@phyu.thawet.hnin: ရေဘေးသင့်သူတွေကို ထမင်းထုတ် သွားဝေသူ လူငယ်တစ်ဦး ရေစီးနဲ့ မျောပါပြီး သေဆုံး CJ Platform ရေဘေးသင့်နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ပြည်သူတွေကို ထမင်းထုတ် သွားဝေတဲ့ လူငယ်တစ်ဦး ဒီကနေ့ ဩဂုတ် ၅ရက် မနက် ၇ နာရီက ရေစီးနဲ့ မျောပါပြီး ရေနစ် သေဆုံးသွားတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၇ နာရီက လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာမှာရှိတဲ့ ရေဘေးသင့်သူတွေကို ထမင်းထုတ် သွားဝေတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦး ရေစီးနဲ့ မျောပါပြီး ရေနစ် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ "ထမင်းထုတ် လိုက်ဝေတဲ့ ကောင်လေးက ရေမကူးတတ်ဘူး။ ရေမကူးတတ်တော့ ကူးတတ်တဲ့သူရဲ့ လက်ကိုဆွဲပြီး ထမင်းထုတ်ဝေတာ။ ရေစီးက အရမ်းသန်တော့ ရေစီးနဲ့ ပါသွားတာ။ ကယ်ဆယ်ရေးအဖွဲ့တွေ လိုက်ရှာတော့ ရေနစ်သေတဲ့ အလောင်းပဲ ပြန်ရတယ်။ သနားပါတယ်။ အသက် ၂၀ ကျော်ပဲ ရှိသေးတယ်" လို့ ပြောပါတယ်။ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ်ကို လူမှုကယ်ဆယ်ရေး အဖွဲ့တွေက လိုက်လံ ရှာဖွေခဲ့ရာ မနက် ၁၁ နာရီမှာ ပြန်တွေ့ခဲ့ပြီး ရုပ်အလောင်းကို ဟင်းသတ္တမြို့နယ် ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပြပါတယ်။ သေဆုံးသူ လူငယ်မှာ ငါးသိုင်းချောင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူတစ်ဦး ဖြစ်ပြီး ရေဘေးသင့် ပြည်သူတွေကို ကူညီဖို့ ပရဟိတအဖွဲ့တွေနဲ့ လိုက်ပါလာတာလို့ လူမှုကူညီရေး အသင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဩဂုတ် ၄ ရက် မနက် ၇ နာရီကလည်း လေးမျက်နှာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်မှာ စိတ်ကျန်းမာရေး မကောင်းတဲ့ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦး ရေနစ် သေဆုံးခဲ့ပါတယ်။ ငဝန်မြစ်ရေကာ တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၁၀၆ ရွာ၊ အိမ်ခြေ ၇,၇၃၄ အိမ်၊ အိမ်ထောင်စု ၇,၅၈၅ စု ရေဘေးသင့်ခဲ့ပြီး လူဦးရေ ၃၂,၆၀၇ ယောက် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရတယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဓာတ်ပုံ - ပရဟိတအဖွဲ့များ #CJPlatform #ဧရာဝတီတိုင်း #လေးမျက်နှာရေကြီးမှု #ရေဘေးကူညီရေးလူငယ်သေဆုံးမှု
ခေတ်သစ်ရွေစင်(Salin-LocalFood)
Region: MM
Thursday 06 August 2026 02:44:58 GMT
Music
Download
Comments
Poky Poky^*^ :
စိတ်ထဲ ~ တော် တော်မ ကောင်းဖြစ်ရတယ်~~ကျန်တဲ့သူ တွေလဲ သတိဝရိယနဲ့ ကူညီကြပါ နော် ~~~
2026-08-06 04:15:47
30
🐯Ko Khant🐯 :
ငါးသိုင်းချောင်း ရွှေဘိုတန်းက တစ်ယောက်မနေ့က အဲ့လိုဖြစ်ပီး ဆုံးသွားတာ အဲ့တာလားမသိဘူး အသက်20ကျော်ဘဲ သူလဲ🥺🥺
2026-08-06 03:53:31
12
Mhine Wai :
နှမြောမိတယ် အဲ့ဒါ မှ တကယ်သူရဲကောင်းပါ ကြည့်ထားကြပါ လေးစားပါတယ် 😭😭😭😭😭
2026-08-06 04:44:20
17
Mulay :
မောင်လေးရေလူအများအတွက်ငါမောင်အသက်ပေးလိုက်ထာတန်ဖိုးအရှိဆုံးပါမမကတောငါမောင်လေးနက်လူသာဓုခေါ်ပါတယ်
2026-08-06 04:01:52
26
🇲🇲🗡️ SEB 9T9 player 🇲🇲 :
ကယ်ဆယ်ရေးသမားဆိုတာ ရေမကူးတက်ရင် အစင်မပြေပါဘူး အထူးလေးကျင့်
သင်တန်းပေးထားတဲသူတွေကိုသာအထိက
ကယ်ဆယ်ရေးလုပ်တာအကောင်းဆုံးပါ
2026-08-06 05:49:22
1
ကိုလေး🤭🤭 :
ရင်ထဲမကောင်းလိုက်တာ
ကောင်းရာသုဂတိလားပါစေ
2026-08-06 04:36:59
4
မြနှင်းဆီ :
စိတ်မကောင်ပါဘူး မောင်လေး😭😭😭😭😭😭😭😭😭😭😭😭😭😭😭
2026-08-06 04:12:28
8
🤬Mg Aung🥶 :
အများအတွက်ကိုအသက်နဲရင်ပီလုပ်ဆောင်သွာတဲ့အကိုတစ်ယောက်ကောင်ရာကိုရောက်ပါစေ
2026-08-06 05:26:12
3
Aung Gyi :
စိတ်ထဲတကယ်ပါဘူးဗျာကောင်းရာသုဂတိရောက်ပါစေကွာ
2026-08-06 06:18:50
1
user27912019068107 :
ကူညီချင်တဲ့စိတ်ကိုတော့လေးစားပါတယ် ညီလေးရယ်
ဒါပေးမဲရေကူတက်မှ သွားကူညီတာပိုကောင်းလိပ်မယ်
နောက်ထက် ညီလေးတွေ ညီမလေးတွေသတိထားသွားကြပါ😌😌😌😌😌😌😌😌
2026-08-06 06:29:35
1
Ma. Thidar :
😭😭😭😭😭😭😭😭😭
2026-08-06 05:49:51
1
14.6.2026 :
မိသားစုနဲ့ထပ်တူခံစားရတယ်ဗျာ
2026-08-06 06:06:07
1
ခင်သူ :
🙏🙏🙏🙏🙏ကောင်းရာသုကတိသီလားပါစေကွာ
2026-08-06 07:17:07
1
လီုင်းရာဇာ :
ကပ်ဘေးကြီးရယ်တော်ပါတော့နော်အသက်တေကပန်းဗကြွသလိုကြွေပေးနေရတာစစ်ဘေးကတမျိုးနဲလူငယ်အသက်တေမနည်းတော့ဘူးတော်လောက်ပြီပေါ့
2026-08-06 06:26:26
1
ဆူးနှင်းဆီ🌹 :
စိတ်မကောင်းဘူး မောင်လေးရယ်
ရောက်ရာဘုံဘဝမှာ အေးချမ်းပါစေကွယ်
😭😭😭
2026-08-06 06:16:59
1
Nyein Chan Aung :
စိတ်ထဲမ ကောင်ဘူသားရယ် ကောင်ရာသုဂတိ ရောက်ပါ စေ
2026-08-06 07:16:51
1
GiG HiH :
သူများကောင်းကြိုး
ကိုယ်အသက်ဆုံးရှုံးစသေးရသာလို့ခံစားရတယ်ထပ်သူကြေကွဲရပါတယ်
2026-08-06 06:51:25
1
Good every things :
😔😔😔ကုသိုလ်လုပ်ပိးသေသွားတာပါကောင်းရာဘုံဘဝရောက်မာပါ
2026-08-06 04:27:24
6
aung :
စိတ်မကောင်းပါဘူး ကောင်းတဲ့ဘဝရောက်မှာပါ
2026-08-06 04:20:05
3
ပိုးသဲဖြူ :
ရင်ထဲအရမ်းစို့နစ်ရတယ်ရင်ထဲတကယ်မကောင်းဘူးခလေးရယ်ကောင်းရာဘုံဘဝရောက်ပါစေလို့ပဲဆုတောင်းပေးတယ်နော်😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭
2026-08-06 04:35:41
1
ko Than Zaw :
ညီလေးရယ်
နှမျောလိုက်တာကွာ😢😢😢😢😢😢
2026-08-06 04:36:53
3
maymon :
မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်သားလေးရေကောင်းရာဘုံဘဝကို ေရာက်ပါစေကွယ်
2026-08-06 05:33:14
3
Win Aung :
ရေမကူးတက်သူကရေကြောက်ပါတယ်။
မိမိအသက်ကိုစွန့်ပီးထမင်းဘူးလိုက်ဝေပေးတယ်ဆိုတာစေတနာအားကြီးလွန်းလို့သာလုပ်နိုင်တာပါ။
ကောင်းမွန်ရာဘဝရောက်ပါစေ။
တခုသတိပေးချင်တာက
ရေမကူးတက်သူများကကယ်ဆယ်ရေးလုပ်မယ်ဆိုရင်အသက်ကယ်အကျီပါမှလုပ်စေချင်ပါတယ်ဗျာ။
ရေမကူးတက်သူများက အခြားသောကုန်းပေါ်
တာဝန်များကိုသာယူပီးကူညီပေးတာသင့်တော်လိမ့်မယ်လို့ ကယ်ဆယ်ရေးအဖွဲ့များကိုအကြံပြုချင်ပါတယ်။
2026-08-06 04:41:47
4
koheinko400 :
စိတ်မကောင်ပါဘူးသားလေးရယ်
2026-08-06 03:55:57
2
To see more videos from user @phyu.thawet.hnin, please go to the Tikwm
homepage.