@ko.art999: ✝ #ခရစ်ယာန် အမေး ဗုဒ္ဓဘာသာအရာ အားလုံးဟာ (အနတ္တ)ပဲရှိတယ်(အတ္တ)မရှိဘူးလို ဆိုထားတယ်၊ ပြီးတော့ ခုဘဝကလူပဲ နောက်ဘဝပြန်ဖြစ်တယ်ဆိုတော့ ဒါဟာ ရှေ့စကား နောက်စကားညီရဲ့လား ယုတ္တိကင်မဲ့နေပြီးမဟုတ်လား။ #ခရစ်ယာန်ဆရာတွေ ယုတ္တိထောက်ချက် ဒီဘဝက လူကနောက်ဘဝမှာဖြစ်တယ်ဆိုရင်၊ (အနတ္တ)နဲ့ဆန်ကျင်နေပြီး တကယ်လို ဒီဘဝကလူက နောက်ဘဝမှာမဖြစ်ဘူးဆိုရင် (ကံ) အကျိုးဆက်ကို ဘယ်သူခံရမှာလဲ။ ကံဆိုတာကိုဟန်ပြလုပ်စားဖိုသုံးထားတဲ့ စကားလုံးပေါ့ဟု။.ယုတ္တိထောက်လေ၏.. 👬ဒီမေးခွန်းဟာ နာထောင်းနေတဲ့ ပုရိတ်သတ်ကိုလဲ အလွန်စိတ်ဝင်စားစေခဲ့ပြီး တောယုံးဗဟုသုတရှိလောက်နဲ့ဆို ချာချာလယ်သွားစေနိုင်၊ ဗုဒ္ဓဘာသာအတွက် အလွန်နက်ရှိုင်း ထိုးနက်တဲ့မေးခွန်းဖြစ်ပါတယ်။ ဒါပေမဲ ဗုဒ္ဓဘာသာဖက်က ဖြေဆိုတဲ့ ဂုဏာနန္ဒအရှင်မြတ်ဟာ လောကီ လောကုတ္တရာ နှင့် စကားအရာမှာ အလွန်ကျွမ်းကျင်ပါးနပ်တဲမထေရ်ထြစ်ပါတယ်။ ☸#ဗုဒ္ဓဘာသာ ဂုဏာနန္ဒအရှင်မြတ် ရဲအဖြေ. ဗုဒ္ဓဘာသာမှာ (တစ်ယောက်တည်းလို့လဲ မဟောသလို) အခြားလူတစ်ယောက်လို့လဲ မဟောထားပါဘူးဟု) အရင်ဆုံးပြောလေ၏။ ပြီမှ အောက်ပါ ဥပမာနဲ့ ယုတ္တိထောက်ပြလေ၏ #ဆီမီး ဥပမာ ဖယောင်းတိုင်တစ်တိုင်းရဲ (မီးကနေ) နောက်တစ်တိုင်ကိုကူးညှိလိုက်တဲ့အခါ ဒုတိယ ဖယောင်းတိုင်ရဲ့( မီးဟာ) ပထမဖယောင်းတိုင်ရဲ့မီးလိုပြောလိုမရသလို ပထမဖယောင်းတိုင်မီးမရှိရင်လဲ၊ ဒုတိယဖယောင်းတိုင်ရဲ့ မီး ရှိမလာနိုင်သလိုပါပဲဟု။ ဗုဒ္ဖဘာသာ၏ ရှေ့ဘဝနှင့် နောက်ဘဝ အကြောင်းအကျိုးဆက်စပ်ပုံကို ယုတ္တိရှိရှိသဘာဝကျကျဖြေပေးလိုက်လေ၏။ 👬 ပရိတ်သတ်များလဲ ရင်တမမနဲ့နားထောင်နေရင် ဂုဏာနန္ဒအရှင်မြတ် ရဲ အလွန်ကောင်းတဲ့ ဥပမာနဲ့ အဖြေပေးလိုက်တဲ့ စကားသံအဆုံးမှာ လက်ခုပ်သြဘာသံပေး၍ ကောင်းလိုက်တဲ့ဥပမာရှင်းလင်နေတာပဲဟုပြောဆိုကြလေ၏ဟု၊ မှတ်တမ်းစာအုပ်၌တွေရလေ၏။ ✝#ခရစ်ယာန် ဖက်က ထပ်ပြီးထောက်ပြန်၏ ဒီဥပမာက ရှေ့ဘဝ နောက်ဘဝ ဆက်စပ်မှုလောက်ပါပဲ၊ ကံ ကိုဘယ်သူက ခံတာလည်း အဖြေမပါသေးပါဟုထောက်၏ ခရစ်ယာန်ဆရာတွေရဲ ထောက်ပြမှုက မှတ်ဉာဏ်ကောင်(သုတို့ဘာသာအလို)မသေတဲ့ ဝိဉာဥ်အကောင်လဲမရှိ ရှေဘဝက ပြုလုပ်ခဲ့တဲ့ အကြောင်းအရာကိုလဲ မမှတ်မှိတော့ပဲ ပြုလုပ်ခဲ့တဲ့ ကံဆိုတဲ့အရာကို ဘယ်လိုခံသလဲ၊ ဒီလိုပြန်ထောက်၏။ ☠ဒီထောက်ပြမှုဟာလဲ ဗုဒ္ဓဘာသာ အတွက် အလွန်နက်ရှိုင်းထိုးနက်တဲ့အရာတစ်ခုဖြစ်၏ ဗုဒ္ဓဘာသာဝင်အချင်းချင်းကသာမန်ပြောယုံလောက်နဲ့လက္ခံနားလယ်နိုင်ပေမဲ့ အခြားဖြစ်တဲ့ ဘာသာခြားတွေကို နားလယ်လက္ခံနိုင်အောင် ရှင်းပြရတဲ့အခါ အလွန်စကားပရိယယ်ကြွယ်မှသာအဆင်ပြေနိုင်၏။ သိုပေသော်လဲ ဗုဒ္ဓဘာသာဖက်က ဦးဆောင်အရှင်မြတ်ကသာမန်ပုဂ္ငိုလ်မဟုတ် နံ့နံစပ်စပ်ဗဟုသုတကြွယ်တဲ့ပုဂ္ဂိုလ်ဖြစ်၏။ ☸ ဗုဒ္ဓဖက်အဖြေ.. ဂုဏာနန္ဒအရှင်မြတ်က ကံ ဆိုတာ အကောင်အထည့်တစ်ခုက ထန်း၍ သယ်ဆောင်မှဖြစ်လာတဲ့အရာမဟုတ်၊ အကြောင်း အကျိုးဆက်စပ်မှုနဲ့ဖြစ်လာတဲ့အရာဖြစ်၏ (မမှတ်မှိတာကြောင့် အကြောင်းအကျိုးပျက်မသွား) မိတ်ဆွေဓမ္မဆရာကြီးဟာ မွေးပြီးတဲ့အချိန်ကစလို့ သုံးနှစ်အရွယ်အတွင်ူက ဖြစ်ပြစ်ခဲ့အရာအားလုံးကို မှတ်မှိပါသလားဟု ဂုဏာနန္ဒအရှင်မြတ် က မေးလိုက်လေ၏။ ✝ ခရစ်ယာန်ဓမ္မဆရာမှ ငယ်ငယ်အကြောင်းအရာအကုန်လုံးကိုတော့ ဘယ်လိုလုပ်အကုန်မှတ်မှိနိုင်မလဲဟုပြန်ဖြေလေ၏။ ☸ ဂုဏာနန္ဒအရှင်မြတ်မှ ဒါဆို ခုဓမ္မဆရာက တစ်ယောက်လား ငယ်ငယ်ကလူကတစ်ယောက်လားဟုမေးလိုက်လေ၏။ ✝ အဲလိုမျိုတော့မဟုတ်ပါဘူး ငယ်ငယ်က ကျွန်ုပ်ရှိခဲလို ခုကျွန်ုပ်ဖြစ်နေတာဟုဖြေလေ၏။ ☸ ဂုဏာနန္ဒအရှင်မြတ်က ဒီအတိုင်းပါပဲ လူတစ်ယောက်ဟာ ငယ်ငယ်က ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို မမှတ်မှိဘူး၊ ဒါပေမဲ..၄င်းရဲ့အကျိုးဆက်ကတော့ ယနေအချိန်ထိ ရှိနေတာပဲလေဟု။ ကံ၏အကျိုးခံစားရပုံကို သဘာဝယုတ္တိကျကျဖြေပေးလိုက်ရာ။ 👭 ပရိတ်သတ်များလဲ လက်ခုပ်သံဆူညံ၍ အလွန်းကောင်းတဲ့ဥပမာပဲ၊ ရှင်နေရောဟုပြောဆိုကြလေ၏။ မှတ်တမ်းမှာဖော်ပြထား၏.... ☸ဗုဒ္ဓဘာဖက်က မေးခွန်း ဗုဒ္ဓဘာဖက်က မေးတဲ့မေးခွန်များကို ခရစ်ဖက် ယုတ္တိကျကျမဖြေဆိုနိုင်ခဲ့ဟု မှတ်တမ်းအရသိရ၏ ၄င်း မေးခွန်း များ (1) အဖ၏အပြစ်တွေကို သားကခံရမယ်ဆိုတာ ယုတ္တိကျကျဖြေပေးပါ။ (2)တခြားလူလုပ်ထားတဲ့အပြစ်ကို၊ အပြစ်မရှိတဲ့တခြားတစ်ယောက်က ဝင်ခံပေးတယ်ဆိုတာ တရားတယ်လို မိတ်ဆွေတိုခံယူသလား။ (ယေရှုခံပေတယ်ဆိုတဲ့အချက်ပေါ်ထောက်ပြမှု) (3) ဖန်ဆင်းရှင်က အရာရာပြည်စုံတယ်ဆိုင်ရင်၊ဘာကြောင့်မပြည်မစုံတဲ့လူသားနဲ့ကမ္ဘာကိုဖန်ဆင်းသလဲ။ (ဖန်ဆင်ရှင်ရဲပြည်စုံမှုဆိုတဲ့အချက်ကိုထောက်ပြမေးခွန်) (4) ဖန်ဆင်းရှင်က အရာရာကြိုသိတယ်ဆိုရင် အပြစ်လုပ်မဲ့လူသားကိုသိသိကြီးနဲ ဖန်ဆင်းတာ တရားမျတသလား။ (5)လူရဲသက်တန်းဟာ နှစ် ၇၀ ၈၀ လောက်ပဲရှိတဲအတွက် အကန့်အသတ်ပဲ့ရှိတဲ့ နှစ်အတွင်းကလုပ်တဲ့အပြစ်အတွက် ထာဝရငရဲကိုချတယ်ဆိုတာ တရားမျတသလား။ (6) ကျမ်းစာကို၊ ကျမ်းစာနဲ့ပဲ သက်သေပြတာ ယုတ္တိကြရဲလား။ (7) ဖန်ဆင်းရှင်က အနန္တမေတ္တာရှင်ကြီးဆိုရင်. လူအများ ငရဲသွားရအောင်ပြုလုပ်တဲ့၊ စနစ်က တရားမျတရဲ့လား။ (ဒါကတော့ ခရစ်ယာန်ဆရာတွေ လုံးဝ ယုတ္တိရှိရှိအဖြေမပေးခဲ့ပဲ ထုံစံအတိုင်း ဖန်ဆင်းရှင်ကို လူကမေးခွန်းထုပ်ခွင့်မရှိဆိုတဲ့ အရာနဲ့ပဲအဆုံးသတ်ခဲ့ဟု၊ မှတ်တမ်းမှာဖော်ပြ. ပြိုင်အပြီးမှာ သိရိလက်ကာ၌ ဗုဒ္ဓဘာသာဟာပြန်လယ်ထွန်းတောက်ခဲ၊
Ko Ta Marဘာသာမဲ့တာဘုရားမမဲ့ဘူး
Region: MM
Thursday 06 August 2026 09:14:45 GMT
Music
Download
Comments
That. That :
ဖန်စင်းရှင်ကိုမေးခွန်းထုပ်ခွင့်မရှိတာမဟုပ်ဘူးအမေးရှိရင်အဖြေဆိုတာရှိစမြဲပဲအမှန်ကတော့မဖြေနိူင်တာပါ
2026-08-06 10:15:43
85
luuu☸ :
ကျတော်ဗုဒ္ဓဘာသာပါ အခုနောက်ပိုင်း ကျတော်အတွက် ဘာသာတရားတွေဆိုတာ လူတွေကဖန်တီးထားတဲ့အရာတစ်ခုလို့ မြင်လာတယ် ယုံကြည်မှုလည်း နည်းလာတယ် နောက်ပြီးစဥ်းစားမိတာတစ်ခုက လူဆိုတာ လူကျင့်ဝတ်ကျင့်ပြီး လူစိတ်ထားဖို့ အပိုရေးကြီးတယ်လို့ မြင်လာရတယ်
2026-08-06 15:43:22
28
Nelrawn Auaw :
ဗုဓ္ဒဘာသာမှာ ဘုရားမရှိဘူး
ရှိရင် ဘုရားဆိုတဲ့အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုပေးပါ။ ဘုရားဆိုတာဘာလဲ။
Buddha ဗုဓ္ဒဆိုရဲ့ မူလ အနက်အဓိပ္ပာယ်က Englighten One.
2026-08-06 18:21:43
5
Pauk chone :
ဗုဒ္ဓဘာသာသည်ခက်ခဲနက်နဲယုံမကအလွန်တရာနူးညံ့သိမ်မွေ့လှပါပေ၏။
2026-08-06 10:31:31
22
အပမဒ :
နောက်ဆုံးအဖြေမရှိတော့
မေးခွန်ထုတ်ခွင့်မရှိဆိုတဲ့စကားနဲ့အဆုံးသတ်ကြတာပဲ
2026-08-06 09:55:19
27
✝️💥Global Fire Power⚡✝️ :
အရင်ဘဝဆိုတာတကယ်ရှိလား
တကယ်ရှိမရှိ ကိုယ်တိုင်မှတ်မိတဲ့သူရှိလား
ဒီဘဝရှ်ိနေရတာဟာ အရင်ဘဝကြောင့်ဆိုပြီး ဘာအထောက်ထားနဲ့လက်ခံကြတာလဲ
အရင်ဘဝရှိတယ်ဆိုပြီး ဖယောင်းတိုင်နဲ့ ပုံဥပမာပေးတာနဲ့ပဲ အဲ့ဒါကတကယ်ရှိခဲ့ ေကြာင်း လက်ခံရ ေတာ့မှာလား
ဒါကလုံလောက်တဲ့ သက်သေမဟုတ်ပါဘူး
အရင်ဘဝနဲ့ပတ်သက်ပြီး ဘယ်သူ့မှ သက်သေမပြနိုင်သေးသ၍တော့ ဒါဟာလည်း မျက်ကန်းယုံကြည်မှုသက်သက်ပါပဲ
2026-08-06 16:11:11
4
U htein Linn :
ချောင်းဝ ဆရာတော် ဦးဥက္ကဌ နဲ့ ခရစ်ယာန် အယူပြိုင်တာ ရှိတယ် ရှာပေးပါ ခင်ဗျ
2026-08-06 13:11:01
8
naingling tun :
ဗုဒ္ဓဘာသာ တရားတိုင်းဟာလေ့လာသင်ယူလေ့ကျင့်လိုမကုန်နိုင်ပါ ဘုရားစကားတစ်ခွန်းတိုင်း တရားတစ်ခုပါ ယုတ္တိရှိလှပါတယ် အရမ်းမွန်မြတ်သော တရား အဆုံးအမတွေပါ ကျင့်ကြံ သုံးသက် လိုက်နာမယ်ဆိုပါက ဆိုးကျိုးကိုမရှိပါ။
2026-08-06 11:34:39
11
Ko Nanda :
ဘာသာမဲ့တေက
ဘယ်ဘုရားကိုးကွယ်တာလဲ?
2026-08-06 10:59:55
3
Akim :
အရင်ဘဝကုသိုလ်ဆိုတော့ အခုမြန်မာပြည်က အရင်ဘဝက မကောင်းတာလုပ်တာများလို့လား
2026-08-06 16:05:30
1
saw samson :
လူတိုင်းအရင်ဘဝဆိုတာရှိလား ဒါဆိုအခုလက်ရှိလူဦး ေရတိုးလာ နေတာ ဘယ်ကရောက်လာကြတာလဲ
2026-08-06 15:34:54
1
အေးအောင် :
ခုချိန်မှာ world debate ခေါ်ကြည့်ပါလား....ရစရာတောင်မရှိဖြစ်သွားမှာ
2026-08-06 18:21:52
2
Kyaw Kyaw :
ကိုယ်ကိုဖန်ဆင်တဲ့ဖန်ဆင်းရှင်ကိုမေးခွန်းပြန်ထုပ်တာတကယ်အံသြတယ်
2026-08-06 12:16:53
0
Bgg Vh :
ဒါဆိုမသိလို့မေးပါရစေမြတ်စွာဘုရားရဲ့မိဘကိုဘယ်သူဖန်ဆင်းထားလဲး
2026-08-06 14:01:25
1
Z M Lin :
အဖြေနှစ်ခုလုံး ယုတ္တိမရှိပါဘူးကွာ အရင်ဘဝနဲ့ အခုဘဝပြောနေတာကို တစ်ဘဝတည်းက ငယ်ငယ်တုန်းကလေ ကြီးတော့လေ ပြောနေတယ် ဖယောင်းတိုင်တစ်တိုင်ကနေ နောက်တစ်တိုင်ကူးတယ်တဲ့ ဟာသပဲ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းက လွယ်ကူလို့လား သဘောတရားလည်းမတူဘူးကွ
2026-08-06 20:27:18
0
★꧁ B E N N Y ꧂ :
ငါအဲ့တာတွေမသိဘူး ငါသိတာကတော့ အရာအားလုံးကိုဘုရားသခင်ဖန်ဆင်းတယ် ၊လူတွေကိုမြေကြီးနဲ့ဖန်ဆင်းပြီး သင်သည်မြေကြီးမှလာပြီး မြေကြီးပဲပြန်ဖြစ်သွားလိမ့်မယ်ဟုဆိုထားပါတယ် အဲ့ဒါကြောင့်မို့လို့ လူတွေသေတဲ့အခါမှာမြေကြီးပြန်ဖစ်သွားတာပါ။
2026-08-06 19:12:24
0
Salai Ko Ko :
ညီကိုတသ်ခုမေးမယ်
မြတ်စွာဘုရားဘယ်ကပေါ်လာတာလဲရောသိလာ
2026-08-06 12:30:05
0
Icce Z :
လူ၀င်စားတာဆိုရင် အရင်ခေတ်လူဉီးရေနဲ့ အခုခေတ်လူဉီးရေ အရေအတွက်အတူတူဘဲလား ခုခေတ်လူဉီးရေက တိုးပြီးလာနေတာ လွန်ခဲ့တဲ့ ၁၀နှစ်ကချက်စားတဲ့ကြက်တောင် လူပြန်၀င်စားနေလားမသိ😌
2026-08-06 15:24:36
0
pehplehbablu :
ယခုဘဝမှာကိုယ်ပြုခဲ့တဲ့ကံအတိုင်းနောင်ဘဝထိအကြိုးသက့်ရောက့်မူ့ရှိတာဟုတ်တယ်အ့ကြောင့်လူမှန့်ရင်အမှားမကင်းလို့နောင်ဘဝမှာဘယ်သူတစ်ယောက့်ကံကောင်းမှာလဲ?
2026-08-06 15:36:12
0
To,to :
ကောင်းလိုက်တဲအ ဖြေ🙏🙏🙏
2026-08-06 12:55:27
5
🍒🍒Kõ Țéã🍒🍒 :
ဘာသာမဲ့တွေကဘယ်ဘုရားကိုးကွယ်တာလည်းတဲ့ အင်း---
2026-08-06 11:31:32
0
Jack Sparrow :
အဂ်လိပ်လက်ထက်1930တုန်းကလဲမြန်မာပြည်မှာ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ ဝါဒပြိုင်ပွဲရှိခဲ့ဖူးတယ်
အရှင်ဥဏ္ဌဦးဆောင်တယ် မြန်မာကနိင်သွားတယ်🥰🥰🥰
2026-08-06 18:20:04
1
Tik Toker :
လူကိုလူလိုမြင်ရင်ရပါပီ သွေးထိုးမှိုင်းတိုက်တာတေ ခုခေတ်မှာမရှိတော့ဘူး
2026-08-06 16:10:41
1
Nyan Lin Oo :
မှန်ခြင်းမမှန်ခြင်းကအဓိကမဟုတ်ပါဘူး
မထိခိုက်ပဲယုံကြည်ပေးပါ
စစ်ပွဲတိုင်းကိုပြန်ကြည့်လျှင်ဘာသာရေးကြောင့်ဖြစ်တဲ့စစ်ကခပ်များများဖြစ်တေလို့ပါ
2026-08-06 11:25:55
2
Shwe Oo :
ခရာဇ်ယာန်မှာ နောက်ဘဝမရှိဟု
သေပြီးနောက် ကောင်းကင်နိင်ငံဘာကြာင့်တောင်းတ
2026-08-06 14:41:07
0
To see more videos from user @ko.art999, please go to the Tikwm
homepage.