@usoe351: စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ (၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။ စကားကို လက်လွတ်စပယ် မပြောပါနဲ့။ ခံစားတတ်တဲ့ ဝေဒနာဆိုတာ လူတိုင်းမှာ ရှိပါတယ်။ (၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကားတာမျိုး မပြုလုပ်ပါနဲ့။ လေးစားမှုဆိုတာ လူတိုင်းနဲ့ ထိုက်တန်သလို မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။ (၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့ တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။ မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်အရေးသမားကို လူတိုင်းက ရွံမုန်းကြပါတယ်။ (၄) ဘယ်လောက်ပဲ အလကားရနေပါစေ။ မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာတရားဆိုတာ မွေးမြူသင့်ပါတယ်။ (၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့ ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။ (၆) ဘယ်လောက်ပဲ ရိုးသားတဲ့သူကို တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက် အသုံးမချပါနဲ့။ ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်ပါဘူး။ (၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။ ဒီကနေ့ အင်အားကြီးမားသူဟာ နောင်တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။ သံသရာဆိုတာ လည်ပတ်နေပါတယ်။ (၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်ကျင်ဘက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။ အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။ (၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက်နေပါစေ တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့ အလွယ်တကူ မှတ်ချက်မပေးပါနဲ့။ နောက်ခံ အခြေအနေဆိုတာ တသမတ်တည်း ရရှိနိုင်တာ မဟုတ်လို့ အရည်အချင်းတွေ ကွဲပြားနေတာကို သတိပြုမိပါစေ။ (၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု၊ အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူတစ်ပါး ကြိုက်နှစ်သက်တဲ့အရာတွေကိုတော့ ကဲ့ရဲ့ ရှုတ်ချပြီး သင်ကြိုက်တဲ့အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့ မဖြစ်သင့်ပါ။ #crdစာသား fyppppppppp #####U Soe မှမေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
U Soe
Region: MM
Tuesday 04 August 2026 13:54:06 GMT
Music
Download
Comments
monmonkyi :
အတုယူလေးစားထိုက်ပါတယ်
တန်ဖိုးမဖြတ်နိုင်တဲ့စာသားလေးပါ
2026-08-15 00:01:18
6
Thidar Swe :
အသိတရားရစေတဲ့အတွက်ကျေးဇူးပါ
2026-08-27 02:31:13
1
War War :
အကြိမ်ကြိမ်တောင်းပန်ခဲ့ပါတယ်၊အချစ်ကြောင့်လို့မထင်နဲ့၊တောင်းပန်သင့်ထင်လို့
2026-08-04 17:49:52
1
U Soe Shwe :
ဒီစာလေးဖတ်ရလို့ဝမ်းသာပိတိဖြစ်မိပါတယ်စာရေးသူကေိးဇူးအထူးတင်ရှိပါသည်
2026-08-24 01:50:02
1
San San :
မှန်ပါတယ်ဆရာ
2026-08-26 08:19:24
1
Moe Kyaw :
စာသားလေးတွေကမှတ်သားစရာလေးပါနော်ကျေးဇူးတင်ပါတယ်👍👍👍
2026-08-24 05:31:02
1
Ukoko Lin :
အရမ်းတန်ဖိုးရှိတဲ့စကားစုတွေပါလူတိုင်းဖတ်သင့်ပါတယ်
2026-08-16 03:06:26
1
ThanThanNwet :
ဟုတ်ကဲ့ဒီစာလေးကိုလေးစားစွာဖြင့်ပြီးဆုံးအောင်ဖတ်ရှုလိုက်ပါတယ်ရှင်
2026-08-27 10:00:46
1
bowtaw191 :
တသက်စာမှတ်သားထားပါ့မယ်နော်ပြည်သူ့နီတိတွေတင်ပေးလို့ကျေးဇူးအထူးတင်ရပါတယ်
2026-08-18 03:39:16
2
ကဗျာ :
2026-08-21 11:43:55
1
Ei Ei :
ဟုကဲ့ပါ
2026-08-20 13:15:31
1
Kyaw Kyaw Naing :
ကျေးဇူးတင်ပါတယ်
2026-08-14 05:46:10
1
user6622212415252ko soe :
မှတ်သားလိုက်နာပါမယ်🥰😁😳
2026-08-16 23:55:21
1
zinmohmohlwin :
မှတ်သားထားပါ့မယ်
2026-08-17 15:00:49
1
မစိုးစိုးနွယ်ရဲ့ယောက်ျား :
ကောင်းလိုက်တဲ့စာသားတွေ
2026-08-20 12:15:23
1
u Aung Tin Soe@123456689###### :
တန်ဖိုးရှိတဲ့လူမှုကျင့်ဝတ်များကိုဖတ်ရှုမှတ်သားရလို့ကျေးဇူးများစွာတင်ရှိပါတယ်ခင်ဗျာ
2026-08-16 02:58:49
1
Lutt :
ဆရာအောင်သင်းပြောသောလူ့ကျင့်ဝတ်များ
တန်ဖိုးရှိလှသောစာလေးပါ
ရှာဖွေတင်ပြမှု့အတွက်ကျေးဇူးပါ
U Soe
🥰🥰🥰
2026-08-04 15:16:24
5
Ye Naing :
တကယ်မှန်တယ်နော်
ဆရာကြီးက
အမျော်အမြင်ကြီးစွာနဲ
လူလောကမှာတကယ်ဖြစ်ပျက်နေတာတွေ
ရေးပေးခဲတာ
2026-08-17 17:30:32
1
Khaing Zar :
အရမ်းကောင်းတဲ့စာပေလေးတွေလက်တွေ့လူ့လောကအသိုင်းအဝိုင်းတွေမှာလည်းအဲ့လိုလူစုံကြုံတွေ့ဖူးတာမို့စာထဲမှာပဲရှိတာမဟုတ်ဘူးအရမ်းမှန်ပါတယ်ရှင်👍👍👍👍👍
2026-08-06 05:15:49
2
Daw Nu :
သူတပါးထိခိုက်နစ်လာတော့လဲကိုယ့်မာအကျိုးမရှိအကျိုးယုတ်တာပဲကိုယ်ချင်းစာတရာနဲ့နေပါတယ်ရှင်🙏🙏🙏🥰🥰🥰
2026-08-16 07:09:50
1
Daw Aye Aye Myint :
ဆရာကြီးရဲ့စာသားများကိုပြန်မျှဝေပါရစေရှင်လေးစားလျှက်
2026-08-06 04:02:05
1
😀 Kaia 769 :
အားလုံးက အမှား အမှန်သိအောင် စာပေဖတ်သင့် ဆရာကြီးလေးစားတယ် စာပေဖြင့် နိုင်ငံဖွဲ့ဖြိုးတိုးတက်အောင် လူငယ်တွေ မှာတာဝန်ရှိ သိ လို။
2026-08-24 21:07:48
2
Win Taung :
အမှန်ပါပဲလေ
2026-08-25 04:18:38
1
khinmar :
မဂ်လာပါရှင်👍👍👍
စာပေနဲပတ်သက်သမျှအားလုံးကလူသားတိုင်းအတွက်အကျိုးရှိစေလို့၊🥰🥰🥰🥰တန်ဖိုးထားလေးစားရမါသော🥰🥰🥰🥰🥰စာပေမိတ်ဆွေ
2026-08-08 07:03:01
1
Yee Yee Lay :
အဲဒီအပြုအမူမျိုးတွေကိုတစ်ခြားသူတွေဆီတွေ့ရင်မနှစ်သက်သလိုမိမိကိုယ်၌မှာလဲမရှိအေ။င်မပြုမူမိအောင်အတတ်နိုင်ဆုံးထိန်းသိမ်းကြရမှာပါ
🥰🥰🥰🥰🥰🥰🥰🥰
2026-08-05 13:23:34
4
To see more videos from user @usoe351, please go to the Tikwm
homepage.