@user9753230037153: #မေမြို့မှာ မိုးသည်းထန် ရွာပြီး ရေကြီး၊ တောင်ကျရေတွေ ပုသိမ်ကြီး ဆည်တော်လေးနဲ့ အုန်းချော ဘက် စီးလာ၊ ဒေါ်လာ/MFP၊ မေ - ၄ မန္တလေးတိုင်း မေမြို့မှာ မေလ ၄ရက် ဒီကနေ့ မနက်ပိုင်း မိုးသည်းထန် ရွာသွန်းကာ ရေကြီးပြီး တောင်ကျရေတွေပါ စီး လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မေမြို့ သုံးတောင်နဲ့ ကျင်ဂနိုင်ရွာတွေဘက်မှာ မိုးရွာ၊ ရေကြီးလို့ တောင်ကျရေတွေ စီးတာလို့ ဆိုပါတယ်။ အဲ့ဒီ တောင်ကျရေတွေဟာ ပုသိမ်ကြီးမြို့နယ် ဆည်တော်လေး နဲ့ မေမြို့ - မန္တလေးလမ်း ၁၆ မိုင်ဂိတ် အနီးက အုန်းချောရွာ ဘက်ကို စီးလာလို့ ဒေသခံတချို့ ရေဘေးလွတ်ရာ ရှောင်နေရ တယ်လို့ ဆိုပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူနဲ့ တယ်လီ ဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #MFP #နွေဦးတော်လှန်ရေး ကေး
MANDALAY.THU
Region: MM
Wednesday 05 August 2026 09:51:28 GMT
Music
Download
Comments
မြတ်သောခင် :
ဟယ် ပြင်ဦးလွင် မှာ မိုးမကြီးပါဘူး မို့လေးတဖွဲဖွဲတနေကုန်ရွာတာ 😂😂အဲ့လောက်ကြီးတော့ အိုဗာတင်းတွေ မဖျော်ပါနဲ့
2026-08-05 11:53:58
90
saiaungsaiaung04 :
ငါ ဒီနားနေတာပါ မိုးကဒီနေ့မှရွာတာ ရေမကြီးပါဘူး အများစိတ်ဒုက္ခရောက်အောင် အဟောင်းတွေမတင်ပါနဲ့
2026-08-05 12:35:31
32
ကိုကို :
ဒီလက ဩဂုတ် လ လေကွာ ဘယ်တုန်းက မေ ၄ လည်းးးး၊ ပြည်သူလူထု ကိုသတင်းအမှားတွေနဲ့ ကြောက်လန့်အောင်မလုပ်စေချင်ပါ၊
2026-08-05 11:28:07
31
Zaramula 2024 :
Oh... my goodness.
2026-08-05 18:51:43
0
Chit Htwe :
မြေို့မှာက အဲ့လောက် မိုးမကြီးပါဘူးဟ တနေကုန်တော့ ရွာတယ် မိုးမများပါဘူး အရင်က video တွေ ထင်တယ်
2026-08-05 11:46:21
17
🌻🌻Phu🌻🌻 :
အရင်video မဟုဘူးလား
2026-08-05 12:30:05
1
🙎♀️ Zin Mo Mo Tun 🙍♀️ :
လူတေက ပရမ်းပတာအရမ်းလုပ်တယ်
2026-08-05 13:49:22
3
Julay :
အဟောင်းကြီး
2026-08-05 11:58:16
6
Thet.Mon.Khaing :
ငါအုန်ချောနေတာပါမဟုက်ပါဘူးဟယ်မိုးကြီတောင်မရွာပါဘူးနဲနဲပဲရွာတယ်
2026-08-05 13:17:29
6
🌷🐏✨ :
လန့်သွားတာပဲ
2026-08-05 12:16:43
2
U Min :
အရင်နှစ်ကဟာတွေပါ
2026-08-05 13:24:39
3
healthtipsmyanmar2 :
အရင်vdတွေ ပြန်မတင်ကြနဲ့လေ
2026-08-05 12:02:43
4
𝐊 𝐇 𝐈 𝐍 🔮♍ :
ဒီနေ့ ၅ရက်နေ့လေ ဘယ်နှယ့်😂 မနေ့ကမိုးလဲမရွာပါဘူးဟ
2026-08-05 14:15:31
1
myat.mon.san5 :
ပြင်ဦးလွင်မှာမိုးအဲ့လောက်မရွာပါဘူးအေ
2026-08-05 12:48:41
2
aungsoemoe :
အုန်းချော ဆည်တော်လေးနဲ့
မတရာ ဆည်တော်ကြီး
မတူပါဘူးဗျာ
2026-08-05 11:26:20
5
moe Thwe :
သစ်တောတွေခုတ်တောပြနြ်းခြင်းရဲ့အကျိုးဆက်
မြို့ရွာတွေတိုးချဲ့တိုင်းသစ်တောတေခုတ်အနီးစခန်းလေယာဥ်ကွင်းတိုးချဲ့တော့အနီးကသစ်တောတွေခုတ်ရတာ်အပေါ်ယံမြေညှိရင်းရေထိန်းနိုင်တဲ့အပက်တေမရှိမြေသားအကာအကွယ်မဲ့ရင်တောက်ကျရေကပိုဆိုးပါတယ်
2026-08-05 11:11:38
6
shine min :
ဘယ်ခုနှစ်ကလည်း 😅
2026-08-05 14:12:14
1
La Min Htun :
ရေကူးလို့အကောင်းဆုံးအနေထားပဲရေကတော့
2026-08-05 14:17:49
1
Daw Than Than Yee :
မနှစ်ကဟာကြီး ပါနော် ပြင်ဦးလွင်မိုးဖွဲဘဲရှိပါသေးတယ်
2026-08-05 14:31:27
2
🌻Oriana🌻(နေရောင်ခြည်လေး)🌞 :
ဟာ လူတွေရယ် အဟောင်းတွေပြန်မတင်ပါနဲ့ ပြည်သူတွေမှာ ရင်တထိတ်ထိတ်နဲ့ ကျီးလန့်စာစာဖြစ်နေတာ
2026-08-05 13:19:34
5
၄ရက်နေ့ကမှမန်းလေးကပြန်လာတာလမ်းမှာဘာမှမရှိပါဘူး
2026-08-05 12:15:47
2
အန်ကယ်ကြီး :
5-8-26
မနေ့ညတည်းကရွာတဲ့မိုး ခုညနေ6နာရီထိ မတိတ်သေးဘူး အောက်ပိုင်းနေသူများဂရုစိုက်ကြပါ
2026-08-05 12:08:10
3
Ko Oo135 :
ခုမှပြန်လာတာ5”8”26မဟုတ်ပဲနဲ့လုပ်နေတာ
2026-08-05 12:22:53
2
သူတော်ကောင်း :
ရေကူးပြပါလား
2026-08-05 12:11:32
1
Thiha Aung :
ရှေ့ကကားကြီးတွေကမဖယ်ကြဘူးလားဗျာ
2026-08-05 11:32:26
0
To see more videos from user @user9753230037153, please go to the Tikwm
homepage.