@mama225544: အရင်က ကျွန်မဟာ သံယောဇဉ်ကို အလေးအနက်ထားလွန်းတဲ့ မိန်းမတစ်ယောက်ပါ။ လူတစ်ယောက်ကို ခင်တွယ်ပြီဆိုရင် ကိုယ့်ဘက်က ရာနှုန်းပြည့် ပုံအောပေးတတ်တာ ကျွန်မရဲ့ အကျင့်။ အချစ်မှာပဲဖြစ်ဖြစ်၊ ခင်မင်မှုမှာပဲဖြစ်ဖြစ် "ဦးစားပေး" ရမယ်ဆိုရင် ကျွန်မက အမြဲတမ်း နောက်ဆုံးမှာပဲ နေခဲ့ပြီး သူတပါးကိုပဲ ရှေ့တန်းတင်ခဲ့တာ။ ဒါပေမဲ့ အဲဒီလို သံယောဇဉ်ကြီးတာကပဲ ကိုယ့်ကိုကိုယ် ပြန်သတ်နေတဲ့ လက်နက်ဖြစ်လာလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ တစ်ဖက်လူရဲ့ စာတစ်ကြောင်းကို မျှော်နေရတာ၊ ကိုယ်က ဂရုတစိုက် မေးမြန်းသမျှကို သူက အဖတ်မလုပ်သလို နေတာ၊ ကိုယ့်ရဲ့ စေတနာတွေကို အပိုတွေလို့ သတ်မှတ်ခံရတာတွေက ကြာလာတော့ နှလုံးသားကို ညောင်းညာစေပါတယ်။ အချိန်တိုင်း တစ်ဖက်လူရဲ့ အလိုကျ လိုက်ဖြည့်ဆည်းပေးနေရတဲ့ ဘဝက "သက်တောင့်သက်သာ" မရှိမှန်း ကျွန်မ သိလာရတယ်။ အခုတော့ ကျွန်မ ပြောင်းလဲသွားပါပြီ.... လူတွေကတော့ ကျွန်မကို အရင်လို မဟုတ်တော့ဘူး၊ "အေးစက်သွားတယ်" လို့ ပြောကြတယ်။ "ဟုတ်ပါတယ် ကျွန်မ အေးစက်သွားတာပါ' ဒါပေမဲ့ အဲဒါဟာ တစ်ဖက်လူကို မုန်းလို့ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့ အချိန်ပေးလိုက်တာပါ။ အရင်လို ဖုန်း Notification လေးတက်လာဖို့ မျှော်မနေတော့ဘူး။ တစ်ဖက်လူက အကြောင်းမပြန်ရင်လည်း "အင်း... သူ အလုပ်ရှုပ်နေလို့ ဖြစ်မှာပါ" လို့ ရိုးရိုးလေးပဲ တွေးပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်လိုက်တယ်။ ဒီလို အေးစက်စက် နေလိုက်ရတာက ပိုပြီး သက်တောင့်သက်သာ ရှိပါတယ်။ သံယောဇဉ်တွေ တနင့်တပိုးနဲ့ တစ်ဖက်လူနောက်ကို အပြေးလိုက်နေရတဲ့ အလုပ်က တကယ်တော့ ပင်ပန်းလွန်းပါတယ်။ အခုလို ဘာမှ မျှော်လင့်မထားတဲ့ "ဥပေက္ခာ" စိတ်လေးနဲ့ နေလိုက်တဲ့အခါမှပဲ ကျွန်မရဲ့ကမ္ဘာလေးက ပိုပြီး ငြိမ်သက်သွားတော့တယ်။ အေးစက်သွားတယ်ဆိုတာ... နှလုံးသားက သေဆုံးသွားတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ခံစားချက်တွေကို မထိုက်တန်တဲ့နေရာမှာ မဖြုန်းတီးတော့ဖို့ "Safe Zone" တစ်ခု တည်ဆောက်လိုက်တာပါ။ အခု ကျွန်မ အေးချမ်းပါတယ်... ဘယ်သူ့အပေါ်မှ အငြိုးအတေးမရှိသလို၊ ဘယ်သူ့ဆီကမှလည်း အထူးတလည် ဂရုစိုက်မှုကို မတောင်းခံတော့ဘူး။ ဒါဟာ ကျွန်မရဲ့ ရင့်ကျက်တဲ့ အေးစက်ခြင်းပေါ့.......။#မူရင်းကိုcrd
MaMa
Region: MM
Thursday 06 August 2026 03:35:50 GMT
Music
Download
Comments
"*Daw"Μýø'Than`dar; Lin*" :
စာသားလေးက တိုက်ဆိုင်လွန်းလို့ ကူးယူပါရစေ
2026-08-21 11:09:48
5
Daw Cherry :
ပြစ်ထားတာကြာရင်အနာဟာအသားမာတက်သွားပါတယ် ပြီးခဲ့တာတွေကိုတက်နိုင်သမျှမတွေးမိအောင် နေပါ အချိန်ကကုစားသွားပါလိမ့်မယ်
2026-08-21 07:24:09
4
YY :
အားပေးပါတယ်
2026-08-21 09:42:37
1
Htunmyintoo :
Copy ယူပြီ
2026-08-21 10:01:48
1
Rose@ :
ထပ်တူပါဘဲ
2026-08-21 04:42:43
2
💫🪸မြှောက်ပိုင်းသူလေး🪸💫 :
ပြန်တင်ခွင့်ပြုပါနော်🥰
2026-08-21 01:25:30
1
Aye Thandar Hlaing :
စာသားလေးပြန်တင်ပါရစေ
2026-08-20 23:44:40
1
(Niko)🫒♥️ :
စာသာလေးချပေးပါလား
2026-08-21 04:45:19
1
thu.thu :
ပြန်ရှယ်ခွင့်ပြုပါရှင်
2026-08-21 02:59:23
1
🍃Aye myat thu. zar☃ :
စာသားလေချပေပါလားရှင့်
2026-08-21 01:12:07
1
Amon Ta khim. Hsipaw.Thu😍😍 :
Right ❤️❤️
2026-08-06 06:22:50
2
Myat :
မှန်လိုက်တာ🥰
2026-08-21 04:03:22
1
Oo Lay :
ဆရာ စာသားလေးက အရမ်းကို ထိမိလွန်းလို့ပါ
လက်မခံတဲ့ရပ်ဝန်းကိုယ်
ဇွတ်မတိုးတော့ပါဘူး
2026-08-06 09:26:17
4
KKM 972💚 :
ကျေးဇူးပါ
2026-08-21 10:30:30
1
thu.thu :
အမှန်တရားပဲ
2026-08-21 02:58:44
1
Lae Yin Win :
Right
2026-08-06 05:22:54
1
Aster :
စာသားလေးကြိုက်
2026-08-21 00:20:54
2
သမီးလေးမေမေ :
ပြန်တင်ခွင့်ပြုပါ
2026-08-19 15:23:18
1
@htethtetwai2520 :
စာသားလေးကူးယူပါရစေ ကျွန်မနဲ့တိုက်ဆိုင်သွားလို့ပါ
2026-08-21 08:12:33
1
Khaing Lay🍒🍇🍓 :
တင်ခွင့်ပြုပါ
2026-08-21 06:29:59
1
Thin Thin Oo662 :
ကျွန်မပြောင်းလဲလိုက်ပါပြီ🥰
2026-08-21 08:09:09
0
than than :
စာသားတွေက တကယ်မှန်တယ် ရှင့်
2026-08-21 07:17:08
1
🖤𝓣𝓱𝔀𝓮 🖤𝓣𝓱𝔀𝓮 🖤 :
စားသားလေးယူတင်ခွင့်ပြုပါရှင့်ကျမနဲ့တိုက်ဆိုင်သွားလို့ပါ🥺
2026-08-21 03:41:20
1
To see more videos from user @mama225544, please go to the Tikwm
homepage.