@zayartbz7news: အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လက်မခံဘဲ ငြိမ်းချမ်းရေးမလိုလားသည့် မင်းအောင် လှိုင်၏ ထိုင်းခရီးစဉ်ကို ဖျက်သိမ်းရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို ရန်ကုန်၊ ဩဂုတ် ၅ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကို လက်မခံဘဲ ငြိမ်းချမ်းရေး မလိုလားသော မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်ကို ထိုင်းအစိုးရအနေဖြင့် အလေးအနက် ပြန်လည်သုံးသပ်ဖျက်သိမ်းသင့်ကြောင်း ထိုင်းအောက်လွှတ်တော်အမတ် Kannavee Suebsang က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်တောင်းဆိုလိုက်သည်။ ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ဇူလိုင်လ ၃၁ ရက်နေ့ ကြံ့ဖွတ်လွှတ်တော်တွင် မင်းအောင်လှိုင် ပြောကြားခဲ့သည့် ရက် ၁၀၀ မူဝါဒကြေညာချက်ကို အသေးစိတ်ဖတ်ရှုခဲ့ကြောင်း၊ ယင်းကြေညာချက်တွင် မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးလမ်းကြောင်းသို့ ဦးတည်စေမည့် အပြောင်း အလဲတစ်စုံတစ်ရာ မတွေ့ရကြောင်း၊ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်း မြန်မာပြည်သူများ သေဆုံးမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် ဆိုးကျိုး သက်ရောက်ခဲ့သည့် မူဝါဒများကိုသာ ဆက်လက်အကောင်အထည်ဖော်မည်ဟု အတည်ပြုထားသည်ကို တွေ့ရကြောင်း ပြောဆိုသည်။ ၎င်းအနေဖြင့် အထူးအံ့အားသင့်ခဲ့ရသည်မှာ မင်းအောင်လှိုင်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို လက်မခံကြောင်း အတိအလင်းပြောဆိုခဲ့ပြီး အာဆီယံက မြန်မာနိုင်ငံအပေါ် "ခွဲခြားဆက်ဆံသော အရေးယူဆောင်ရွက်မှုများ" ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း Kannavee Suebsang က ဆိုသည်။ "အာဆီယံခေါင်းဆောင်အားလုံး သဘောတူထားတဲ့ အခြေခံမူကို မြန်မာစစ်ခေါင်းဆောင်က ဆက် လက်ငြင်းပယ်နေမယ်ဆိုရင် ထိုင်းအစိုးရအနေနဲ့ ဘာကြောင့် သူ့ကို အရေးကြီးဧည့်သည်အဖြစ် လက်ခံကြိုဆိုရမှာလဲ" ဟု ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က မေးခွန်းထုတ်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အခြေအနေသည် ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘဲ ထိုင်းနိုင်ငံ၏ လုံခြုံ ရေးအပေါ် တိုက်ရိုက်သက်ရောက်နေကြောင်း၊ ထိုင်းနိုင်ငံသည် မြန်မာဒုက္ခသည်များကို ၄၂ နှစ်ကျော် လက်ခံထားရပြီး လက်ရှိတွင် ယာယီဒုက္ခသည်စခန်းများ၌ လူဦးရေ တစ်သိန်းနီးပါးရှိနေသည့်အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူ သိန်းနှင့်ချီရှိကြောင်း၊ ထိုင်း-မြန် မာ နယ်စပ်တစ်လျှောက်ရှိ ဒေသခံများမှာလည်း ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် နယ် စပ် လုံခြုံရေးပြဿနာများကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရကြောင်း ၎င်းက ထောက်ပြသည်။ Kannavee Suebsang က မင်းအောင်လှိုင်၏ စကားများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တွေ့ဆုံဆွေးနွေးနေကြောင်း၊ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားကြောင်းနှင့် PDF များအား လက်နက်ချရန် တိုက်တွန်းခဲ့သော်လည်း လက်တွေ့တွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် ဆေးရုံများသည် ပစ်မှတ်များအဖြစ် ဆက်လက်ကျရောက်နေကြောင်း ဝေဖန်ပြောဆိုသည်။ ထို့ပြင် မင်းအောင်လှိုင်က မသင်မနေရ စစ်မှုထမ်းစနစ်ကို ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြောဆိုထားသည့်အတွက် လူငယ်များ နိုင်ငံမှ ထွက်ပြေးရမည့်အခြေအနေများ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး နောက်ဆုံးတွင် ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှု၊ ဒုက္ခသည်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ဆက်လက်ထမ်းဆောင်ရမည်ဟု ၎င်းက သုံးသပ်သည်။ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်၍ မင်းအောင်လှိုင်က ကျူးလွန်သူ ၇၅ ရာခိုင်နှုန်းမှာ အိမ် နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားများဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းအပေါ် Kannavee Suebsang ကလည်း ဝေဖန်ခဲ့ပြီး ထိုင်းနိုင်ငံတွင် နယ်စပ်လုံခြုံရေး အားနည်းချက်များရှိခဲ့သည်ကို လက် ခံသော်လည်း အကြီးစား အွန်လိုင်းငွေလိမ်လုပ်ငန်းစင်တာများမှာ မြန်မာနိုင်ငံအတွင်း၌ တည်ရှိနေကြောင်းနှင့် ယင်းအပေါ် မြန်မာစစ်တပ်က တာဝန်ယူမှုမရှိကြောင်း ပြောဆိုသည်။ ထို့အပြင် မင်းအောင်လှိုင်က ဒီမိုကရေစီတောင်းဆိုသည့် လှုပ်ရှားမှုများသည် "ပညာရေးအရည် အသွေး နိမ့်ပါးခြင်း" နှင့် "ဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းခြင်း" ကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု ပြောဆိုခဲ့ခြင်းကိုလည်း Kannavee Suebsang က ဝေဖန်ခဲ့ပြီး ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကလေးများနှင့် ဆရာ၊ ဆရာမများ နေရပ်စွန့်ခွာထွက်ပြေးရခြင်းတို့အတွက် တာဝန်ရှိသူမှာ မည်သူဖြစ်သနည်းဟု မေးခွန်းထုတ်ခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နယ်စပ်ရေးရာ၊ ဒုက္ခသည်အရေး၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကဲ့သို့သော ကိစ္စရပ်များတွင် ဆက်လက်ဆွေးနွေးရန် လိုအပ်သော်လည်း ဆက်သွယ်ရေးလမ်းကြောင်း ထိန်းသိမ်းခြင်းသည် မင်းအောင်လှိုင်အား နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ခြင်းမျိုး မဖြစ်သင့်ကြောင်း ထိုင်းလွှတ်တော်အမတ်က အလေးပေးပြောဆိုခဲ့သည်။ "ထိုင်းနိုင်ငံအနေနဲ့ အခြေခံမူတွေ၊ ငြိမ်းချမ်းရေး၊ အပြစ်မဲ့ပြည်သူတွေ

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Wednesday 05 August 2026 11:12:14 GMT
258687
16140
222
706

Music

Download

Comments

hnin.thoon.phyu.ph
💃Hnin Thoon🩷 :
ဖိတ်ခေါ်ပီးဖမ်းပလိုက်ပီးရော
2026-08-05 12:01:51
37
user699643073
Aung Moe :
ထိုင်းလွှတ်တော်ပြောတာအရမ်းမှန်တယ်နော်
2026-08-05 13:12:47
12
sai4691
Sai :
ICJဘက်ကဖိအားပေးနေလို့ပါ ထိုင်းလာရင်ဖမ်းပေးဖို့စာထုတ်ထားတယ် ထိုင်းက ဖမ်းပေးဖို့ မဖြစ်နိုင်သေးလို့ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ရှောင်လွဲတာလို့ပဲမြင်ပါတယ်
2026-08-05 15:34:46
11
phyo.phyo39392
Phyo Phyo :
ကျေးဇူးတင်ပါတယ်ထိုင်းလွတ်တော်အမှတ်ကိုအမှန်တရားတေထောက်ပြသွားတာကျေးဇူးအထူးတင်ပါတယ်🥰
2026-08-05 12:27:31
29
maiyiyisein7
Mai yi yi sein :
ထိုင်ကိုသွားဖို့ပြင်ဆင်နေတာအကျီနဲ့တိုက်ပုံတွေမီးပူတိုက်ပီးပီနှော်ဘယ်လိုလုပ်ပါ့မယ်ဆံပင်တွေတောင်ညှပ်ပီးဆေးဆိုးပြင်ထားတယ်နှော်ဒုက္ခဘဲ
2026-08-05 14:09:52
6
user7220734015516
လူပျို ကြီး :
Good right 👍👍
2026-08-05 11:28:11
8
khinhlaing5603
khinhlaing5603 :
လူသားချင်းစာနာတဲ့အမတ်ကျန်းမာပါစေ
2026-08-05 14:28:24
6
win.myint0123
Win Myint :
ပြောကွာ အားရအောင် 😂😂😂😂
2026-08-05 12:12:40
6
hnin.nwe2138
Ko Sein Gyi :
ထိုင်းလွှတ်တော်အမတ် ကျေးဇူးပါ👍👍👍👍👍👍
2026-08-05 12:47:54
11
minmaung939
minmaung :
ကာ.ကွယ်.လိုက်ထာ.ပါ. Icc...က...ဖမ်း.မှာ...သိ..လို့.
2026-08-05 12:55:08
8
karkar6624
Karkar(ဦးခိုင်) :
ဖမ်းပေးမဲ့နိုင်ငံ မရှိပါ ဘယ်နိုင်ငံမှပြည်သူ့ဘက်က မပါကြပါ ဘာလို့လဲ ေတော့ မဖြေရဲပါ ခမျာ😁
2026-08-06 00:34:50
0
hla.htwe351
Hla Htwe :
ခေါ်ပြီးဖမ်းထား လိုက်ရင်ပြီးပြီ
2026-08-05 13:34:46
11
mg.myint328
Mg Myint :
ထိုင်းလွှတ်တော်အမတ်ပြောသွားတာအရမ်းမှန်တဲ့အတွက်ထောက်ခံပါတယ်
2026-08-05 13:39:41
4
dawttm25
Daw Tin Tin Mya :
ok
2026-08-05 11:26:33
5
user7477103151996
user7477103151996 :
မဂ်လာပါ
2026-08-05 13:34:32
2
zxc123451233
Oo Naing လားရှိုးသားလေး :
ကိုနငယ်ကို သမ္မတ ဖြစ်ရမှာ💞💞💞💞💞💞
2026-08-05 14:25:54
1
ko.kyaw56300
Ko Kyaw :
ဘယ်ပြည်သူတွေးကတင်ထားတာလဲ
2026-08-05 15:04:44
1
netangel0
netangel :
ထုပ်ပယ်သင့်တယ် အရှက်ခွဲရမာ
2026-08-05 15:03:21
1
user6852035012074
ကိုရဲ :
အမှန်ပါခင်ဗျာ
2026-08-05 14:37:53
1
myo4387
@Myo :
ကေင်တယ်
2026-08-05 14:56:28
1
ma.yin.yin.san7
12/ ဒလသူလေးပါ 🇸🇬🇴🇲🇲🇲 :
အားရတယ်ကျေနပ်တယ်
2026-08-05 12:37:26
4
nilarwin207
nilarwin207 :
သိပ်မှန်ပါတယ်ထိုင်ကိုမလားပါနဲ့တောင်မှန်ပါတယ်
2026-08-05 13:59:13
2
maiyiyisein7
Mai yi yi sein :
နားထောင်ကောင်းလို့ထပ်ထပ်နားထောင်နေတာဖုန်းကိုမပိတ်ချင်တော့ဘူး
2026-08-05 14:10:56
2
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos

يعد برج المملكة واحدا من أبرز المعالم المعمارية في الرياض، ورمزا حديثا يعكس تطور المملكة العربية السعودية ونهضتها العمرانية. منذ افتتاحه، أصبح البرج وجهة رئيسية للسكان والزوار، ليس فقط لارتفاعه المميز، بل أيضًا لما يقدمه من مرافق متنوعة وتجربة فريدة. تم افتتاح برج المملكة عام 2002، وهو مشروع تابع لشركة شركة المملكة القابضة التي يملكها الأمير الوليد بن طلال. يبلغ ارتفاع البرج حوالي 302 متر، ويتكون من 99 طابقا، ما جعله لفترة طويلة أحد أطول المباني في، الشرق الأوسط، تضميمه الفريد الذي يشتبه فتحة القوسة فلي عط أعلاه يميزه عن بقية ناطحات السلحاب، وقد، صمم ليكون تحفة معمارية تجمع بين الحداثة والهوية المحلية. يضم البرج مجموعة واسعة من المرافق، منها مكاتب إدارية، وشقق سكنية فاخرة، بالإضافة إلى فندق فورسيزونز الرياض الذي يعد من أفخم الفنادق في المدينة. كما يحتوي على مركز تسوق ضخم يعرف باسم مملكة مول، ويضم العديد من العلامات التجارية العالمية والمطاعم الراقية. من أبرز معالم البرج
يعد برج المملكة واحدا من أبرز المعالم المعمارية في الرياض، ورمزا حديثا يعكس تطور المملكة العربية السعودية ونهضتها العمرانية. منذ افتتاحه، أصبح البرج وجهة رئيسية للسكان والزوار، ليس فقط لارتفاعه المميز، بل أيضًا لما يقدمه من مرافق متنوعة وتجربة فريدة. تم افتتاح برج المملكة عام 2002، وهو مشروع تابع لشركة شركة المملكة القابضة التي يملكها الأمير الوليد بن طلال. يبلغ ارتفاع البرج حوالي 302 متر، ويتكون من 99 طابقا، ما جعله لفترة طويلة أحد أطول المباني في، الشرق الأوسط، تضميمه الفريد الذي يشتبه فتحة القوسة فلي عط أعلاه يميزه عن بقية ناطحات السلحاب، وقد، صمم ليكون تحفة معمارية تجمع بين الحداثة والهوية المحلية. يضم البرج مجموعة واسعة من المرافق، منها مكاتب إدارية، وشقق سكنية فاخرة، بالإضافة إلى فندق فورسيزونز الرياض الذي يعد من أفخم الفنادق في المدينة. كما يحتوي على مركز تسوق ضخم يعرف باسم مملكة مول، ويضم العديد من العلامات التجارية العالمية والمطاعم الراقية. من أبرز معالم البرج "جسر المشاهدة" الموجود في أعلاه، والذى يوفر

About