှင့် လဲလှယ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ကြောင့် မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် အနည်းဆုံး အချက် ၅ ချက်ကို တောင်းဆိုသင့်ကြောင်း အဆိုပြုထားသည်။ ယင်းတို့မှာ အရပ်သားများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးဥပဒေကို လိုက်နာရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ဘေးကင်းလုံခြုံစွာ ရောက်ရှိနိုင်ရေး၊ အွန်လိုင်းလိမ်လည်ဂိုဏ်းများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းရေး၊ မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံဘက် မြစ်ချောင်းများတွင် ဖြစ်ပေါ်နေသည့် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ညစ် ညမ်းမှုများ ဖြေရှင်းရေးနှင့် အာဆီယံ၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) ကို လက်တွေ့အကောင်အထည်ဖော်ရေးတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံအနေဖြင့် သံတမန်ရေးတွင် မည်သည့်ဘက်ကိုမျှ ရွေးချယ်ခြင်းထက် အခြေခံမူများဘက်တွင် ရပ်တည်သင့်ပြီး၊ ယခုခရီးစဉ်သည် မြန်မာ့အကျပ်အတည်းအတွက် အဖြေရှာပေးသည့် လမ်းကြောင်းဖြစ်မလား၊ သို့မဟုတ် စစ်ခေါင်းဆောင်ကို နိုင်ငံရေးတရားဝင်မှု ပေးသည့် လမ်းကြောင်းဖြစ်မလားဆိုသည်ကို သမိုင်းက အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်က ပြောဆိုထားသည်။@ZayarTBZ 7.1News🍉 @ZayarTBZ 11 News #ပြည်တွင်းသတင်း #zayartbz #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #မြန်မာသတင်း #ဒေသသတင်းရင်းမြစ်

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Tuesday 04 August 2026 06:26:02 GMT
80298
4191
24
101

Music

Download

Comments

puki.puki73
ဆု :
@ok
2026-08-04 14:35:42
0
u.lay.kyi229
chitko :
သူနဲ့အတူဆကားအမေးဖြေလုပ်ချင်တယ်
2026-08-04 16:21:20
0
xinlay50
Scorpio🦂🖤🕷️🕸️ :
သိပ်တော်တဲ့အမတ်ပါ🥰🥰
2026-08-04 10:41:14
1
kyawkrltzuk
kyawkyaw :
မဂ်လာပါ
2026-08-04 09:32:34
0
u.lay.kyi229
chitko :
မြတ်နာချင်းရှင်ပီး
2026-08-04 16:21:51
0
uko6565
UOo. Soe :
ဝမ်းသာပါတယ် သမတကြီးကို ကြိုဆိုပါတယ်😁😁😁🥰🥰🥰🥰🥰
2026-08-04 07:00:29
3
u.lay.kyi229
chitko :
လူတွေကိုတံဖိုးမထားဘဲသက်ခဲ့သူကိုဘယ်သူမှမကြည့်ကြနဲ့
2026-08-04 16:19:58
0
naing76707
🦚🦚🦚လူိဆိုးလေးNaing🦚🦚🦚🦚 :
🥰🥰🥰
2026-08-04 07:37:30
1
makhin.khin7
Makhin khin :
🥰🥰🥰
2026-08-04 07:08:57
1
user2453939425955
ဇောိဇေား :
😏😏😏
2026-08-04 07:39:40
1
raju.kumar4943
Raju kumar :
🥰🥰🥰
2026-08-04 14:05:10
0
ach.ach5461
ACh ACh :
🥰🥰🥰
2026-08-04 11:57:35
0
user667823173
Zaw Oo712 :
🥰🥰🥰
2026-08-04 14:38:02
0
user88335807945517
ကျော်ထွန်း :
@@@
2026-08-04 12:40:05
0
30540278241
user812725 :
🥰🥰🥰
2026-08-04 12:41:54
0
ayejcg.jcgh
AyeJcg Jcgh :
👌👍👍👍
2026-08-04 12:50:33
0
thu.thu.naing04
Thu Thu Naing :
🥰🥰🥰
2026-08-04 11:25:26
0
phyu.mar27
Phyu Mar :
🥰🥰🥰
2026-08-04 11:17:49
0
ba.pyae0
Ba pyae :
❤️❤️❤️
2026-08-04 09:57:13
0
dyvhedcai7zd
Ko Kyaw Tun Aung :
😂😂😂
2026-08-04 09:22:05
0
phyusin21451
phyusin :
🥰🥰🥰
2026-08-04 09:22:25
0
than.than5642
Than Than :
♥️♥️♥️
2026-08-04 09:17:50
0
zawww42
zawww :
😁😁😁
2026-08-04 08:51:35
0
zayyarlay212345678
🦚🦚🦚ခပ်ဆိုးဆိုးအမေသားလေး🦚🦚 :
🥰🥰🥰
2026-08-04 12:59:12
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About