@homeland.news.mm: ပြည်ထောင်စု မပြိုကွဲရေးမူကို စောင့်ထိန်းမယ်လို့ UWSA ပြော အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA/UWSP) တို့ဟာ ဩဂုတ်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နေကြပါတယ်။ ဒီတွေ့ဆုံပွဲကို UWSA ဘက်က ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ ၁၇၁ စစ်ဒေသ နိုင်ငံရေးမှူး ဦးထင်ဆမ်ရုန်း၊ တပ်မဟာ ၄၈၅ တပ်မဟာမှူး ဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈ နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူ၊ ဒုတိယစစ်ဦးစီးမှူး ဦးလီကော်ဖျင်နဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးကျောက်ညီရမ်းတို့ တက်ရောက်ခဲ့ကြတာပါ။ ဆွေးနွေးပွဲမှာ UWSA ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက “ ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ အခြေခံမူကို တစ်စိုက်မတ်မတ် စောင့်ထိန်းပြီး ပြည်ထောင်စုစနစ်အတွင်းကနေ နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ စီမံချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခဲ့ပြီးနောက် အဖွဲ့ ၁၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ #UWSA #UWSP #ငြိမ်းချမ်းရေး #စစ်တပ် #တပ်မတော်
Homeland News Agency
Region: TH
Tuesday 04 August 2026 09:56:52 GMT
Music
Download
Comments
Aung Lay :
2026-08-04 10:44:44
1
မောင်အုန်း :
သတင်းကြေငြာသူ ဝကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဟုပ်ဖူးလါး ရှမ်းပြည်နယ်ပါ
2026-08-04 11:08:26
1
Vivo :
2026-08-04 15:34:20
0
မျိုးချစ် :
ဟုပ်ပါတယ်ဘယ်နယ်ဝပြည်လိုပြော်နေတာလဲရှမ်းပြည်နယ်ကိုပိုင်အုပ်ချုပ်ခွင်ရဒေသပါပြည်နယ်မဟုပ်ပါ
2026-08-04 11:52:10
1
K yaw :
🥰🥰🥰🥰👍👍👍👍👍
2026-08-04 13:18:14
0
Aung Lay :
🤝
2026-08-04 10:44:30
0
To see more videos from user @homeland.news.mm, please go to the Tikwm
homepage.