@ytzn67: လူတစ်ယောက်ကိုချစ်မိတာနဲ့ သူ့ရဲ့နေမှုထိုင်မှုတွေးခေါ်မှုတွေကို မထိန်းချုပ်ချင်ပါနဲ့ သင်နဲ့မတွေ့ခင်ထဲက သူ့မှာအသားကျနေပြီဖြစ်တဲ့ အမူအကျင့်တွေ ရှိပြီးသားဖြစ်ပါတယ် ဒါကိုချက်ချင်းပြင်ဖို့ဆိုတာ တော်ရုံမဖြစ်နိုင်တဲ့ကိစ္စပါ သင်ကရော သင့်အမူအကျင့်တွေ သင့်တွေးခေါ်ပုံတွေကိုပြင်ပြီးပြီလား? ပြင်မှာလား? ငါကပြင်စရာမလိုဘူးဆိုရင်တော့ သင်ဟာအတ္တကြီးတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ (●ကိုယ်ချင်းစာပြီးချစ်ပါ)🍁🍁 ကိုယ်ချင်းစာစိတ်ဟာ နေရာတိုင်းမှာအရေးကြီးပါတယ်။ 'နင့်ကမ္ဘာမှာ ငါပဲရှိရမယ်'ဆိုတဲ့အတွေးနဲ့ တဖက်သားလူရဲ့မိဘတွေ ဆွေမျိုးတွေ မိတ်ဆွေသူငယ်ချင်းတွေကို အကန်တွေ လိုက်လုပ်နေခြင်းဟာ သင့်ကိုပိုချစ်လာမှာမဟုတ်တဲ့အပြင် သူလည်းတဖြေးဖြေးစိတ်ညစ်လာမှာပါ။ 'နင့်မိဘတွေထက်ငါသာတယ်' 'နင့်သူငယ်ချင်းတွေထက်ငါသာတယ်'စတဲ့ ဥစ္စာရူးဆန်ဆန် အာဏာရှင်ဆန်ဆန် အတွေးတွေဟာ သူနဲ့သူ့ပတ်ဝန်းကျင်ကြားမှာ တကယ်ကို ကျဉ်းထဲကြပ်ထဲရောက်လာစေမှာပါ ရေရှည်မှာ သင့်ကိုစိတ်ပျက်လာစေမှာပါ။ (●သူ့ကိုပျော်ရွှင်ပါစေ)🍁🍁 တကယ်ချစ်မိလာတဲ့အခါ သူပျော်ရွှင်ဖို့ကိုပဲ သင်ကဖန်တီးပေးတော့မှာပါ ဒါဟာ အပေးအယူတစ်ခုလည်းမဟုတ်သလို တပါးသူစေခိုင်းလို့လုပ်ရတာမျိုးလည်း မဟုတ်ပါဘူး။ 'ငါကဒါလုပ်ပေးရတယ်' 'နင်ကတော့ ဒါပြန်မလုပ်ပေးဘူး'စတဲ့ Give & Take ဆန်ဆန်အယူအဆတွေဟာ အချစ်မရှိတဲ့ အတ္တသမားမှာပဲ ရှိတတ်ကြတာမျိုးပါ။ တကယ်ချစ်မိသွားရင် ကိုယ့်ကိုကိုယ်ထက် သူပျော်ရွှင်စေဖို့ကိုပဲ ခေါင်းထဲရှိတော့တာပါ ဒါကြောင့် သူပျော်ရွင်စေဖို့ တာဝန်တစ်ခုအနေနဲ့ လုပ်နေရတယ် ဆိုကတည်းက သင်တကယ်မချစ်သေးလို့ပါ။ (●သူတပါးနဲ့မနှိုင်းယှဉ်ပါနဲ့)🍁🍁🍁 သင့်အနေနဲ့ မကြိုက်ခင်ထဲကသေချာစဉ်းစားပါ ကြိုက်ပြီးမှ သူ့ကိုတခြားသူများနဲ့ ဘယ်တော့မှမနှိုင်းယှဉ်ပါနဲ့။ သူများတွေက ခန္ဓာကိုယ်လှတယ် သူများတွေက ရာထူးမြင့်တယ် သူများတွေက ချမ်းသာတယ် သူများတွေက ရုပ်ရည်ချောမောတယ် သူများတွေက ပိုနားလည်မှုရှိကြတယ် စတဲ့ နှိုင်းယှဉ်မှုတွေနဲ့သူ့ကိုမနှိုင်းယှဉ်ပါနဲ့ လူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိကြပါတယ်။ သင့်အနေနဲ့.... Gym မှာ body လှသူကိုသွားရှာနိုင်ပါတယ် ရာထူးကြီးသူကိုချဉ်းကပ်နိုင်တယ် ချမ်းသာတဲ့သူကို ပိုင်းလုံးဝင်လုပ်လို့ရပါတယ် ချောမောသူတွေကို fb ကနေရှာဖွေနိုင်ပါတယ် ဒါကသင့်အခွင့်အရေးပါ။ ဒါပေမယ့် သူ့ကိုရွေးချယ်ပြီးပြီဆိုရင်တော့ သူတပါးနဲ့မနှိုင်းယှဉ်ပါနဲ့ သင်ကရော အရာရာပြည့်စုံပြီလား? (●တကယ်ချစ်မှသာချစ်ပါ)🍁🍁 ပုံလေးမြင်ရုံနဲ့ချစ်တာ စာကြောင်းတွေနဲ့ chat ဖူးရုံနဲ့ချစ်မိတာ အပြင်မှာခဏတာမြင်ဖူးရုံနဲ့ချစ်မိတာ သူများတွေရဲ့ မှတ်ချက်ကောင်းတွေကြောင့် ချစ်မိတာ သင်လိုချင်တစ်ခုခုပိုင်ဆိုင်ထားလို့ ချစ်နေတာ...စတာတွေဟာ တကယ့်အချစ်မဟုတ်ပါဘူး။ ဒါတွေကို"အချစ်"လို့ယူဆပြီး Relationship တစ္ခုခုကို ခပ်မြန်မြန်တည်ဆောက်ခြင်းဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် ရေရှည်မှာပြဿနာတွေတက်လာနိုင်ပါတယ် ဒါကြောင့် မချစ်ခင်အရင်စဉ်းစားသင့်ပါတယ် ချစ်နေတုန်းမှာလည်း လေ့လာသင့်ပါတယ် (●ချစ်ရတာလွယ်ပါတယ် တည်ဆောက်ရတာခက်ခဲလွန်းတယ်)🍁🍁 မှန်ပါတယ် ဘယ်လိုပဲချစ်ချစ် ဘယ်သူ့ကိုပဲချစ်ချစ် ချစ်ရတာလွယ်ပါတယ် ဒါပေမယ့် အဲဒီအချစ်၆လသက်တမ်းရဖို့ တစ်နှစ်သက်တမ်းရဖို့ ၃နှစ်သက်တမ်းရောက်ဖို့ကသာမလွယ်ကူတာပါ ပြဿနာပေါင်းမြောက်များစွာကို ကျော်ဖြတ်ပြီးမှ ရောက်ကြတာပါ ဒီလိုမှမဟုတ်ရင် သွေးပူတုန်းချစ်ကြပြီး သွေးအေးသွားတဲ့အခါ နောက်တစ်ယောက်ပေါ်လာတဲ့အခါ တည်ဆောက်ထားတဲ့အချစ်တွေဟာ မိနစ်ပိုင်းအတွင်းပျက်စီးသွားနိုင်ပါတယ် ဒါ့ကြောင့် ခဲယဉ်းစွာတည်ဆောက်ကြပါ အမြဲတမ်းလည်းချစ်နေနိုင်ကြပါစေ... ●တကယ်တော့ လူအားလုံးမှာအချစ်စိတ်ရှိကြပါတယ် ချစ်ပုံချစ်နည်းလွဲမှားနေတာရယ် အချစ်ကို ပုံမဖော်တက်ကြတာရယ် အချစ်အပေါ်မှာ အတ္တနဲ့မာနဖုံးနေကြတာရယ် အချစ်ဟာ ရလာဒ်တွေမတူညီကြတော့တာပါ။ အများကြီးပြင်ဆင်ပြီး အကြီးကြီးချစ်နိုင်ကြပါစေဗျာ......

Ꭱ𝙾𝙼𝙴𝙾❀
Ꭱ𝙾𝙼𝙴𝙾❀
Open In TikTok:
Region: TH
Thursday 06 August 2026 04:19:28 GMT
47871
6731
102
722

Music

Download

Comments

aung35768
🌳💐ဥယျဉ်မှုး🌳💐 :
အချစ်တစ်ခုမှာအရာရာကိုနားလည်ပေးတဲ့ကောင်လေးအရာရာကိုအလိုလိုက့်တဲ့ကောင်လေးတွေကထားခဲ့ခံရတာဗျားတယ် ခလေးစန်တဲ့ကောင်လေးသူတို့အပေါ်ဆိုးနွဲ့နေတဲ့ကောင်လေးတွေကပိုချစ်ခံရတယ်🥺
2026-08-11 02:22:45
2
wai.wai8582
☺️☺️ကိုအေးချမ်း🤫🤫 :
အရမ်းမှန်တယ်ဗျာ🥺🥺🥺
2026-08-10 20:49:16
1
ktmana0
💌💌မမရဲ့ချစ်မဝလေ💌😘 :
ဟုက ဲပါ☺️☺️
2026-08-10 11:14:23
2
naytoe.toe3
𝒁𝑨𝑾𝑵𝑨𝑰𝑵𝑮𝑶𝑶♡⃝(🎟 :
https://vt.tiktok.com/ZS4torbNt/
2026-08-10 03:53:32
2
pearl76904
ရစ်စိန်မလေး😛 :
ကျေးဇူးပါပဲရှင့်ကောင်လေးကိုအရမ်းကြီးမချုပ်ချယ်တော့ပါပူး😁
2026-08-09 01:50:26
6
kaung.4536
➪𝗠𝗚 Kᴀᴜɴɢᵏʰᵃⁱⁿᵍ♥︎ :
ခုစာကိုဖတ်ပိသွားမ ကိုယ်ကအတ္တသမားဖြစ်နေမှန်းသိလိုက်ရတယ် ကျေးဇူပါ💐
2026-08-09 12:13:29
4
k7374227
🇨🇳 :
ပြန်တင်ပါရစေနော် Crd: ❤️
2026-08-10 13:42:20
1
nigxtmare2
1996.oct.♎ :
င့မိန်းမရေ... တီစာမြင်သင့်တရ်🥺😔😔
2026-08-09 13:06:49
2
homnoom06
🌸Hom Noom🌸 :
ဒါဆိုငါကအတ္တသမာဖြစ်နေပြီပဲ🙂
2026-08-09 14:19:59
2
usernam89229882300543
Earn Dray than than lay :
ကျေဇူး ပါ ပဲ borရ
2026-08-08 11:26:48
1
lay22018jud
MonLay 🐼🐼🐼 :
မချုပ်ချယ်သလိုအနိုင်လည်းမယူဖူးပါဘူးအမြဲတမ်းကိုယ့်ဘက်ကပဲအလျော့ပေးထားတယ်သူများတွေနဲ့လည်းမနှိုင်းယှဉ်ဘူးတချို့အရာတွေဆိုမပြောဘူးသိသိရဲ့နဲ့သူပျော်ပါစေဆိုပီးတခါတလေတော့မိခင်တယောက်လိုစိတ်ပူပီးလိုက်ပြောနေမိတယ်ဒါကလည်းသူ့ကိုချစ်လို့ဆိုတာကိုသိစေချင်မိတယ်တခါတလေတော့ဝမ်းနည်းမိတယ်ကိုယ်ချစ်သလိုဘာလို့ပြန်မချစ်ပေးနိုင်တာလဲလို့ပေါ့မေတ္တာမှန်ရင်ရောင်ပြန်ဟပ်တယ်ဆိုတဲ့စကားကိုတော့စိတ်ထဲမှာအမြဲထားတယ်😔😔😔တယောက်ထဲလည်းအတွေးတွေလွန်နေမိတယ်တယောက်ထဲပဲဝမ်းနည်းနေမိတယ်🥺🥺🥺
2026-08-10 00:56:56
2
she872056
🍀 Regina 🍀🌷💐🌸🪷 :
copy ရနိုင်မလားရှင်🥰
2026-08-08 14:36:50
2
thatoenwe9815
sakura :
တို့ကတော့ဘယ်သူမှမချစ်နိုင်တဲ့လူတစ်ယောက်ကိုချစ်ထားတယ်ဒါပေမယ့်ကျွန်မမျက်စိထဲမှာတော့ကျွန်မကျားကျားကတော့အလှဆုံးချစ်ဖို့အကောင်းဆုံးပဲဒါကတော့ကျွန်မရဲ့ကျားကျားပေါ်နော်😍😍😍
2026-08-09 16:44:46
1
user255108787
Min Htit :
ကျနော်လယ်မချုပ်ချယ်ဘာဘူးအမြဲတန်လယ်အရှော့ပေးတယ်အနိုင်လယ်မယူဘူးသူပျော်နေရင်ရပီးလေးဆိုအတွေးနဲ့ဘယ်မငြိုငြင်ဘယ်ချစ်နေခဲ့တယ်တနေ့တော့နားလယ်လာမာဘားကိုချစ်တလိုပြန်အချစ်ခံရမာဘောဖျား🥺🥺
2026-08-10 02:25:49
3
.onlyyou21
𝚘𝚢𝚢 𝚜𝚒𝚗𝚒 :
ခုလိုစာလေးတွေဖတ်မိသွားတော့လဲကို့ကိုကိုအတ္တသမားလို့ပြန်တွေးမိပါတယ်ကို့စိတ်ကိုပြင်ရအုံးမယ်ချစ်ပုံချစ်နည်းမှားနေတာကို
2026-08-06 15:16:01
3
koko536ehcfg365sif
မာဝ်အေဲမ်း,ဆာရာ😘🥰🇬🇦 :
ဟာ..မှန်တယ် ဗျာ....များများတင်ပေးပါ🥰🥰
2026-08-10 12:13:18
1
tzn645000
Ꭻᴜʟɪᴇᴛ❀ :
ဟုတ်တာပေါ့😍
2026-08-06 12:31:23
4
kyaw.nawchie
Kyaw :
copy ရနိုင်မလား
2026-08-06 04:45:20
1
phyo.lwin438
🅿🅷🆈🅾 🆉🅸🅽 🆃🆄🅽 :
4နှစ်ကျော်လာခဲ့ပြီမို့ အများရီးသိပ်မပြောတော့ပါဘူး☺️
2026-08-10 23:54:25
2
kaung.pyae.thu359
လမ်းပြကြယ် :
ဘယ်လောက်ထိချစ်နိုင်ကြမှာလဲ..
2026-08-11 04:19:24
0
su.may5470
su may :
ပြန်တင်မယ်နော်
2026-08-11 00:44:55
1
k.zin.oo588
?NICO👻 VITO👻 (အညာသား) :
ပို့ပြန်တင်ပါရစေဗျ..
2026-08-10 23:49:01
1
pekinlay
@數|•ᥫ᭡Gor-數|•ᥫ᭡ :
နာလည်ပါပီး🥺
2026-08-11 02:32:26
1
khoon2006kh9
NaDi😝❤ :
ပြန်တင်ပါရစေ
2026-08-10 19:39:30
1
henryhenry1258
◥꧁🅗🅔🅝🅡🅨 ⁖℘༒ :
အားရပါတယ်ဗျာ🥰🥰🥰🥰
2026-08-09 12:33:14
1
To see more videos from user @ytzn67, please go to the Tikwm homepage.

Other Videos


About