@the.irrawaddy1: မင်းအောင်လှိုင် ထိုင်းကိုလာရင် ဖမ်းဆီးပေးဖို့ တောင်းဆို နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံလာရောက်ချိန်မှာ ဖမ်းဆီးပြီး အာဂျင်တီးနားကို လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ဖို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား တရားရေးအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်ရဲ့ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ သွားရောက်မယ့် ထိုင်းနိုင်ငံခရီးစဉ်အတွင်း အာဂျင်တီးနားတရားရုံးအနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးလွှဲပြောင်းရေး ဆောင်ရွက်ဖို့ ဩဂုတ်လ ၄ ရက်နေ့က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင် နဲ့ မြန်မာစစ်တပ်အကြီးအကဲတွေကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုး နွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် BROUK က အာဂျင်တီးနားတရားရုံးမှာ ၂၀၁၉ ခုနှစ် ကတည်းက အမှုဖွင့်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ အာဂျင်တီးနားတရားရုံးက နိုင်ငံတကာဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာပါ။   #မြန်မာ #ဧရာဝတီ #ထိုင်းခရီးစဉ် #BROUK #ဖမ်းဝရမ်း #အာဂျင်တီးနား #ရိုဟင်ဂျာ #WhatsHappeningInMyanmar

The Irrawaddy
The Irrawaddy
Open In TikTok:
Region: TH
Thursday 06 August 2026 07:56:55 GMT
9645
241
6
13

Music

Download

Comments

htay.6162
htay htay 18/4/2023 :
သမ္မတ ကြီးကျန်းမာပါစေ ဘေးရန်ကင်းပါစေ
2026-08-07 05:22:01
1
user8798576878362n
NAWEAUNGလေလွင့်သူ :
😂😂😂
2026-08-06 09:21:27
1
m.r.p.d.a3
အကျိုးဆောင်ကိုထိုက်ကြီးပါ :
🥰🥰🥰
2026-08-07 01:32:37
0
user1419250235712
အ ပြုံး :
👍👍👍
2026-08-06 08:03:02
0
naingwintun655
naingwintun655 :
😂😂😂
2026-08-07 08:38:33
0
To see more videos from user @the.irrawaddy1, please go to the Tikwm homepage.

Other Videos


About