@.video26: ဘဝကို အရှုံးမပေးနဲ့........ ( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ်ကြည့်စေချင်တယ် )..... လောကကြီးမှာ ရည်ရွယ်ချက်အတွက် ပန်းတိုင်ကို ရောက်အောင် လျှောက်နေသေးသ၍ သင်မှန်တယ်...။ လေတိုက်တိုင်း လွင့်နေရအောင် သစ်ရွက်ခြောက်မှ မဟုတ်တာ....။ အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင် ကိုယ့်မျက်ရည်နဲ့ကိုယ်တောင် ကမ်းမမြင် လမ်းမမြင် လွင့်မျောနေလောက်ပြီ.....။ ချောက်တိုင်း ကြောက်ရရင်လည်း ဒီကမ္ဘာမှာ နေစရာ နေရာတောင် ရှိမှာမဟုတ်တော့သလို ကြောက်တိုင်း ပြေးရရင်လည်း ကမ္ဘာ့အပြင်ဘက်တောင် ရောက်နေလောက်ရောပေါ့.....။ ပုံသေနည်း မရှိတဲ့ဘဝ သမိုင်းစာမျက်နှာပေါ်မှာ အမှားပေါင်း သောင်းခြောက်ထောင် အဖျက်ရာတွေ ဗလပွနဲ့ ဘယ်သူမှ ဒဏ်ရာနဲ့တော့ မကင်းဘူး....။ ဒီလိုပဲ... မှားသွားလိုက် ပြန်ပြင်လိုက်၊ လဲကျလိုက် ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို လှမ်းကိုင်ကြတာပဲလေ....။ အမေက လမ်းလျှောက်တတ်အောင် သင်ပေးခဲ့တယ်။ လောကကြီးက နေတတ်အောင် သင်ပေးလိမ့်မယ်။ ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား....။ ငယ်ငယ်က အကြိမ်ကြိမ် လဲကျခဲ့တာတောင် ပြန်ထပြီး ဒီနေ့အထိရောက်အောင် လျှောက်နိုင်ခဲ့သေးရင် အမှားတွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်...။ နောက်နေ့တွေအတွက်.... ဆက်သာလျှောက် လမ်းမပျောက်စေနဲ့ ပန်းတိုင်က ရောက်ကို ရောက်တယ် မင်း ကံ ကောင်းနေဖို့ မလိုဘူး... မင်း ကောင်းနေဖို့ပဲ့ လိုတာပါ... ကံကောင်းနေခြင်းက မင်းကို မကောင်းစေပါဘူး... ဒါပေမဲ့... မင်းကောင်းနေခြင်းက မင်းကံကိုပါ ကောင်းစေပါတယ်.. - ဘာလို့လဲ ဆိုတော့... ကံဘယ်လောက်ကောင်းကောင်း မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့စိတ် မရှိရင် ကံဆိုတဲ့အရာကြီးက မင်းဘဝရဲ့... စားဝတ်နေရေးကို တာဝန်ယူမှာ မဟုတ်ပါဘူးလေ... - အေး...ဒါပေမဲ့... ကံဘယ်လောက်ပဲ ဆိုးနေပါစေ... မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့ စိတ် ရှိနေသေးရင်တော့... - မင်းဘဝရဲ့ စားဝတ်နေရေးကို မင်းရဲ့ ကြိုးစားမှုတွေ မင်းရဲ့ လုပ်အားတွေက တာဝန်ယူသွားလိမ့်မယ်... - ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ကံကို မယုံပါနဲ့ လို့တော့ မပြောလိုပါဘူး... - ဒါပေမဲ့... လူငယ်တစ်ယောက်အနေနဲ့ ပြောချင်တာတစ်ခုက... ကံဆိုတဲ့ မမြင်ရတဲ့ အရာထက် မင်းဆိုတဲ့ မြင်နေရတဲ့ မင်းကိုယ်မင်း ပိုပြီးယုံကြည်ပါလို့ ပြောချင်ပါတယ်... - ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ... မင်းအပေါ်မှာပဲ့ မူတည်ပါတယ်... ရိုးရိုးလေးပါပဲ.... - မင်းကောင်းနေရင် မင်း ကံကောင်းလိမ့်မယ်... မင်းဆိုးနေရင်တော့ မင်းကံဆိုးလိမ့်မယ်... "ကျွန်တော် ဘာပဲလုပ်လုပ် အမြဲကံဆိုးနေတယ်လို့ ငြီးငြူမနေပါနဲ့...." - မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ????? တစ်ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော်မနေပါနဲ့... အဲဒါ ကံဆိုးတာ မဟုတ်တော့ဘူး... မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွားပြီ... - ဘာပဲ့လုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့... မင်းကိုယ်မင်းလဲ အပြစ်တင်ကြည့်ပါအုံး... အဲဒါတွေ ဖြစ်နေတာ ကံကြောင့်မဟုတ်ဘူး... အဲဒါတွေ ဖြစ်နေတာ မင်းကြောင့်ဆိုတာ မမေ့နဲ့... လူငယ်တွေ မြဲမြဲမှတ်ထားပါ... - မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့... ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီကို အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး... - မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်... "ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေကို ကျွန်တော်တို့ ဘာလို့မရလဲ..." မင်းတို့ ဘာလို့ မရလဲ သိလား????? - "မင်းတို့ရဲ့ မနက်ဖြန်အတွက် မင်းတို့ ဒီနေ့ အသုံးမကျလို့ မရတာကွ..." အနာဂတ် မနက်ဖြန်တိုင်းရဲ့ ကံကောင်းခြင်းတွေ လိုချင်ရင်... - ပစ္စုပ္ပန် နေ့ရက်တိုင်းကို အကောင်းဆုံး ကြိုးစားဖို့ လိုတယ်ဆိုတာ... ဘယ်တော့မှ မမေ့ပါနဲ့.... မင်းလိုချင်တဲ့ ကံကောင်းခြင်းကို... မင်းကလွဲပြီး ဘယ်သူမှ မယူပေးနိုင်ဘူးနော်... - လူငယ်တွေပြန်လည် မျှဝေပေး - မင်းတို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ... မင်းတို့ရဲ့ ကံကောင်းခြင်း တွေ ရှိနေလို့ပဲ့... ကံကောင်းချင်ရင်... - ပျင်းရိခြင်း နဲ့ သက်သာခြင်းကို ဝေးဝေးက ရှောင်ပါ... လူငယ်တွေ တိုးတက်စေဖို့ ရည်ရွယ်လျက်... ©®➖ #လူငယ်များဆီသို့ #စာပေကြိုက်သူများ #ဘဝစာပေ JTS Advices Sharing #ဆရာအောင်သင်း #crd
💡☘️📚ဘဝစာပေ📖☘️💡
Region: MY
Thursday 06 August 2026 04:43:17 GMT
Music
Download
Comments
Ma San San Naing :
🥰🥰တန်ဖိုး ရှိတဲ့စာပါ
2026-08-12 04:09:41
2
မင်းသား :
မပေရလိုရတဲလူအတွက်
2026-09-09 13:48:44
0
ကောင်းပြည့် .မြင်းခြံသားလေး😍 :
စိတ်ဓတ်ကျနေချိန်မှာဒီစာလေးဖတ်ရတာလည်းအားရှိပါတယ်ဗျာဘဝတွတ်အားဆေးတစ်ခွက်ပါဘဲ🥰🥰💪💪
2026-09-09 07:10:26
0
Kyaw Myo Htwe :
ကျေးဇူးပါဗျ
2026-09-10 13:22:14
0
ThawThawHtet :
ဟုတ်ကဲ့စိတ်ခွင်အားတွေတက်စေပါတယ်
2026-08-07 15:34:20
2
♐ :
ဟုပ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ🤝🤝
2026-09-10 11:57:53
0
Nyein Htwe :
အခုလိုပြောပြပေးလို့ကျေးဇူးပါ🤍🍃☘️
2026-08-24 14:22:46
1
Thu Thu :
ဒီစာပေတွေကတကယ့်ကိုအဖိုးတန်တွေပါဗျာ🥰
2026-08-11 06:50:41
1
SAW THAW KA LU :
အရမ်းကိုဖတ်လို့ကောင်းတဲ့စာသားလေးပါကျနု်တော်တို့ကြိုးစားရအုန်းမယ်👍👍
2026-09-10 01:44:41
0
ma tin tin soe :
ကျေးဇူးပါရှင်
2026-09-09 06:00:07
0
khun HToo zaw :
စိတ်ဓိက်ခွန်အားရခဲပါတယ်ဗျာ💪💪
ကျေးဇူးပါ 🥰 များများတင်ပေးပါ🥰🥰
2026-08-11 03:07:11
1
Tun Tun Moe :
အားလုံး စာပေဗဟုသုတကိုသင်ယူပါသူငယ်ချင်းတို့
2026-08-10 16:01:39
1
𝒜2𝒦 :
2026-08-09 01:02:52
1
Daw Ne :
ကောင်းလိုက်တာများများတင်ပေးပါ
2026-08-11 07:12:59
1
STAR RECAP :
မှန်ပါတယ်ဗျာ😍🥰
2026-08-11 13:18:22
1
😘💝Hnin Hnin Maw 😘💝 :
စာသာလေးကအရမ်းဖတ်လိုကောင်းတယ်ဗျအရမ်းကြိုက်တယ် ဗျ🥰🥰
2026-08-10 13:36:44
1
soe soe san :
အရမ်းကောင်းမွန်တဲ့စာပေဗဟုသုတတစ်ခုပါဘဲရှင့်လူငယ်လူရွယ်အားလုံးကိုကြိုစားအားထုတ်လို့ကိုယ်လိုရာပန်တိုင်ကိုမရောက်ရောက်အောင်ဆွတ်ခူးနိုင်ဖို့အတွက်ရည်ရွယ်ဖော်ပြထားသည့်စာပေဗဟုသုတတစ်ခုဖြစ်သလို့လူငယ်လူရွယ်အားလုံးကိုအားအင်ဖြစ်စေတဲ့တန်ဖိုးများစွာရှိတဲ့စာသားလေးတွေပါစာဖတ်သူအဖို့အရမ်းကိုနှစ်သက်မိလို့သဘောကျမိပါတယ်ရှင့်လူငယ်လူရွယ်များကိုယ်စားကျေးဇူးအထူးတင်မိပါတယ်ယခုလိုတန်ဖိုးရှိတဲ့စာပေဗဟုသုတတွေတင်ပေးသည့်အတွက်ကျေးဇူးပါအားပေးနေပါတယ်ရှင့်🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-12 06:18:09
1
Ko Myo Min :
တန်ဖိုးရှိတဲ့စာသားတွေပါ
❤️❤️❤️
2026-08-06 05:02:23
0
Riley📓 :
စိတ်ဓာတ်ကျနေတုန်းဒီစာလေးတွေ့တော့
ရှေ့ရှောက်ဖို့အားတက်လာတယ်ဗျာ😊😊
2026-08-10 09:12:33
7
Naung myint :
ဒီစာကိုဖတ်ရဒါအကျိုးလဲရသလိုအားလဲရတယ်အဲ့အတွက်ကျေးဇူ့ပါ🥰
2026-09-03 12:55:00
0
1Gt Yy :
ဟုပါတယ်❤️🩹❤️🩹🙏🙏
2026-08-30 08:24:36
0
Ko Myo Min :
ဟုတ်ကဲ့ လေးစားပါတယ်ဗျာ
2026-09-07 09:49:34
0
🇲🇲$ĥø🇹🇭(သထုံးသားလေး) :
ဒီစာကိုဖတ်ပြီးအားရှိသွားပြီး
2026-09-11 05:28:56
0
ME Clothing :
စာသားလေးအတွက်ကျေးဇူးပါ🥰
2026-09-08 09:21:17
0
연私丶연𝒳𝑒𝓃𝑜ジ :
စာသားလေးပေးပါလားဗျ🥰☺
2026-08-06 05:40:46
0
To see more videos from user @.video26, please go to the Tikwm
homepage.