@sitisuhaibah287: #တပ်မ(၄၄)စစ်သားက ဖမ်းမိတဲ့ PDF ရဲဘော်ကို ထမီခြုံပေးပြီး ပစ်သတ်မယ်လို့ခြိမ်းခြောက် သြဂုတ် ၄၊၂၀၂၆။ဟာနာဆန်/People's Spring တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အခြေစိုက် အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် တမခ (၄၄)က စစ်ကောင်စီတပ်သားတစ်ဦးလို့ ယူဆရတဲ့ Ko Htet Ko Htet ဆိုတဲ့ Tiktok အကောင့်ပိုင်ရှင်ဟာ မနေ့က သြဂုတ် ၃ရက် ညပိုင်းက ၎င်းရဲ့ Tiktok ကနေ ရုပ်သံမှတ်တမ်းတစ်ခုတင်ခဲ့ပါတယ်။ အဲဒီရုပ်သံမှာ PDF ရဲဘော်လို့ယူဆရတဲ့ ပြောက်ကျားဘောင်းဘီဝတ် လူငယ်တစ်ဦးကို တိုင်မှာ လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးထားတာ တွေ့ရပါတယ်။ ခြေထောက်ကိုလည်း ကြိုးနဲ့တုပ်ထားပြီး ရဲဘော်ရဲ့ ခေါင်းပေါ်မှာ အမျိုးသမီးဝတ် ထမီတစ်ထည်ကို ခြုံပေးထားပါတယ်။ ရုပ်သံမှာလည်း "အမေ့သားဆိုတော့ ထမိန်ချုံပေးထားတာ"ဆိုတဲ့ စာသားကို စာလုံးပေါင်းသတ်ပုံအမှားနဲ့ ရေးထိုးထားပါတယ်။ အကောင့်ပိုင်ရှင်ဟာ ရဲဘော်ကိုဆဲဆိုနေပြီး မလိမ်ဖို့ ပြောဆိုနေတာ တွေ့ရပါတယ်။ ဒါ့အပြင် "မလိမ်လည်းသေမှာ လိမ်လည်းသေမှာ ငါ....သား။ မင်းကိုတော့ လိမ်စရာအကြောင်းမရှိဘူး ငါတို့က သတ်မှာ ဘာမှပြောမနေနဲ့ ငါကိုယ်တိုင်သတ်မှာ ဗိုလ်ကြီးအမိန့်ရတာနဲ့ သတ်မှာ။"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရှေ့မှာလည်း အခုလိုပဲ PDF ရဲဘော်တစ်ဦးကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရုပ်သံဖိုင်တစ်ခုတင်ထားတာတွေ့ရပြီး ငြိမ်ငြိမ်နေဖို့နဲ့ မနေရင် ပစ်ပစ်လိုက်မယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။ ၎င်းစစ်ကောင်စီတပ်သားဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ဇာတိဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ PDF ရဲဘော်ဟာ ဘယ်တပ်ရင်းတပ်ဖွဲ့ကဆိုတာတော့ မသိရသေးပါဘူး။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring @💕ကိုကိုရဲ့ညီမလေး💕👬
💕ကိုကိုရဲ့ညီမလေး💕👬
Region: MY
Tuesday 04 August 2026 09:25:01 GMT
Music
Download
Comments
အားဒီး :
အလိုပြောခံရတဲ့ခံစားချက်ကြီးကြောက်စရာကြီနော်မလိမ်လဲသေမာလိမ်လဲသေမာတဲ့😭
2026-08-21 09:25:58
2
Kofighter :
😡
2026-08-22 02:38:54
1
zawzaw :
😡😡😡
2026-08-04 09:46:23
0
♥Hein Satt Naing3622❤ :
😏
2026-08-21 16:18:58
0
To see more videos from user @sitisuhaibah287, please go to the Tikwm
homepage.