@tazethar7: #videocredit #foryou #တန့်ဆည်နဲ့ ကန့်ဘလူဘက်မှာ မူးမြစ်နဲ့ စည်တုံလုံးချောင်း ရေလျှံလို့ ကျေးရွာ ၄၀ ကျော်မှာ ရေကြီးနေ တန့်ဆည်၊ ဩဂုတ် ၆၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ကန့်ဘလူမြို့နယ်ကြားရှိ စည်တုံလုံးချောင်းနဲ့ မူးမြစ် ရေလျှံလို့ ကျေးရွာ ၄၀ ကျော်ရေကြီးနေတယ်လို့ တန့်ဆည်မြို့နယ် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။ ဩဂုတ်လ ၅ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ချောင်းရေမြင့်တက်လာသလို သဖန်းဆိပ်ဆည်မှာလည်း ရေလျှံပြီး ရေကျော်ကျလာတာတွေကြောင့် ချောင်းနဲ့ မြစ်ကမ်းနဘေးရှိ ကျေးရွာတွေကို ရေဝင်လာတာလို့ ဆိုပါတယ်။ "တံတားနှစ်စင်း ကျိူးထားတာရှိတယ်။ လယ်ကြားကုန်းကြားမှာနေတဲ့ လယ်စောင့်တဲတွေမှာနေတဲ့ စစ်ဘေးရှောင်နေရာတွေလည်း ရွှေ့ထားရတယ်။ ရေတွေက သုံးလေးပေလောက် တက်နေတာရှိတယ်။ အိမ်ထဲဝင်တဲ့အဆင့် အိမ်ယာတွေ ရွှေ့ပြောင်းထားရတာ ရှိတယ်။ လို့ တန့်ဆည်မြို့နယ် ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။ လတ်တလောမှာတော့ ရေကြီးတာက နေအိမ်တွေနစ်မြုပ်တဲ့ အခြေနေထိမရှိသေးပေမယ့် မိုးကလည်း အဆက်မပြတ် ရွာသွန်းနေတာကြောင့် ဆက်လက်စောင့်ကြည့်ရမယ့်အခြေနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ မြစ်ရေကြီးတာကြောင့် ဩဂုတ်လ ၆ ရက်နေ့မနက်မှာ တန့်ဆည်မြို့နယ်၊ ပေါင်ကတောင်ကျေးရွာက မူးမြစ်ကူး တံတားတစင်း၊ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာနဲ့ ကန့်ဘလူမြို့နယ်၊ ကံရိုးကျေးရွာကြားက မူးမြစ်ကူးတံတားတို့ ရေစီးနဲ့ မျောပါ ပျက်စီးသွားပါတယ်။ ရေကြီးလို့ တန့်ဆည်မြို့နယ်၊ ကပျု၊ သာခေါင်ကြီး၊ ဝက်သိုးရွာတွေက စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀ ကျော် ကုန့်မြင့်ပိုင်းတွေကို ရွှေ့ပြောင်းထားရပြီး၊ အခြားကျေးရွာနေ ပြည်သူတွေကတော့ နေအိမ်တွေထဲ ရေဝင်နေပေမယ့် အရေးပေါ်ရွှေ့ပြောင်းတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ရေကြီးနေလို့ တန့်ဆည်နယ်ထဲက ကပျု၊ သာခေါင်ကြီး၊ ဝက်သိုး၊ အောင်သုခ၊ ဥာဏ်သာ၊ ရသစ်၊ ငတန်း၊ သာစည်ကုန်း၊ ရွှေလှံနဲ့ မူးခွကျေးရွာတွေနဲ့ ကန့်ဘလူမြို့နယ်ထဲက ကံရိုး၊ မိုးကောင်း၊ မူးကျင်းစု စတဲ့ကျေးရွာတွေ အပါအဝင် မူးမြစ်ကမ်းနဘေးကျေးရွာ ၄၀ ကျော်လောက်မှာ ရေကြီးနေတယ်လို့ သိရပါတယ်။ ပုံစာ - ကန့်ဘလူမြို့နယ် ကံရိုးကျေးရွာအတွင်း ဩဂုတ်လ ၆ ရက်နေ့မနက်ပိုင်း ရေနစ်မြုပ်နေမှုအား မြင်တွေ့ရစဉ် သတင်း - ကျော်ကြီး #မြေလတ်အသံ#ပေါက်ကိုယ်တော်

Taze Thar 3 ကောက်မြောက်
Taze Thar 3 ကောက်မြောက်
Open In TikTok:
Region: TH
Thursday 06 August 2026 05:58:14 GMT
61027
2413
55
306

Music

Download

Comments

thuta.official
Aung Thuta Paing :
သဘာ၀တရားကြီးရယ် အညာဒေသကိုတော့ မရက်စက်လိုက်ပါနဲ့နော် အညာကဒဏ်ရာတွေနဲ့မို့လို့ပါ 🥺
2026-08-06 06:53:23
21
nan.shweta.li
Nan Shweta li :
ဇီပလုံးချောင်းလို့ ပြောတဲ့နေရာလား ကားသမားတွေ ထွန်စက်နဲ့ ဆွဲရတဲ့နေရာလားရှင့်
2026-08-06 08:02:13
2
supopoaung898
🎀 𝗦𝘂 🎀 5/Taze :
ကံထူးမဘက်တို့ရောပါသေးတာလား
2026-08-06 07:38:06
4
user768485725761
user768485725761 :
တန့်ဆည် ညောင်ကုန်းအခြေအနေသိလားဗျ
2026-08-06 06:57:30
1
thineihtwe174
🍀FLORA 🍀 :
ရေကြီးတာကလဲကျွန်တော်တို့တန့်ဆည်မြို့လေးမာဖြစ်နေပီပြည်သူတွေအားလုံးဘေးကင်းကြပါစေ🥺🥺🥺🥺
2026-08-06 08:08:54
1
tharchitksht4124
🍓 🍒𝒽𝒶𝓃𝓉𝒽𝒾 💞🍓 ⋆ :
တန့်ဆည်နယ်မြောက်ခြမ်းမှာရေကြီးတာလား
2026-08-06 07:09:14
1
daw.san.san.myint9444
Daw San San Myint :
အားလုံးဘေးကင်းကြပါစေ
2026-08-06 08:03:54
1
htunthet83
Htun Thet :
ဘေးကင်းကြဘာစေ
2026-08-06 07:46:41
1
ever.smile6341
Ever😊 Smile😁🇲🇲 :
ကိုယ့်ရွာဘက်ကတော့မူးအထက် လွတ်မယ်ထင်တာပဲ😳 မိဘတွေကရွာမှာ ကို်ယတွေက စစ်ရှောင်မြို့ပေါ်နေနေရတဲ့ဘဝ
2026-08-06 08:19:16
1
ahtheint524
𝐀𝐑𝐎𝐂𝐎 :
သဖန်းဆိပ်နဲ့ ကင်းတပ်ဆည် မကျိုးပါစေနဲ့ဆုတောင်းရမှာဘဲကွယ်🙏🤧
2026-08-06 08:18:58
3
than.than.myint95
Than Than Myint :
ဘေးကင်းကြပါစေ
2026-08-06 07:48:32
1
yaminyamin5467
Zaira🍃 :
ငါတို့ရွာလေး😭
2026-08-06 07:10:54
1
khin.myo.htay868
Khin Myo Htay :
7 ရက်သားသမီးအပေါင်းဘေးအမျိုးမျိုးမှကင်းဝေးကြပါစေ
2026-08-06 07:20:37
1
bakemono833
『N1』乄Dee๛ :
ပြည်သူတွေကပ်ဘေးမှကင်းဝေးကြပါစေ
2026-08-06 07:30:46
1
user775194297
ရတနာ :
ပြည်သူ တွေဘေးကင်းကြပါစေ👏👏👏
2026-08-06 07:12:47
1
myominkhaing320
myominkhaing320 :
ဘေးကင်းကြပါစေသားအရှင်ဘုရားးး🙏🙏🙏
2026-08-06 06:57:37
1
julysoe32
soe ame :
ခုထိ.ရေကမကြသေးဘူး...သနားပါတယ် ပြည်သူတွေလည်း..အရပ်ပျက်တော့ အရပ်ကပဲကူကြတာ..အစိုးရဆိုတာ မူးလို့ရူစရာတောင်မတွေ့ရ...ဘုရားဘုရား..
2026-08-06 06:17:02
3
uthain.htway1500
sandarmoe@ :
ဘေးကင်းကြပါစေ
2026-08-06 06:52:05
1
kozawtoe279
kozawtoe279 :
ဘေးကင်းကြပါစေ
2026-08-06 06:04:34
1
nge6817
MRS👑Nge🇲🇲 :
ဘေးကင်းကြပါစေ7ရက်သားသမီးအားလုံး🙏
2026-08-06 06:24:26
1
waihin6913
숲속의 큰 동물 :
အဲဒီပုံထဲက တံတားက ကန့်ဘလူနယ်ထဲက ကန်ရိုးရွာနဲ့ တန့်ဆည်နယ်ထဲက မူးခွရွာကို ဆက်သွယ်ထားတဲ့ မူးမြစ်ကူး ငြိမ်းချမ်းရွှေပြည် တံတားမို့လား
2026-08-06 07:43:38
1
mm883126
MM :
ကပ်ကြီးသုံးပါကျော်လွှာနိုင်ကြပါစေကြားရမြင်ရတာတွေစိတ်မကောင်းစရာမြန်မာရေစစ်ဘေးရေဘေးအန္တာယ်တွေဘယ်တော့များထိခံရအုံးမှာလဲဘေးကင်းကြပါစေ🙏🙏🙏🙏🙏🙏🙏
2026-08-06 07:48:19
1
theinhtun9841
K T oo :
အားလုံးကရေကြီးနေကြချိန်ငါတို့ဆီမှာမူးကျိုးလို့ရေပြတ်တောင်သူတွေဒုက္ခရောက်နေရပြီ😥😥
2026-08-06 07:23:58
1
ko.zaw.lwin.aung
ko Zaw Lwin Aung :
သဘာဝပတ်ဝန်ကျင် မထိမ်းသိမ်းနိုင်တာလေ လူတွေကြောင့်ဖြစ်တာ ခံရမှာလောကဒါန်
2026-08-06 07:01:12
1
user3788450973927
Thaye kyi :
အမျိုးတို့ရေဘေးကင်းကဖပါစေ
2026-08-06 08:38:53
0
To see more videos from user @tazethar7, please go to the Tikwm homepage.

Other Videos


About