@yourkoko005: လူငယ်တစ်ယောက်ဖုန်းပဲသုံးနေတာတွေ့လာ? . . . တွေ့ကောင်းတွေ့ကြမှာပါ..မိဘတွေအနေနဲ့ကော ပတ်ဝန်းကျင်အနေနဲ့ကော တစ်နေကုန်အိမ်တွင်းအောင်းပြီး phoneပဲသုံးနေတဲ့ဆယ်ကျော်သက်ကလေးငယ်တွေကိုတွေ့ဖူးမြင်ဖူးကြမှာပါ အဲ့တာဆိုသူတို့ဘာလို့အဲ့လိုလုပ်နေကြတာလဲ မသိသေးတဲ့မိဘလူကြီးအများစုထင်ကြပါလိမ့်မယ် "အဲ့ဂိမ်းလေ အဲ့ဖုန်းထဲကအဲ့$ကျိုးမရှိတဲ့ဟာတွေကိုကြည့်ချင်မြင်ချင်လို့ အဲ့ရည်းစားတွေကြောင့်"စတာတွေထင်ကြမှာပါ အဲ့တာကြောင့်မဟုတ်ဘူးလားဆိုလဲ ဟုတ်ပါတယ် မမှားပါဘူး ဒါပေမဲ့ သူတို့ကဘာလို့အဲ့ဖုန်းထဲက ဂိမ်းတို့ရည်းစားတို့ပေါ်မှာပဲအချိန်ကုန်ကြရတာလဲ? . ပြန်စဉ်းစားကြည့်ရအောင် တစ်နေ့"ဝင်ငွေရှာနေရတာ နဲ့ပြန်လာရင်ကောကိုယ့်ရဲ့သားသမီးကိုအချိန်ပေးခဲ့ဖူးရဲ့လား? စာလေးတွေတူ"လုပ်ပေးဖူးရဲ့လား? အားနည်းချိန်ဂရုတစိုက်အားပေးဖူးရဲ့လား? ချီးကျူးမှုလေးတွေလုပ်ပေးဖူးရဲ့လား? သူတို့စိတ်ခံစားချက်တွေကိုမေးဖူးရဲ့လား? သူတို့ကိုချစ်ပြဖူးရဲ့လား? ပစ်ထားဖူးလား? နေရာတကာမယုံမကြည်ဖြစ်နေလား? အတူရှိချိန်တိုင်းအပြစ်ပဲပြောနေတာလား?သူတို့မေးတဲ့ကိစ္စလေးတွေကိုလျစ်လျူရှုခဲ့မိလား? သူတို့ကိုစိတ်နာကျင်အောင်လုပ်ခဲ့မိလား? ရှက်တတ်တဲ့အရွယ်ရှိတဲ့ကလေးတစ်ယောက်ကို လူကြားထဲမှာအော်ငေါက်ခဲ့လား? သူတို့လူမသိသူမသိခံစားနေရတာကို ကောတွေးမိဖူးလား? သူများသားသမီးတွေနဲ့နှိုင်းယှဉ်နေမိပြီလား? သူတို့အပေါ်နွေးထွေးပေးဖူးလား? အဲ့တာတွေကိုသေချာပြန်စဉ်းစားကြည့်ပါ...တကယ်တော့အဲ့တာတွေကနေစပြီးဖြစ်တာပါပဲ ပြဿနာအဲ့ကစတာပါ တစ်ဖြည်း"နဲ့လူငယ်တွေကအထီးကျန်လာပါတယ် ဒီတော့မေးစရာတစ်ခုရှိပါသေးတယ် . "သူတို့မှာသူငယ်ချင်းတွေရှိတယ်လေ ဘာလို့အထီးကျန်ရမှာလဲ" ကျွန်‌ေတာ်ပြောချင်တာအိမ်မှာပါ အပြင်မှာအထီးမကျန်ရပဲအဖော်ရှိပြီး အိမ်မှာကျအထီးကျန်ရတဲ့အတွက်လမ်းလဲကြိုက်လာကြပါတယ် ပြီးတော့အိမ်မှာရှိချိန်တိုင်းအထီးကျန်တာကိုဖြေဖျောက်ဖို့ ဖုန်း(phone)ကိုအသုံးပြုကြပါတယ် ခဏအထီးကျန်ရင်ခဏသုံးမယ် တစ်ချိန်လုံးအထီးကျန်ရင်တစ်ချိန်လုံးသုံးတာပေါ့ သူတို့ကိုမိဘတွေက အဖော်မပြုပေးတဲ့အခါ သူတို့ကဖုန်းကိုအဖော်အဖြစ်အသုံးချကြပါတယ် . ဂိမ်းဆော့တယ် (ဂိမ်းဆော့တဲ့အတွက်နိုင်ခြင်းရှုံးခြင်းရှိမယ် ရယ်ရတာ စိတ်တိုရတာ ပျော်ရတာ စတာရှိမယ်)အဲ့လိုနဲ့ရသမျိုးစုံတဲ့အတွက်အထီးကျန်ခြင်းကိုလျှော့ကျသွားစေတယ်) . tiktokကြည့်ကြတယ် (အမျိုး"သောပုံတွေ စာသားတွေ ဇာတ်လမ်းတွေ ဟာသတွေ vdတွေတွေ့ရတဲ့အတွက် ရသမျိုးစုံပေးနိုင်ပြီးအထီးကျန်ခြင်းကိုလျှော့ကျစေတယ် ဒါ့အပြင် သူငယ်ချင်း ချစ်သူရည်းစား စတဲ့သူတွေနဲ့စကားပြော စာရိုက် ဆက်သွယ်ရတာကြောင့် အထီးကျန်မှုကိုလျှော့ကျစေတယ် သူငယ်ချင်းတွေကိုလိုင်းပေါ်ကနေစာနဲ့ရင်ဖွင့်နေနိုင်တော့ သူတို့စိတ်ခံစားချက်တွေကိုလျှော့ကျစေပါတယ် ဇာတ်ကား(movie/series )ကြည့်တယ် (မျိုးစုံတဲ့ အချစ် အလွမ်း ဒေါသ မောဟ စိတ်ခြောက်ခြားဖွယ် ရသမျိုးစုံပေးနိုင်လို့ ဇာတ်ကားကြည့်ရင်းအထီးကျန်တဲ့စိတ်ကိုလျှော့ချကြတယ်) . ဒါကြောင့်ဖုန်းကိုအလွန်အကျွံသုံးစွဲနေတဲ့လူငယ်တွေဟာ အများအားဖြင့် အထီးကျန်နေကြတာကိုတွေ့ရပါတယ်(ကျွန်‌ေတာ်အပါအဝင်ပေါ့) . ...ဒီတော့ကိုယ့်သားသမီးကဖုန်းအကြည့်များနေပြီးဆိုအပြစ်ပြောနေမယ့်အစားသူတို့ရဲ့စိတ်ကိုတစ်ခါလောက်နားလည်ပေးကြည့်ပါ သူတို့ကိုအချိန်ပေးကြည့်ပါ အခုလိုဖုန်းကြည့်တာ ရက်တွေကြာလာရင်ဖုန်းဖြတ်ဖို့ခတ်ပါတယ် သူတို့ကလူ့လောကထက်ဖုန်းလောက(ဂိမ်း)ကိုပိုစိတ်ဝင်စားလာတတ်ပါတယ် အများဆုံးဖြစ်လာနိုင်တာတွေကတော့... . .လူတွေနဲ့အနေဝေးလာမယ် .မိသားစုနဲ့စိမ်းလာမယ် .မျက်လုံးအာရုံကြောပျက်စီးမယ် .သူတို့ကိုဂရုမစိုက်တဲ့သင်တို့ကိုဂရုပြန်မစိုက်တော့ဘူး .ဖုန်းထဲက ရိုင်းစိုင်းတဲ့တစ်ချို့အရာတွေကြောင့် ရိုင်းစိုင်းလာမယ် .စာဘက်မှာအာရုံလျှော့လာမယ် စတာတွေဖြစ်လာနိုင်ပါတယ် ဒါ့အပြင် မိဘစီကလိုချင်တဲ့ဂရုစိုက်မှုမရတဲ့အတွက် .စိတ်ဓာတ်ကျလာမယ် .သိမ်ငယ်လာမယ် .ဝမ်းနည်းလာမယ် .လောကကိုစိတ်ကုန်လာမယ် .မိဘကိုမုန်းလာမယ် .အိမ်ကိုမုန်းလာမယ် .သူတို့ကိုယ်သူတို့ယုံကြည်ချက်လျှော့နည်းသွားမယ် .နောက်ဆုံး အနေနဲ့စိတ်ကျရောဂါပါဖြစ်လာနိုင်ပါ တယ် အဲ့တာကြောင့်ကိုယ့်သားသမီးကိုယ် ဘာဖြစ်နေလဲသေချာသိပြီး ဂရုတစိုက်ရှိ စေချင်ပါတယ် . မှာကြားချင်တဲ့အချက်က ဖုန်းထဲကမကောင်းတာတွေတတ်တယ်ဆိုပြီးဖုန်းသိမ်းစရာမလိုတာပါ ဘာလို့လဲဆိုတော့ ဖုန်းသိမ်းရမယ့်ခေတ်မဟုတ်တော့သလို တစ်ချို့သောအရာတွေကိုဖုန်းထဲကနေလေ့လာသင်ယူနိုင်လို့ပါ ပြီးတော့ သူတို့စိတ်ညစ်တဲ့အချိန်မိဘတွေထက်သူတို့ကိုပျော်အောင်လုပ်ပေးတာ အနားမှာပိုရှိပေးတာက ဖုန်းမလား ဖုန်းထဲကနေအများအပြားလဲသင်ယူနိုင်တာကြောင့် ဖုန်းသိမ်းတာကိုတော့အားမပေးပါဘူး အချိန်ကန့်သက်တာတော့ဖြစ်သင့်ပါတယ် ကျန်းမာရေးအတွက်ပေါ့ သူတို့လက်ထဲဖုန်းမရှိတဲ့အချိန်ကျရင်လဲတစ်ယောက်တည်းပျင်းမနေအောင်အနားမှာသေချာရှိပေးပါ ဂရုစိုက်ပေးပါ သွန်သင်ဆုံးမပေးပါ ကောင်းမွန်တဲ့လုပ်ရက်လေးတွေအတွက်ချီးကျူးပေးပါ အဲ့တာမှသာကိုယ့်သားသမီးက အခုလူငယ်တွေဖြစ်နေတဲ့စိတ်အခြေအနေလိုမဖြစ်မှာဖြစ်ပြီး မိဘအပေါ်လဲပိုယုံကြည်လာမှာပါ #crd

Khant စာတို💥
Khant စာတို💥
Open In TikTok:
Region: MM
Thursday 06 August 2026 03:24:03 GMT
102296
16405
381
1590

Music

Download

Comments

study0x2
jokeyfessscxny :
text crd yuu toun mal bro
2026-08-06 06:27:15
1
black67106
𝓑𝓵𝓪𝓬𝓴✔︎ :
ဖုန်းကြည့်တယ်ဆိုပေမဲ့ ရိုင်းဆိုင်ဒါတွေမတတ်ဘဲနဲ့ online friend တွေနဲ့ပြောတော့အတွေ့ကြုံတွေရပြီးပိုပြီးရင့်ကျက်လာတယ် တစ်ယောက်ထဲနေရတာကြိုက်လာတယ်
2026-08-06 06:04:30
66
callmesprrow
×Dexxx°_° :
တစ်ဝက်လောက်ပဲဖတ်မိတယ် မိဘတေတွေအထိမိဘတေကအချိန်ပေးဘူးလာဆိုတဲ့အကြောင်းအရာ broစဉ်စာကြည့်ဒီလို့ခေတ်အချိန်မှာသားသမီးတေကမိဘစိတ်ကျေးနပ်အောင်ဘာတေမျယးလုပ်ပေးလဲမိဘတေကအလုပ်ကပြန်လာတာပင်ပန်တယ်ဗျာသားသမီးတေကမိဘအိမ်ပြန်ရောက်ရင်ရေတစ်ခွက်တိုက်လာပညာရေကိုရောဖစ်မြောက်အောင်လုပ်ပေးလာမိဘစိတ်ချမ်းသားအောင်ဘာများလုပ်ပေးလဲသားသမိိီးတော်တော်များများက🙂
2026-08-06 12:27:57
8
argus.bro3
n3^07! :
အချိန်ပေးပြီးဖက်ခဲ့တယ်ကုန်ဆုံးသွားတဲ့အချိန်အတွက်လည်းတန်ဖိုးရှိတဲ့စာသားတေ💐
2026-08-06 13:35:45
1
art_by_pyae
Pyae_Art.1✨ :
dစာလေးတွေက ကျွန်တော်စီသာတက်တာ မိဘတွေစီကိုမတက်ဘူး အကယ်၍တက်ရင်တောင်သူတို့ကဖတ်မာမဟုဘူး...အဲ့တော့ခင်ဗျားတို့ပြောသလိုဘဲဗျာအဖော်ပြုစရာဆိုလိူ့အဲ့တာပဲရှိတာ
2026-08-06 11:45:13
6
orchids254
向日葵🌻 :
အခုခေတ်လူငယ်တော်တော်များများကအဲ့လိုဖြစ်တာများတယ်လူငယ်ချင်းချင်းပဲအဲ့ခံစားချက်ကိုသိကြတာ
2026-08-06 05:22:31
18
nnnindyxx
𝑲𝒂𝒊𝒍𝒖𝒂_𝑺𝒂𝒏シ︎ :
ရွယ်တူတွေအပြင်မှာပျော်နေချိန်အိမ်ထဲကနေအိမ်ပြင်ကိုပေးမထွက်၊ပြီးတော့လဲဖုန်းပဲကြည့်နေတာဘာမှမလုပ်ဘူးတဲ့အမြဲတစ်ယောက်ထဲပဲ
2026-08-06 05:55:23
28
myatthutun
KZ (ကျော်ကြီး) :
@221474795
2026-08-06 06:02:00
1
v.t.s298
💞G💞 :
စာဖတ်ရင်းမျင်ရည်ကျမိ☺️
2026-08-06 05:19:52
11
oh_yes74
💞 :
ဒီvdကို သူတို့မြင်ရင် ကောင်းမာဘဲ🥺
2026-08-06 05:38:43
6
alex.park202
kocho shinobu 🦋 :
တကယ်ပါရှင်😭
2026-08-06 06:40:58
1
mazinlay431
i don't care နာလည်လာ🌚🤌🏻 :
အကို ဒီပုံလေနဲ စာသားလေပြန်ယူတင်မယ်နော်
2026-08-06 06:30:06
1
taco_sakusher
Robin :
တိုက်ဆိုင်လွန်းလို့ စာသားလေးပေးလို့ရမလားခင်ဗျ crd ပေးပီးပြန်တင်မလို့ပါ
2026-08-06 10:00:05
10
ktw_ll_nv_luv_agn
리자, Lyzᥲ́ᥲ!𝜗𝜚 :
ဒီလိုစာမျိုးဆိုသူတို့စီမရောက်တော့ဘူး🗿
2026-08-06 04:16:21
6
15every1
everyone :
2026-08-06 06:23:39
1
rhysdorian2
✦ 𝚁𝚑𝚢𝚜 𝙳𝚘𝚛𝚒𝚊𝚗 ✦ :
ငါတို့အထီးကျန်တဲ့သူတွေအကြောင်းထုတ်ပြောပေးလို့ followခဲ့ပီဘရို🥰
2026-08-06 12:45:03
1
fir1xsai
MG SwAn :
ရှည်လို့မဖတ်တော့ဘူးစကာနဲ့ပြောပေး
2026-08-06 08:00:53
1
maky.13
𝗠𝗔𝗞𝗬 :
ကျောင်းမာစိတ်ဖီစီးမှုများလို့ ဖုန်းပဲကြည့်နေ ေသာ်လဲ အိမ်ရဲ့အနှိမ်ခံပါဖြစ်နေသောအခါ:
2026-08-06 08:36:25
3
md27f
ルーカス :
မှန်တယ်bro
2026-08-06 06:58:40
1
To see more videos from user @yourkoko005, please go to the Tikwm homepage.

Other Videos


About