@nguyen_atm:

꧁ᬊᬁNGUYEN_ATMᬊ᭄꧂
꧁ᬊᬁNGUYEN_ATMᬊ᭄꧂
Open In TikTok:
Region: VN
Thursday 06 August 2026 11:40:50 GMT
106
210
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @nguyen_atm, please go to the Tikwm homepage.

Other Videos

ဂုံမင်းပင် အကြောင်းသိကောင်းစရာ   တနှစ်တကြိမ် မိုးရာသီရောက်မှသာ ပေါ်တတ်တဲ့ ဂုံမင်းပင် အကြောင်းကို လူသိနည်းပါတယ်။  ဂုံမင်းကို ရုက္ခဗေဒအမည်အရ  Amomun Corynostachyum Wall လို့ခေါ်ပါတယ်။ ဂုံမင်းဟာ Zingiberaceae မျိုးရင်းဖြစ်ပြီး၊ ပဒဲကောကြီး၊ ပဒဲကောလေး၊ နနွင်း၊ ဖာလာ၊ ငွေပန်းပင်၊ ကွမ်းစားဂမုန်း၊ မိဿလင်၊ ဂျင်းတို့နှင့် မျိုးရင်း ဆင်တူပါတယ်။  ဂုံမင်းပင် နှင့် ကျန်းမာရေး (၁) ခံတွင်းပျက်၍ စားမကောင်း၊ သောက်မကောင်းဖြစ်ခြင်းအတွက် ဂုံမင်းပင်၏ အမြစ်ကို ဆားနှင့်သွေးပြီး လျှာရင်းအထိ နှိုက်၍ ပွတ်လိမ်းပေးခြင်းဖြင့် ခံတွင်းလိုက်လာပြီး ပြန်လည်၍ စားသောက်ကောင်းလာစေပါတယ်။ (၂) ဂုံမင်းသီးကို သနပ်ခါးနှင့်အတူ ရောသွေး၍ လိမ်းပေးခြင်းဖြင့် မျက်နှာပေါ်က ၀ကျခွံမြားကို ပျောက်စေပါတယ်။ အရေပြားပေါ် ကြက်ဖင်ပေါက်ခြင်း၊ ပြုတ်ထခြင်းနှင့် အသားအရေကြမ်းထော်ခြင်းတို့အတွက်ကိုလည်း ဤနည်းအတိုင်း လိမ်းပေး ခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။ (၃) ဂုံမင်းသီး နှင့် တောင်နံကြီးကို သွေး၍ ရင်ဘတ်ကိုလိမ်းပေးပါက အဆုတ်ရောင်ရောဂါကို သက်သာစေပါတယ်။ (၄) ဂုံမင်းပင်၏ အမြစ်ရင့်ရင့် ၂၅ ကျပ်သားကို ထောင်း၍ ဆန်ဆေးရည် တပိဿာဖြင့် အိုးသစ်တလုံးတွင်စိမ်ပြီး၊ ထန်းလျက် ၁၀ ကျပ်သားကို ထုခြေ၍ ထည့်ပါ။ စမုန်မျိုးငါးပါး ၄ ပဲသားစီကို အ၀တ်ဖြင့်ထုပ်၍ ၄င်းစိမ်ရည်အိုးထဲသို့ ထည့်ပါ။ ပြီးရင် ၄င်း စိမ်ရည်အိုးကို လုံအောင်ပိတ်ပြီး မြေကြီးမှာ ကျင်းတူး၍ သုံးရက်မြှုပ်ထားပါ။ သုံးရက်ကျော်ရင် အိုးကိုပြန်ဖော်ပါ။ ရရှိလာသော ဆေးစိမ်ရည်ကို လက်ဖက်ရည် အကြမ်းပန်းကန်လုံး နှင့် တကြိမ်သောက် တလုံး နံက်အိပ်ယာထ တကြိမ်၊ ညအိပ်ယာ၀င် တကြိမ် သောက်ပေးပါ။  ထိုသို့သောက်ပေးခြင်းဖြင့် ရရှိနိုင်သောအကျိုးများ ကိုယ်ဝန်ရှိစအော့အန်ခြင်း၊ မီးယပ်သွေးဆုံးရောဂါ၊ နှလုံးရောဂါ၊ တံထွေး တပျစ်ပျစ်ထွေးနေရခြင်း၊ တုပ်ကွေးဖျား၊ ဆုံဆို့နာ၊ ကာမစိတ် ကုန်ခမ်းသောရောဂါ၊ ကိုယ်လက်နွမ်းလျသောရောဂါ၊ သားအိမ်လျောကျရောဂါ၊ အင်္ဂါဇာတ်နှင့်ပတ်သက်သောရောဂါ၊ အသည်းနှင့်ပတ်သက်သောရောဂါ၊ အူသိမ်၊အူမနှင့်ပတ်သက်သောရောဂါ၊ ကျောက်ကပ်တွင် ဖြစ်တတ်သောရောဂါများကို ကာကွယ်စေ၍ အိပ်ပျော် စားဝင် ကျန်းမာစေသည်။ (၅) ဝဲရောဂါ၊ နှင်းခူ၊ ရေယုန်၊ ပွေး၊ ညှင်း၊ တင်းတိပ်များအတွက် ဂုံမင်းသီးနှင့် နန်းလုံးကြိုင်တို့ကို အလေးချိန်ဆတူ ရောစပ်၍ မီးကျွမ်းအောင်ဖုတ်ပြီး နှမ်းဆီစစ်စစ်ဖြင့် သမအောင်နယ်ပါ။ ရလာသောဆေးကို ကော်ဖီဇွန်း နှစ်ဇွန်းခန့်ဖျော်၍ အရေပြားပေါ် လိမ်းပေးခြင်းဖြင့် ဝေဒနာများ သက်သာပျောက်ကင်းစေနိုင်ပါတယ်။   အသက်ရှုလမ်းကြောင်းရောဂါများ ဂုံမင်းအမြစ်ကိုသံပုရာရည်နှင့်ဆားအနည်းငယ်ထည့်ကာ တနေ့သုံးကြိမ်လျက်ဆားကဲ့သို့ အသုံးပြုခြင်းဖြင့်  အသံဝင်ခြင်း၊ ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ သလိပ်ပွခြင်း၊လေပူထခြင်းတို့ကို လက်ဖက်စားဇွန်းတဇွန်းသောက်ပေးနိုင်သည်။  ရင်ပြည့်ခြင်း၊ရင်ကယ်ခြင်း၊ လေထိုးလေအောင့်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ ဝမ်းထဲရစ်နာခြင်း၊ ဝမ်းပျက်ရောဂါ၊ ငှက်ဖျားးရောဂါတို့ကိုလည်း သက်သာပျောက်ကင်းစေပါသည်။    ကလေးသူငယ်ဆိုင်ရာရောဂါများ ဂုံမင်းသတ္တုရည်နှင့် ကြက်သွန်ဖြူသတ္တုရည်ကို ဆေးတခွက်စာလက်ဖက်စားဇွန်းတဇွန်း တနေ့နှစ်ကြိမ် ကျွေးပေးပါ။ကလေးသူငယ်များအော့အန်ခြင်း၊ အသာမကြေခြင်း၊ ချောင်းဆိုးခြင်းကို သက်သာစေပါသည်။  ဆီးအောင့်ခြင်းဆီးကျဉ်ခြင်း ဂုံမင်းမြစ်ကိုပြုတ်ရည်ကို သကြားနှင့်ဖျော်သောက်ပေးခြင်းဖြင့် ဆီးနှင့်ပတ်သက်သော ဆီးကျဉ်ခြင်းဆီးအောင့်ခြင်းတို့တွင်ကုစားပေးနိုင်သည်။ Credit to original uploader Photo credit မူရင်းရေးသားသူများအားလုံး ကျန်းမာချမ်းသာကြပါစေဗျ 🙏🙏🙏 ပြန်လည်ကူးယူမျှဝေပေးခြင်းသာ.. ✍

About