@zayartbz7news: မဲဆောက်တွင် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို နိုင်ငံမဲ့ ၁၀ နှစ်ခံမှတ်ပုံတင်ကတ်များ ထုတ်ပေးသည့် ကွန်ရက်ကို ထိုင်းအာဏာပိုင်များ ဖြိုခွင်းပြီး ၁၁ ဦး ဖမ်းဆီး ရန်ကုန်၊ ဩဂုတ် ၄ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများကို တရား မဝင် နိုင်ငံမဲ့ မှတ်ပုံတင်ကတ်များ ထုတ်ပေးနေသည့် ကွန်ရက်ကို ထိုင်းအာဏာပိုင်များက အထူးစစ်ဆင်ရေးဖြင့် ဖြိုခွင်းခဲ့ရာ သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် လူဦးရေမှတ်ပုံတင်အရာရှိဟောင်း၏ လက်ထောက်တစ်ဦးကို ဆက်လက်လိုက်လံဖမ်းဆီးနေကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၄ ရက် နံနက် ၁၀ နာရီခွဲတွင် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျက်ဆဒါး ထိုင်းဆက်နှင့် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆမ်ရန် နွမ်မာတို့ ဦးဆောင်ကာ “တရား မဝင် ၁၀ နှစ်ကတ် ဖြိုခွင်းစစ်ဆင်ရေး” ကို မဲဆောက်မြို့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ဆင်ရေးတွင် ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန (DOPA)၊ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ (PACC)၊ တာ့ခ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ဆင်ရေးသည် ယခင်က ဆူရတ်ဌာနီခရိုင်တွင် ဆောင်ရွက်ခဲ့သည့် “Closing Shadow” စစ်ဆင်ရေးမှ ရရှိခဲ့သော သတင်းအချက်အလက်များကို အခြေခံကာ ဆက်လက်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရသူ နိုင်ငံခြားသားအများစုမှာ မဲဆောက်ဒေသမှ လာရောက်သူများဖြစ်ကြောင်း စုံစမ်းတွေ့ရှိခဲ့သည်။ ထို့အပြင် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) သည် မဲဆောက်မြို့ စည်ပင်သာယာရေးရုံး လူဦးရေမှတ်ပုံတင်ဌာနမှ လက်ထောက်မှတ်ပုံတင်အရာရှိတစ်ဦးက မြန်မာများနှင့် နိုင်ငံခြားသားများကို ဥပဒေနှင့်မညီဘဲ မှတ်ပုံတင်ကတ် ၂၀၀ ခန့် ထုတ်ပေးခဲ့သည်ဟု တိုင်ကြားစာကိုလည်း လက်ခံရရှိခဲ့သည်။ တာ့ခ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ မှတ်ပုံတင်မရှိသူများအတွက် နိုင်ငံမဲ့ မှတ်ပုံတင်ကတ် ပြုလုပ်ပေးရာတွင် တစ်ဦးလျှင် ဘတ် ၄၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ငွေကြေးတောင်းခံခဲ့ပြီး လူပေါင်း ၇၀၀ ကျော်ကို ယင်းနည်းလမ်းဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း တိုင်ကြားမှုများလည်း ရှိခဲ့သည်။ ကနဦးစစ်ဆေးမှုတွင် တရားမဝင် ၁၀ နှစ်ခံ မှတ်ပုံတင် ကတ် ရရှိထားသူ ၁၂ ဦးကို တွေ့ရှိခဲ့ပြီး၊ ၎င်းတို့၏ မျက်နှာအမှတ်အသားနှင့် လက်ဗွေများကို လူဝင်မှုကြီးကြပ်ရေးဌာန၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးရာ အားလုံးမှာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ ၁၀ နှစ်ခံမှတ်ပုံတင် ထုတ်ပေးခဲ့သည့် အစိုးရဝန်ထမ်း ၃ ဦး၊ သက်သေခံအိမ်ရှင် ၂ ဦးနှင့် အထောက်အထားအတုအသုံးပြုသည့် မြန်မာနိုင်ငံသား ၁၂ ဦး စုစုပေါင်း ၁၇ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် တာ့ခ်ခရိုင်တရားရုံးက ဖမ်းဝရမ်း ၁၃ ခုနှင့် ရှာဖွေဝရမ်း ၁၇ ခု ထုတ်ပေးခဲ့ပြီး၊ စစ်ဆင်ရေးအတွင်း မဲဆောက်မြို့ စည်ပင်သာယာရေးရုံး လက်ထောက်မှတ်ပုံတင်အရာရှိ ၁ ဦး၊ စည်ပင်ဝန်ထမ်း ၁ ဦး၊ သက်သေခံအိမ်ရှင် ၂ ဦးနှင့် မြန်မာနိုင်ငံသား ၇ ဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသူမှာ လူဦးရေမှတ်ပုံတင်အရာရှိဟောင်း၏ လက်ထောက် “ကစ်” ဖြစ်ပြီး၊ ၎င်းကို ၂၀၂၅ ခုနှစ်တွင် အဂတိလိုက်စားမှုဖြင့် အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူကာ ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ၎င်း၏ဇနီးသည်သည် ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များထံ စစ်လက်နက်များ မှောင်ခိုပို့ဆောင်သည့်အမှုတွင် သံသယရှိသူအဖြစ် ဖမ်းဆီးခံခဲ့ရပြီး RPG-7 ဒုံးကျည်များ၊ ၈၁ မီလီမီတာ မော်တာကျည်များနှင့် ၅.၅၆ မီလီမီတာ ကျည်ဆန်များအပါအဝင် စစ်လက်နက်အမြောက်အမြားကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ဆင်ရေးအတွင်း နိုင်ငံကူးလက်မှတ် ၃ အုပ်၊ ၁၀ နှစ်ခံ ကတ် ၅ ကတ်၊ အိမ်ထောင်စုစာရင်း ၄ အုပ်၊ အလုပ်လုပ်ခွင့်လက်မှတ်၊ ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ပန်းရောင်မှတ်ပုံတင်ကတ်၊ မြန်မာနိုင်ငံသားကတ်၊ Border Pass၊ မိုဘိုင်းဖုန်းများ၊ လက်ပ်တော့ကွန်ပျူတာနှင့် USB Flash Drive များကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများအရ မဲဆောက်မြို့ လူဦးရေမှတ်ပုံတင်ရုံးအတွင်း နိုင်ငံ ခြားသား အလုပ်သမားများကို ၁၀ နှစ်ခံ ကတ်များ ထုတ်ပေးကာ ကွန်ရက် တစ်ခု ဖွဲ့စည်းလှုပ်ရှားနေသည့် လက္ခဏာများကို တွေ့ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသည့် ကွန်ရက်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက သတင်း ထုတ်ပြန်ထားသည်။@ZayarTBZ 7.1News🍉 @ZayarTBZ 11 News

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Wednesday 05 August 2026 02:22:14 GMT
34944
1733
2
29

Music

Download

Comments

usoe2351
U Soe :
Hi
2026-08-05 04:40:07
0
user756783517
Ko Ko :
😘😘😘
2026-08-05 03:09:10
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About