@phyuphway.1992: . ✨ ​ဧည့်သည်သုံးယောက် ~~~~~~~~~~~~~~~~~~~~~ ​ဒီ ခန္ဓာကိုယ်ကြီးဟာ ဇရပ်ကြီးနဲ့ တူတယ်။ ဒီခန္ဓာကိုယ် ဇရပ်ကြီးပေါ်မှာ ဘယ်လိုဧည့်သည်တွေဟာ ရောက်ရောက်လာပြီးတော့ တည်းခိုကြသလဲ၊ ပြီးရင် ပြန်လည် ထွက်ခွာသွားကြသလဲဆိုတာ မြင်အောင်ကြည့်ရမယ်။ . ​💢 ​ဝေဒနာဆိုတာ ဧည့်သည် ​ခန္ဓာဇရပ်ပေါ်မှာ ခံစားချက် ဝေဒနာတွေ ရောက်ရောက်လာတယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ... ဒီဝေဒနာတွေဟာ ခန္ဓာဇရပ်ပေါ်မှာ အမြဲနေလို့မရဘူး၊ ခဏတည်းခိုပြီး ပြန်ထွက်သွားကြတဲ့ ဧည့်သည်တွေသာ ဖြစ်တယ်။ . 💢 ​စိတ်ဆိုတာလည်း ဧည့်သည် ​ရာဂနိဿိတစိတ်၊ ဒေါသနိဿိတစိတ်၊ မောဟနိဿိတစိတ်... စိတ်ဆိုတာလည်း ခန္ဓာဇရပ်ပေါ် ရောက်လာပြီး ပြန်ထွက်သွားတဲ့ ဧည့်သည်ပဲ။ စိတ်ဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါ၊ သူ့ကိုလည်း ဧည့်သည်လို့ပဲ သဘောပေါက်ခိုင်းတာ။ . 💢 ​ကိလေသာဆိုတာလည်း ဧည့်သည် ​လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတရားတွေဟာလည်း မူလစိတ်မှာ မရှိဘူး၊ အာရုံနဲ့တွေ့လို့ ခဏဝင်လာတဲ့ ဧည့်သည်တွေပါ။ ​. ​ *** ဧည့်သည်ကို ဧည့်သည်မှန်းမသိရင် အိမ်ရှင်လုပ်ချင်လာလိမ့်မယ်။ ဧည့်သည်ကို ဧည့်သည်မှန်း သိရင်တော့ သက္ကာယဒိဋ္ဌိ ပြုတ်လိမ့်မယ်။ ။ . 🪷 အရှင်ဥတ္တမ 🪷 သစ္စာရွှေစည်ဆရာတော် . ​သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ ၏ "ဧည့်သည်သုံးယောက်" တရားတော်မှ ကောက်နုတ်မျှဝေ ပူဇော်ပါသည်။ #သစ္စာရွှေစည်ဆရာတော် #အရှင်ဥတ္တမ #ဧည့်သည်သုံးယောက်တရားတော် #တရားတော် #တရားအသိဖြင့်ဘဝတွေအေးချမ်းကြပါစေ ❣ Sai Htwe 🙏🏻🙏🏻🙏🏻

Phyu Phway
Phyu Phway
Open In TikTok:
Region: MM
Wednesday 05 August 2026 00:27:09 GMT
4579
462
10
22

Music

Download

Comments

btt4844
BTT :
သာဓု သာဓု သာဓု
2026-08-06 03:02:57
0
bokhaykyi
ခေတ်သစ် :
2026-08-14 04:57:32
0
kyawsoeh52
Hein :
💐💐💐🙏🏻🙏🏻🙏🏻🙏🏻🙏🏻🌷🌹
2026-08-05 04:13:24
1
aspirex8
❣ 🅼🅾🅴 🅼🆈🅸🅽🆃 ❣ :
🙏🙏🙏
2026-09-09 13:36:08
0
sh.sabal.hlaing0
Indra Aung👸 :
🙏🙏🙏🙏🙏🙏🌸🌸🌸🌸🌸
2026-08-29 07:56:21
0
user46562669693127
Sunflower 93127 :
🙏🙏🙏
2026-08-06 10:27:41
0
htakehtar38
Htake Htar Ķhin :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-08-05 07:58:37
1
khaing.mar.oo150
khaing mar oo :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-05 01:08:12
2
user39826065339355
ကျော်ဇင် ❤️‍🩹 👤 🎧 :
🙏🙏🙏
2026-09-14 11:58:31
0
To see more videos from user @phyuphway.1992, please go to the Tikwm homepage.

Other Videos


About