@zayartbz11: တိုက်လေယာဉ်ပျက်ကျတဲ့သတင်းကြောင့်လူထုစိတ်အားတက်ကြွမှာကို အာဏာသိမ်းစစ်တပ်မလိုလားဘူးဦးမင်းကိုနိုင်ပြော ဩဂုတ်-၄၊ ၂၀၂၆။ People’s Spring အာဏာသိမ်းစစ်တပ်ကို လက်နက်စွဲကိုင်တော်လှန်မှု ရဲ့ စစ်ရေးကာလ အရေးကြီးဆုံးအချိန်ကိုရောက်နေချိန်မှာပဲ တိုက်လေယာဉ် ပျက်ကျတဲ့သတင်းကြောင့် လူထုစိတ်ဓာတ်ခွန်အား တက်ကြွမှာ ကို စစ်တပ်က မလိုလားဘူးလို့ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က ပြောကြားပါတယ်။ အဲဒီသတင်းကြောင့် လူထုစိတ်အားတက်ကြွမှာကို မလိုလားတဲ့စစ်တပ်က အခြာသောသတင်းတွေ ဖန်တီးကာ သတင်းဖုံးလိုက်တာမျိုး ပြုလုပ်လိမ့်မယ်လို့ ဦးမင်းကိုနိုင်က ဆိုပါတယ်။ ဒါအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီး (ICRC) ကိုယ်စားလှယ်တို့တွေ့ဆုံမှုသတင်းကို ထုတ်ပြန်တာကလည်း လူထုခေါင်းဆောင်ကို ချက်ချင်းမလွှတ်ရဲတဲ့ စစ်တပ်က သူတို့ သက်ဆိုးရှည်ဖို့အတွက် လူထုကို အာရုံလွှဲတာ ၊ အချိန်ဆွဲတာ တွေ အပြင် စစ်တပ်ကို ဆန့်ကျင်သူတွေကြား စိတ်ဝမ်းကွဲစေဖို့အတွက် ကြံစည်အသုံးချမှာ ဖြစ်တယ်လို့ ဦးမင်းကိုနိုင်က ဆိုပါတယ်။ စစ်တပ်ဟာ လေကြောင်းအားတခုတည်းနဲ့ တပြည်လုံးကို လှည့်တိုက်နေရတာ နှစ်ပေါင်းကြာတော့ တိုက်လေယာဉ်တွေ၊ လေယာဉ်မောင်းတွေဟာ ပျံသန်းချိန်တွေ အလွန်အမင်း ကျော်ကုန်ပြီလို့ ဦးမင်းကိုနိုင်က ဆက်ပြောပါတယ်။ စစ်တပ် တိုက်လေယာဉ်တွေရဲ့ကြံ့ခိုင်ရေးယိုယွင်းတာတွေ မောင်းသူတွေရဲ့စိတ်ရောကိုယ်ပါ ဖိစီးမှုတွေကြောင့် လေတပ်ကျဆုံးခန်း စတာကို စစ်တပ်က ဖုံးဖိလိမ့်မယ်၊ အာရုံလွှဲလိမ့်မယ်လို့ ရှစ်လေးလုံးအရေးတော်ပုံကနေ နွေဦးတော်လှန်ရေးအထိ ပြည်သူနဲ့အတူရပ်တည်ပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်က ပြောပါတယ်။ ဒါကြောင့် အာရုံအလွှဲမခံဖို့၊ အချိန်ဆွဲမခံဖို့၊ တော်လှန်ရေးဘက်မှာ SCEF ဦးဆောင်ကောင်စီဖွဲ့ပြီး လက်သွက်ခြေသွက်လှမ်းနေပြီလို့ ဦးမင်းကိုင်နိုင်က ဆိုပါတယ်။ အဲဒါတွေက စစ်တပ်ကို အနိုင်ယူရမယ့် အခွင့်အရေးလို့ သူက ဆက် ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ လေ့ကျင့်ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲ ဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး လေယာဥ်ပေါ်ပါတဲ့ စစ်သား၂ ဦးထဲက တစ်ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က ပြောထားပါတယ်။ ဩဂုတ် ၃ရက် မနက် အစောပိုင်းမှာ စစ်တပ်ရဲ့ တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းရေး လုပ်နေစဉ်မှာ ငှက်တစ်ကောင်နဲ့ တိုက်မိပြီး အင်ဂျင်ခန်းမီးလောင်လို့ ပျက်ကျခဲ့တာဆိုပြီးတော့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီတိုက်လေယာဥ်က ဗုံးကြဲဖို့ သွားတဲ့အချိန်မှာ အင်ဂျင်ခန်းမီးလောင်လို့ ပျက်ကျခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်အချို့က ပြောပါတယ်။ အရာရှိ လေယာဥ်မှူးက အရေးပေါ်ခလုတ်နဲ့ လေထီးဖွင့်ပြီး ခုန်ချတော့ အသက်ဘေးကလွတ်ပေမယ့် အမှုထမ်းကတော့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ People's Springက စုဆောင်းထားတဲ့အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ တိုက်လေယာဥ်တွေအပါအဝင် လေယာဥ်နဲ့ ရဟတ်ယာဥ်မျိုးစုံ အစီးရေ အနည်းဆုံး ၁၄ စီးကို တော်လှန်ရေးတပ်တွေကပစ်ခတ်ဖျက်ဆီးထားသလို၊ အကြောင်းအမျိုးမျိုးကြောင့်ပျက်ကျတဲ့ လေယာဥ်က ၈ စီးရှိနေပြီ ဖြစ်ပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴@ZayarTBZ 7.1News🍉 @ZayarTBZ 7 News #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ဒေသသတင်းရင်းမြစ် #ပြည်သူများဘေးကင်းကြပါစေ #zayartbz #မြန်မာသတင်း
ZayarTBZ 11 News
Region: TH
Tuesday 04 August 2026 09:10:39 GMT
Music
Download
Comments
Khun Pa-O :
တစ်စီးပျက်ရင် နောက်ထပ် အစီး ၂၀ ထပ်၀ယ်မှာပေါ့။ဘဏ္ဌာငွေက အစိုးရလက်ထဲမှာဘဲရှိတာကိုး
2026-08-04 09:19:40
21
U Zin U Zin :
လေယာဉ်ပျက်ကျတာကမဆန်းဘူး နိုင်ငံတကာမှာလဲပျက်ကျနေကြတာပဲ လေယာဉ်မှူးတွေမသေမပျောက်ဖို့ပဲအရေးကြီးတယ်
2026-08-04 13:49:26
6
UKyi Tin :
ထိုင်းထီပေါက်ပါစေ
2026-08-04 13:46:09
0
user6921161818362 :
လေယာဥ်အစီးထောင်ကျော်ရှိတယ်
2026-08-04 11:55:29
4
chit mone :
ပြည်ဖျက်မီဒီယာ
2026-08-04 11:58:59
4
shwe poe :
❤️❤️❤️❤️
2026-08-04 09:37:18
4
Paly boy koko👻 :
OK
2026-08-04 14:58:18
0
Moe Myint :
ဦးမင်းကိုနိုင်သက်ရှည်ကျန်းမာပီးဘေးကင်းလုံခြုံပါစေ🙏🙏🙏
2026-08-04 14:55:56
1
ukokogyi(Ever Smile) :
အမေစုနဲ့သတင်းဖုံးနေပီ
2026-08-04 15:30:11
0
t :
လေယာဥ်ကတစ်စီးဆိုတော့
2026-08-04 12:51:45
1
Su Pyae Yadanar :
👍👍
2026-08-04 14:17:44
0
Daw Tin Pu :
ဖုန်းလိုရသလား
2026-08-04 09:40:51
3
Rain :
2026-08-04 15:12:39
0
kokomg :
တသတ်လုံးပြော
2026-08-04 15:21:27
0
Ko Ko Naing :
2026-08-04 14:55:07
0
Khin Toe Mint :
လေယာဉ်ပျက်တာကိုရေးကြီးခွင်ကြယ်လုပ်ပြီးပြောနေကြတယ်လေယာဉ်မှူးနဲ့ပါလာတဲ့လူတွေဘာမှမဖြစ့်ဘိုအရေးကြီးတယ်လေယာဉ်အစီးတရာလောင်ပြန်ဝယ်လိုရတယ်နားလယ်လား
2026-08-04 14:27:05
0
NingTunAung :
2026-08-04 09:52:07
0
🌹Řõŝę🌹 :
👍👍👍
2026-08-04 12:16:46
0
Than Maung :
ငါတို့မှောဘီညောင်နှစ်ပင်ရွာနားမှာ
ဖြစ်တာပါတစ်ယောက်မှမသေပါဘူးဟ
2026-08-04 16:06:13
0
U Soe Thet :
မင်းကိုနိုင်ကိုမယုံနှင့်နော်
2026-08-04 14:39:37
1
Hnin :
2026-08-04 09:54:09
0
To see more videos from user @zayartbz11, please go to the Tikwm
homepage.