@myanmar_now: "ယူကရိန်း လမ်းဘေးဈေးသည်ကို ရုရှား ဒရုန်းဖြင့် တိုက်ခိုက်မှု ဇယ်လန်စကီး ပြင်းထန်စွာ ရှုတ်ချ" ယူကရိန်းနိုင်ငံ တောင်ပိုင်း ခဲဆွန် (Kherson) မြို့က လမ်းဘေးဈေးတစ်ခုမှာ ဟင်းသီးဟင်းရွက် ရောင်းချနေတဲ့ အမျိုးသားတစ်ဦးကို ရုရှား FPV ဒရုန်းတစ်စင်းက လိုက်လံတိုက်ခိုက်တဲ့ ရုပ်သံ ထွက်ပေါ်လာပြီးနောက်၊ ဒါဟာ ယူကရိန်း အရပ်သားတွေကို ရုရှားဘက်က စနစ်တကျ အမဲလိုက် သတ်ဖြတ်နေခြင်းဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာတော့ FPV (First-Person View) ဒရုန်းတစ်စင်းက အမျိုးသားတစ်ဦးကို အနီးကပ် လိုက်လံတိုက်ခိုက်နေတာကို တွေ့ရပါတယ်။ အသက်လွတ်ဖို့ ကြိုးစားရင်း အဲဒီအမျိုးသားဟာ ကားတစ်စီးရဲ့ နောက်ဘက်ကို ဝင်ရောက် ပုန်းအောင်းခဲ့ပေမယ့်၊ ဒရုန်းက သူရှိတဲ့နေရာအထိ တည့်တည့်ပျံသန်းလာပြီး ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် အသက် ၅၂ နှစ်အရွယ် အမျိုးသားဟာ ဗုံးအစအန ထိမှန်ဒဏ်ရာတွေ၊ မီးလောင်မှုကြောင့် အရေပြားပွန်းပဲ့ဒဏ်ရာတွေနဲ့ ဦးခေါင်းဒဏ်ရာတွေ ရရှိခဲ့ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ခဲဆွန်ပြည်နယ် အုပ်ချုပ်ရေးမှူး အိုလက်ဆန်းဒါး ပရိုကူဒင်က Telegram မှာ ထုတ်ပြန်ထားပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားက "ကျွန်တော် ထီးတွေထောင်ပြီး ကုန်ပုံးတွေကို အပြင်ထုတ်နေတုန်းပါ။ ကျွန်တော့်ဇနီးလည်း အဲဒီမှာရှိနေတယ်။ အဲဒီအချိန်မှာ ဝီစီသံလိုမျိုး ဒရုန်းသံကို ကြားလိုက်ရတာပါ" လို့ ပြောဆိုထားပါတယ်။ #news #internationalnews
Myanmar Now
Region: TH
Wednesday 05 August 2026 05:49:02 GMT
Music
Download
Comments
Ko Wai Yan :
ရုရှာအာဏာရှင်တွေကအမတန်အောက်တန်ကျယုတ်မာကြတယ်
2026-08-05 06:35:32
509
Daniel Ackerman🧣 :
Russiaတို့Sကျင့်🥀 ukraineရဲ့အစိုးရရုံးတွေစစ်ဖက်ဆိုင်ရာရုံးတွေတိုက်ခိုက်မယ်မရှိဘူး လမ်းဘေးစျေးသည်မှသွားတိုက်ခိုက်တယ် နည်းတဲ့ဇမဟုတ်ဘူး
2026-08-05 06:49:04
82
Toke373 :
ယူကရိန်းကနေ ဒရုန်းတွေနဲ့ ရုရှရဲ့စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ဝင်တီးတုန်းက ကျ အသံမထွက်ကြဘူး
2026-08-05 07:30:05
61
rainforest1283 :
ရုရှားကလုပ်မယ်ဆိုရင် တစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်ချက်ချက်ရှိလုပ်နေမလားဟ။ဒရုန်းတစ်စင်းရဲ့တန်ကြေးအကုန်ကျခံပြီး အရပ်သားတွေကိုရည်ရွယ်တယ်ဆိုရင်တောင် အုပ်စုလိုက်ထဲပစ်ထည့်မှာပေါ့😏။
2026-08-05 07:05:56
56
မင်းရဲကျော်စွာ :
ဒါလေးများ ငါ့တို့မြန်မာပြည့်မှာဆိုအပ်တိုတချောင်းမရှိတဲ့ သံဃာ ၁၀၀ ကျော် ဆရာဆရာမ ၁၀၀ ကျော်တောင် အလုပ်ခံရသေးတယ်
2026-08-05 12:01:51
4
JerAx :
war crime
2026-08-05 09:04:44
0
K🤍M(pharmacist) :
ရုရှားမဖြစ်နိုင်ယူကရိန်းဘဲဖြစ်နိုင်ပါတယ်
2026-08-05 10:16:56
3
Koko Latt :
myanmar now ဆို
ယုံကို မယုံတာ
2026-08-05 09:03:07
4
ko naing :
စစ်ရေး ပစ်မှတ်မဟုတ်တဲ့ စျေးသည်ကိုတိုက်ခိုက် နေတာ မင်းအောင်လှိိုင်နဲ့ တစ်ပုံစံတည်း အာဏာရှင်ကောင်တွေ
2026-08-05 12:02:38
1
Kavan Otic :
မြန်မာပြည်နဲ့ တူနေသလို😎
2026-08-05 08:20:24
5
Ko Ye :
ယူကရိန်းကကိုပသာလုပ်ပြီးချပြတာမဟုတ်ဘူးလား
ထူးစမ်းနေလို့ပါ ဒရုံးဆိုတာအသေပဲရှိတာ အခုဟာကအပေးတဲ့ဗုံးဆိုတော့ ဗလာဗုံးလား
2026-08-05 07:23:47
7
ဗိုလ်အောင်ဒင် :
ရုရှားက ယူကရိန်းကို မနိုင်တာက စဥ်းစားစရာပါပဲ 😆😂😆😂😆😂😆😂
2026-08-05 07:42:07
5
su su :
ယုတ်မာတာချင်း တူတယ်
2026-08-05 07:09:14
8
♊🌪️C💨♊ :
ဒါတော့ရုရှားမတရားဘူး
2026-08-05 06:45:24
6
Ko Zay Yar & Ko Htut :
😳😳😳😳
2026-08-05 08:22:13
1
J J k :
သေသေချချာ ချိန်ရွယ် ပစ်ပြီးမှ မသေဘူးဆိုတော့ စဉ်းစား စရာပဲ ဒရုန်းက ကော်သီးနဲ့ပြစ်တာလား
2026-08-05 09:40:56
1
TheKingAppleKing :
နယ်မြေ တပတ်ကို ၁-၃ကီလိုမီတာရတယ်ရုရှားက ကိဗက်ကိုသိမ်းဖို့ အနှစ်ကိုးဆယ်လိုမယ်
2026-08-05 09:04:01
0
htet htet :
အဲ့ဒိDrone က ရုရှDrone ပါလို့ ဘယ်သူပြောနိုင်လို့လဲ။ ရုရှတွေပဲ Droneသုံးတာ မဟုတ်ဘူးလေ။ ယူက ရိန်းတွေမှာလဲ Droneသုံးနိုင်တာပဲ။ ဒီမြင်ကွင်းရဖို့ Video တေင် အသေအချာ ရိုက်ထားနိုင်သေးတယ်ဆိုတော့ ဒါက ရုရှရဲ့တိုက်ခိုက်မှုဆိုတာထက်၊ စစ်ပွဲကို အခွင့်ကောင်းယူပြီး အချင်းချင် ပုဂ္ဂလိကရန်ညှိုးနဲ့ လုပ်တာမျိူးက ပိုဖြစ်နိုင်တယ်။ ရုရှဘက်က ကာပြီးပြောပေးတာ မဟုတ်ဘူးနော်။ လက်နက်မပါတဲ့သူဆိုတာ သိသိကြီးနဲ့ ဒီတစ်ယောက်ထဲကို အညှိုးတကြီးနဲ့ ရွေးပြီး လိုက်တိုက်ခိုက်နေတာဆိုတော့ ဒါက အချင်းချင်း ရည်ရည်ချက်ရှိရှိ လူသတ်မှုကျူးလွန်တာမျိူး ဖြစ်နိုင်တယ်။
2026-08-05 09:16:23
5
♒️Zar Ni Thway♒️ :
သတင်းကိုသေချာကြည့်ကြအုန်း။ သူလည်းအဖွဲ့ဝင်ဘဲ။ သတင်းကိုတစ်ဖက်ပိတ်မကြည့်နဲ့။ အကုန်လံုးလိုက်ကြည့်ပြီးမှပြောတာ။
2026-08-05 07:12:34
9
badboy :
ပြောတော့ ယူကရိန်းက Drone တေနဲ့ ရုရှားကိုတိုက်ခိုက်နေတာဆို အခုက ဘယ်လိုဖြစ်တာလဲဟ
2026-08-05 08:53:06
3
ko htun :
ပြန်ရှင်းပြပေးတာကျေးဇူးပါ
2026-08-05 07:14:03
2
Sam Law :
ယုတ်မာလိုက်တာနော်
2026-08-05 08:00:47
1
ဂျူလေး :
ရရှားကိုလုံးဝရှုံးချပါတယ်
ပြည်သူကိုပြစ်မှတ်ထားတာ မြန်မာပြည်က
အာဏာရှင်တွေးးနဲ့တူတယ်
2026-08-05 12:33:40
0
To see more videos from user @myanmar_now, please go to the Tikwm
homepage.