@justice.password: Grade-12မှာ အားလုံးထက်ပိုကြိုးစားပြီး နိုင်ငံတော့်အဆင့်ဆုယူပြီး ဆေးပညာဘာသာရပ်ကို သင်ယူနေရတဲ့ဆေးကျောင်းသူတစ်ယောက်ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အလွန့်အလွန်အလွန်မှ ဂုဏ်ယူပါတယ်ရှင့်။ဆရာဝန်ဘဝမှာ24hours dutyတွေ ရှိလာတဲ့အခါ တာဝန်ကိုပဲဦးစားပေးပြီး ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားရမှာပါရှင့်။ဆေးကျောင်းသူ ဘဝမှာတော့ တခြားဆေးကျောင်းသူတွေလိုတန်းတူ အခွင့်အရေးရပြီး ဆေးကျောင်းသားတွေနဲ့ကိုက်ညီတဲ့ activity တွေမှာ ပါဝင်ချင်ရုံပါရှင့်။တခြားဆေးတက္ကသိုလ်တွေမှာလို ဝါသနာအလိုက်clubတွေ၊ပါချုပ်ဖလားဘောလုံးပြိုင်ပွဲတွေ၊ cheerleader teamတွေ များစွာသောactivityတွေ ရှိတဲ့ ဆေးတက္ကသိုလ်တစ်ခုမှာပဲ တက်ချင်ပါတယ်ရှင့်။ ဆးကျောင်းသူဘဝမှာ တခြားေသာ life skills တွေကို သင်ယူပြီး ဆေးကျောင်းသူဘဝရဲ့ quality of life ကို မြှင့်တင်ဦးမှာပါ။သူများထက်ကြိုးစားခဲ့ရတာမို့ အဲ့ဒါနဲ့ထိုက်တန်တဲ့ ဆေးကျောင်းသူဘဝကိုဂုဏ်ယူပါတယ်ရှင့်။၂၅၀ ၊၃၀၀၊၃၅၀ရတာနဲ့ လာဟေ့ အယောက်၅၀ ဆိုပြီး ခေါ်နေတဲ့ မေဂျာမဟုတ်ပါဘူးရှင့်။ဆေးမေဂျာလို့ခေါ်တာက အင်မတန်မှ ရိုင်းပါတယ်ရှင့်။ လူ့အသက်ကယ်ဖို့ ပညာရပ်အများကြီး စုပေါင်းပြီးသင်နေရတဲ့ သက်မွေးဝမ်းကြောင်းမွန်မြတ်တဲ့ပညာဖြစ်ပါတယ်။ ပါလေရာငါးပိချက်တွေက ကိုယ့်ကိုယ်ကိုယ်သိကြမှာပါ ဟိုဖွင့်ပွဲလည်းပါ ဒီဖွင့်ပွဲလည်းပါ ဆိုတာေတွပါ။NSAဆေးပညာမှာတော့ ကျောင်းနဲ့အိမ်ပဲမလို့ ဘယ်ပွဲမှမပါပါဘူးရှင့်။ Libraryချိန်ေတာင်မရှိပါဘူး။ လွှတ်တော်ဆိုတာလည်းဆေးကျောင်းသူနဲ့လားလားမျှ မသက်ဆိုင်တာမလို့ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင်မထင်ပါဘူး။ M2ရဲ့site visit သွားတာတောင် NSAက ကားတောင် မစီစဥ်ပေးပါဘူး။ကိုယ့်စရိတ်နဲ့ ကိုယ်သွားရတာပါ။ဒါေလးတောင်NSAကမထောက်ပံ့နိုင်ရင် ဆေးကျောင်းကသူတွေ အကုန်လုံးကို တခြားဆေးတက္ကသိုလ်ကို ပြောင်းပေးတာ ပိုကောင်းပါတယ်ရှင့်။ဖင်မနိုင်ဘဲ ပဲကြီးဟင်းမစားတာ အေကာင်းဆုံးပါ။တချို့ဌာနတွေကတော့ labခန်းထဲမှာပဲဝတ်ရတဲ့ lab coat ကို dutycoatအထာနဲ့ အပြင်မှာရိုက် ရေညှိလိုပြောင်ချောပြီး နှစ်လည်မဂ္ဂဇင်းမှာ ဘာအထာနဲ့ပါလာလဲတော့မသိဘူး။ ဆေးကျောင်းသူမလို့ တခြားမေဂျာနဲ့မတူ တမူထူးပြီး ပိုပြီးတော်တယ်လို့ဘဲ ခံယူထားပါတယ်ရှင့်။ကြိုးစားမှု မတူရင် ရတဲ့နေရာလည်းမတူပါဘူး။ ဆေးကျောင်းသူမလို့ ညဏ်ရည်တူ အရည်အချင်းတူ ကြိုးစားမှုခြင်းတူတဲ့သူတွေရှိတဲ့ ဆေးတက္ကသိုလ်တစ်ခုမှာပဲ တက်ချင်ပါတယ်ရှင့်။ ကျောင်းပြောင်းချင်တာမှ တစ်ဖက်ကမ်းကိုေတာင် ရောက်ပါတယ်။ ပြောင်းမပေးနေလို့ပါ။ တခြားဆေးတက္ကသိုလ်တွေဆို အဆင်မပြေရင်ချက်ချင်းကို ပြောင်းပေးပါတယ်ရှင့်။NSAက သူေတွအားလုံးေပါင်းပြီး တခြားဆေးတက္ကသိုလ်ကို ပြောင်းေပးဖို့ အထက်ကို တင်ပြပေးပြောပေးရင် အင်မတန်မှ ဝမ်းသာပြီး ကျေးဇူးတင်မိမှာပါရှင့်။တာဝန်ခံဌာနမှူးကလည်း ဦးစီးဦးဆောင်ပြီး လုပ်ပေးနေတာ တစ်ခုမှကိုမရှိပါဘူး။ ဒီမြေကြီးထဲကပဲဆိုေပမယ့် ရွှေနဲ့ရွှံ့နဲ့ကတခြားစီပါနော်။မတူရင် မတုကြပါနဲ့။တခြားပြောစရာတွေအများကြီးရှိပါသေးတယ်။စာမေးပွဲလေးရှိနေလို့ အခုတော့ဒီလောက်ပါပဲနော် ။ ချစ်ခြင်းများဖြင့် #naypyitaw #medicine #NSA
justice password
Region: MM
Thursday 06 August 2026 14:10:34 GMT
Music
Download
Comments
ကွိကျိ 🐙 :
NSA မှာတက်ရင်ကတော့ အယောက်၁၀၀မှာ ၉၉ယောက်ကမပျော်ကြပါဘူး ပြီးတော့ ဘယ်ကျောင်းနဲ့မှမတူနိုင်ဘူးရယ် အမဆိုလည်း ရတနာပုံကနေပြောင်းလာတာပါ ပြောင်းလာခါစတုန်းကဆို ကျောင်းသွားခါနီးတိုင်းကိုငိုချင်တာပါ အရင်ကျောင်းမှာကျန်ခဲ့တဲ့သူငယ်ချင်းတွေ ကျောင်းပွဲတွေတင်ရင် ပုံတွေတင်ကြရင် ကျောင်းက activities တွေတင်ရင်ပ်ိုပြီးစိတ်ထိခိုက်ရပါတယ် university life ကိုသူတို့လိုမခံစားရတော့ဘူးဆိုပြီးပိုပြီးစိတ်တိုပါတယ် အခုညီမလေးဖြစ်နေတဲ့ပုံစံကဆေးကျောင်းမှမဟုတ်ဘူး အားလုံးအခြားကျောင်းနဲ့နှိုင်းယှဉ်ရင်ခံစားရပါတယ် ညီမလေးတို့ကျဆေးကျောင်းဆိုပြီးသီးသန့်ဖြစ်မနေတာကိုလည်းပိုပြီးခံစားရမယ်ထင်ပါတယ် အဲ့တာကိုလည်းနားလည်ပါတယ် ဒါပေမဲ့ကိုယ်အဓိကဖြစ်နေတဲ့ပြဿနာကို အပြုသဘောဆောင်တဲ့နည်းနဲ့ရေးရင်တော့ အားလုံးကလည်းညီမလေးတို့ကို support ပေးကြမှာပါ
2026-08-06 15:29:42
15
Ludvig Vion :
လူနဲ့ medicine ဆိုတဲ့ အရာကို မတိုက်ခိုက်ကြနဲ့ guys. သူပြောတဲ့ အချက်တွေကို ဝေဖန်ဆန်းစစ်ပြီး argue လုပ်ပါ။ မှန်တာတွေလဲပါတယ်။ မဟုတ်တာတွေကတော့ ပိုများနေတယ်။
2026-08-06 15:17:06
12
wearelikedecnjan :
Comment ပိတ်ပြီးကြိုက်တာဆက်တင်ပါနော် အဲ့လာနာနေတဲ့လူတွေကိုပြိုင်ငြင်းရတာမောလို့😁💗💗
2026-08-06 14:40:57
9
Hein Htet Ko Ko :
မမတို့လို အရမ်းတောိလှတဲ့ ဆေးက ဆရာဝန်ကြီးတွေလဲ သားသားတို့လို ၃၇၀ ကျော်တဲ့ မေဂျာကစာတွေကို ဆရာဝန်ကြီး ပါရဂူကြီးဖြစ်ရင် သင်ရမှာနော် ပညာရပ်တိုင်းသည် တန်ဖိုးရှိပါသည်။ (ရမ်းပြောခြင်းမဟုတ်ဘဲ လက်ရှိ ဆရာဝန်ကြီးများမှ ကြားသိရခြင်း)
2026-08-06 16:31:31
6
Hsutwoit :
သူတောင်ပါလေရာငါပိချက်မလုပ်ရလို့ကေ ျာင်းပြောင်းချင်နေတာကို
2026-08-06 14:38:49
2
အာလာမာလူး :
ဟုတ် ရယ်ရတယ်ကိုယ်ဖြစ်တာမှမဟုတ်တာ
2026-08-06 15:11:07
0
K A M T :
အဆင်ပြေကြပါစေ ညီငယ် ညီမငယ်များ
2026-08-06 15:15:30
1
tinttalhan :
တကယ်ကြီး ငါတို့NSAကေျာင်းကလူတွေမှဟုတ်ရဲ့လားဟေ
2026-08-06 15:44:14
2
Hsutwoit :
ကျောင်းပြောင်းဆိုတော့လဲမပြောင်းဘူး NSAမှာမရှိတဲ့ activitiesကတွေကိုမက်မောပြီး တစ်ခြားကေ ျာင်းတွေလောက်ဘောင်မဝင်ဖြစ်နေလို့ ပူလောင်နေရပြီးတော့များ
2026-08-06 14:44:08
3
Ludvig Vion :
ကဲ တောင်းပန်တယ်ဆိုပြီး ဖြည့်စွက်ပြောတာတွေက ပြောစရာတွေဖြစ်နေပြန်ပြီ။ ညီမတို့ NSA က ဆေးတွေ တခြားဒေသက ဟာတွေထက် reduction လုပ်ခံရတာတွေ ကြားတယ်။ ငါးနှစ် အစိုးရလုပ် ညှိနှိုင်းလို့မရတာ။ အမှတ်ပေးစနစ်။ activities မရှိတာ။ အဲ့တာတွေက ဟုတ်ပါတယ်။ သူတို့ တကယ် တိုင်ပတ်နေကြတာပါ။ ကြားရတာ စိတ်လဲမကောင်းဘူး။ ကိုယ်ချင်းလဲစာတယ်။ အဲ့မှာ သူငယ်ချင်းတွေလဲရှိတာကိုး။ အဲ့တာကို ဖော်ထုတ်တဲ့နေရာမှာ ဘာလို့ ပြောစရာတွေဖြစ်အောင် ဖော်ထုတ်ရတာလဲ။ အခု ညီမတို့ပြဿနာက macro level က စဉ်းစားဆုံးဖြတ်တဲ့သူတွေနဲ့ ဆိုင်တာလေ။ ၂၅၀၊ ၃၀၀၊ ၃၅၀ လာ ေဟ့ လို့ပြောပြီး ခေါ်တဲ့ major မဟုတ်ပါဘူးမှာ ပုတ်ခတ်ချင်တဲ့ စေတနာပါတယ်လို့ ခံစားမိတယ်။ ဒီ ပညာရေးစနစ်က အမှတ်က လူတစ်ယောက်ရဲ့ ပညာ၊ ကိုယ်ကျင့်တရားနဲ့ လူထုအတွက် အကျိုးပြုနိုင်စွမ်းနဲ့ တိုက်ရိုက်အချိုးမကျဘူး။ အဲ့ major တွေထဲမှာ နိုင်ငံတစ်ခုရဲ့ ကျန်းမာရေးကဏ္ဍထက် ပိုအရေးကြီးတဲ့၊ ကျန်းမာရေးကို ကျောထောက်နောက်ခံပေးမဲ့ နေရာတွေကို ရောက်မဲ့ major တွေအများကြီးပဲ။ ဆေး major ဆိုတာ ပင်ကိုအနက်အရ မရိုင်းပါဘူးနော်။ technically အရတော့ မမှန်ဘူး။ NSA က medicine ကို ထောက်ပံ့နိုင် မထောက်ပံ့နိုင်ဆိုတာက တကယ် စဉ်းစားသင့်တဲ့ ကိစ္စဆိုတာ လက်ခံပါတယ်။ white coat က science fields တွေမှာ universal ပါ။ ဆေးကျောင်းသားတွေနဲ့ပဲ ဆိုင်တာမဟုတ်။
နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ဆေးကျောင်းသူမို့ တမူထူးတယ်လို့ ပြောသွားတယ်။ ဘယ်လို တမူးထူးတော်တာလဲ။ IQ ကတော့ အကုန်ပျမ်းမျှပဲ။ EQ ကတော့ အခု ရေးထားတာတွေကြည့်ရသလောက် မကောင်းသေးဘူးလို့ ယူဆတယ်။ thinking skills တွေကောင်းတာလားဆိုလဲ ကောင်းနေရင် အခုလို ပြောလာမှာမဟုတ်သလို ကိုယ်လဲ စာအရှည်ကြီးတွေ ရေးနေရမှာမဟုတ်ဘူး။ အဲ့လိုတွေ ပြောထားတာတောင်မှ NSA ကဆေးကို ရွှေ့ပေးဖို့ ကျောင်းသား/သူ အကုန်လုံးကို ဖိတ်ခေါ်လိုက်တာက အမြှီးအမောက်မတဲ့ဘူး။ ဆရာ၀န်က ပဋိညာဉ်တွေ၊ ကျင့်၀တ်တွေ၊ စိတ်နေစိတ်ထားတွေရှ်သေးတယ်။ ပညာအရာကော၊ ကိုယ်ကျင့်တရား ကျင့်၀တ်တွေကော မွန်မြတ်ရတယ်။ အဲ့လိုအရာတွေကိုယ့်မှာ ရှိပြီလား စဉ်းစားသင့်ပြီ။
အကုန်လုံး ကိုယ့်တာ၀န်နဲ့ ကိုယ်သာတယ် နာတယ် မတွေးအပ်ပေမဲ့ ဆေးကျောင်းသားတွေ proud ဖြစ်သလို proud ဖြစ်ကြေးဆိုရင် ဆေးက ဘာမှမဟုတ်ဘူး။ philosophy ကနေ originated ဖြစ်လာတယ်။ တခြား biology, biochemistry, chemistry တွေ physics တွေကို apply လုပ်ထားတာပဲ။ နိုင်ငံရေးသမားတွေ policy making နဲ့ စနစ်ကို သေချာ မ run နိုင်ရင် ဘာမှမဟုတ်ဘူး။ စီးပွားရေးပညာရှင်တွေ ၀င်ငွေကို မကွပ်ကဲနိုင်ရင်လဲ ကျန်းမာရေး ကဏ္ဍက ဘာမှမဟုတ်တော့ဘူး။ ပြီးတော့ ဆေးကုတာ micro level မှာပဲ များတယ်။ policy makers တွေလို လူတွေက လူတွေ ပိုအကျိုးပြုနေတာ
2026-08-06 15:19:47
30
Ohakr Phyo :
ညမလေး ဆက်သွယ်လို့ ရမဲ့ တခြား phnoဖစ်ဖစ် social account ဖစ်ဖစ် ပေးပါလား။
ညမလေးကို ပြောင်းလို့ရအောင် လုပ်ပေးမယ်လေ အပြင်မှာ လူချင်းတွေ့ပီး စကားပြောပီးဆွေးနွေးကြရအောင်လို့။
ပွဲတွေ မခေါ်ဘူးဆိုတာကလည်း ညမလေးတို့က တအားတော်နေတော့ ညမလေးတို့ level မဟုတ်လို့ နေမယ်မခေါ်တာ ပွဲတွေက။
ညမလေးတစ်ယောက်ထဲခံစားနေရတာလား ဒါမှ မဟုတ် တခြားသူတွေကော ညမလေးလို ခံစားနေရရင် ဒါကို ပါချုပ်ကြီးကို သွားပြောကြပါ ။ တီချယ်ကြီးကလည်း အချိန်မရွေး ဆွေးနွေးနိုင်တယ်ဆိုပီး welcome မှာပြောထားပါတယ်။
အတော့လေ မြန်"သွားပြောပါ။ တော်နေကျ ညမလေး စိတ်ကျရောဂါရပီး ဆေးပညာတွေပါ မသင်ယူနိုင်မာဆိုးလို့ပါ။
နိုင်ငံအတွက် ရတနာတပါးဆုံးရူံးမှာဆိုးလို့ မြန်"လေးသွားပြောပါ။
တကယ်လို လိုက်ပို့ပေးရမယ်ဆိုလည်းပြောလေနော်။
ခရမ်းရောင်၀မ်းဆက်ကြီးလည်း မ၀တ်ချင်တဲ့အကြောင်း ပြောလို့ရတယ်။
အကုန်ပြောလို့ရတယ် ။
2026-08-06 15:18:29
40
⋆𐙚₊˚⊹♡ :
စာသေချာလုပ်ပြီးကိုယ့်ဘွဲ့ကိုဘဲ ကိုယ်ပြီးအောင်ယူပါနော် ကျောင်းမကောင်းတာကို လက်ခံပေမဲ့အခုလိုအခြားမေဂျာတွေကိုပုတ်ခတ်ပြောဆိုနေတာတော့မဟုတ်သေးဘူးထင်တယ် ဆေးကျောင်းကိုဘယ်သူမှမကောင်းတာမပြောသလိုဆေးကျောင်းတက်နိုင်တယ်ဆိုတာလဲအရည်အချင်းတစ်ခုရှိလို့ဆိုတာအကုန်သိပါတယ် ဒါပေမဲ့အဲ့တာကအခြား major တွေကို အထင်သေးရမယ်ဆိုတဲ့ အကြောင်းပြချက်လုံလုံလောက်လောက်မဟုတ်ပါဘူး။ Acting like every other major is beneath you doesn’t make you smarter, it just proves the point that deep down you’re not as smart and educated as you think. Belittling people is NOT something an educated person would do and getting into med school does NOT make you superior<3. I feel like a future doctor should learn how to respect people too.
2026-08-06 14:55:53
18
ပဂမရဲ့အသဲနှလုံးလေး :
လူတိုင်းမှာသူ့ပါရမီနဲ့သူလာကြတာပါပဲရှင့် လူတိုင်းဆရာဝန်မဖြစ်နိုင်ကြပါဘူး ဆေးကျောင်းသား/သူများစာဘယ်လောက်လုပ်ရတယ်ဆိုတာမျိုးကိုလည်းသိသင့်သလောက်တော့သိကိုသိထားကြပါတယ်ရှင့် ဒါပေမယ့် ဆေးကျောင်းတက်မှလူရာဝင်တာမျိုးမဟုတ်နိုင်ပါဘူး မေဂျာတိုင်းမှာ သူ့နေရာနဲ့သူအသုံးဝင်တာတေအများကြီးပါရှင့် အဲ့လိုဟာကို မတူတာကမတူတာပဲဆိုပြီးရွှံ့နှင့်ရွှေလို့နှိုင်းတာမျိုးကိုမလုပ်သင့်ဘူးဆိုတာကိုတော့ဦးနှောက်ပါတဲ့လူတိုင်းသဘောပေါက်ကြမယ်ထင်ပါတယ်ရှင့် အုတ်ပဲဖြစ်ဖြစ် ကျောက်ပဲဖြစ်ဖြစ် အဆောက်အဦးတည်ဆောက်ရာမှာအသုံးဝင်တာပါပဲရှင့် အကိုတို့အမတို့လိုဆေးကလူတွေမှမဟုတ်ပါဘူးရှင့် NSA မှာတက်တဲ့ကျောင်းသား/သူတိုင်း uni life ကိုပြည့်"ဝ"မခံစားရပါဘူးရှင့် (လွှတ်တော်ဆိုတဲ့အရာမျိုးကလည်းအကိုတို့အမတို့လိုစာမှစာ အချိန်ပြည့်စာလုပ်နေရတဲ့ဆေးကျောင်းသား/သူများအတွက်ဘာမှမဟုတ်တဲ့အရာလေးလို့ပဲမြင်မိပါတယ်ရှင့်) စိတ်ညစ်ရတာချင်းအတူတူကိုအရူးကတစ်မူးသာတယ်ဆိုတဲ့အဖြစ်မျိုးကိုဖြစ်မနေကြပါနဲ့လို့ပဲပြောပြချင်ပါတယ်ရှင့် NSA ရဲ့ Faculty of Medicine မှာမတက်ချင်လို့ကျောင်းပြောင်းချင်တဲ့ဆေးကျောင်းကအကိုအမများလည်းပြောင်းခွင့်ရကြပါစေလို့မေတ္တာများဖြင့်ဆုတောင်းပေးရင်း ပြောင်းခွင့်မရရင်လည်း အကိုတို့အမတို့ပြောတဲ့ကျောင်းကတခြားမေဂျာက(ရွှံ့)လေးတွေနဲ့အတူတူဆက်လက်ဖြတ်သန်းပေးပါအုံးရှင့်
2026-08-06 17:02:14
6
Artistry J :
ငါတို့လူတွေပဲ နင်တို့ကိုပြောသလားဆို မဟုတ်ဘူးဟဲ့ စတက်ခါစ စီနီယာတွေကို သင်ပေးတဲ့ဆရာမတွေတောင် သူတို့အချင်းချင်းထဲအပြောခံခဲ့ရတာ ဘာလိုလိုညာလိုလို ငါတို့မှာ practical လေးရှိလို့ ဂျူတီကုတ်လေးဝတ်လာမိပါတယ် မေးငေါ့ခံရတာလေ အဲ့လိုအပြောဆိုခံနေရတာ အခုလိုအုတ်ရောရောကျောက်ရောရောထားလို့ပေါ့ IQ မတူရင်တောင် EQ တူရင်ပြေနိုင်သေးတယ် EQ ပါနိမ့်တဲ့ အုတ်ကျောက်ဘိလပ်တစ်သိုက်က ရှိကိုရှိတာလေ နိုင်ငံတကာလိုကျောင်းလုပ်ထားတာမို့ ဒီလိုတွေရှိမှာပဲ ရောနေရမှာပဲ ဖြေသိမ့်ကြည့်ပါလားဆို နင်တို့ရော တွေးကြည့်ပါလား ရောက်ခါစကတည်းက မြင်မြင်တကာလိုက်ရှုံ့ချတာလည်းနင်တို့ အဲ့ရှုံ့ချတဲ့သူတွေအဆောင်ရှေ့ faculty of medicine ဆိုင်းဘုတ်ပြူးပြူးကြီးရှေ့မှာ lab coat ကြီးကားကားဝတ် ဆရာဝန်ဟန်ဆောင်ပြတာလည်း နင်တို့ပါပဲ Ethic စမရှ်ိခဲ့တာ ဘယ်သူတွေလဲ အစက အစားတောင်းပန်မလို့ပေမဲ့ ပိုစ့်က ဖိတ်ခေါ်လိုက်တာ တကယ့်အုတ်ခဲတွေ မဖိတ်ခေါ်ပဲရောက်လာကြတယ် 😂
2026-08-06 15:12:54
6
Min Khant💢 :
ပုံနဲ့လူနဲ့တွဲတင်ကွာ ဟိုဟာဖြစ်လဲကန်တင်းမှာစကားလေးပြောကြရင်း တူတူရောတက်ရတာအဆင်မပြေ ေကြာင်းသွားပြောကြမယ်လေ အဲ့လိုရင်လဲလုပ်ရအောင်လား အခုဟာကတော်တော်ကိုဆိုးနေပြီ ညီမလေး
2026-08-06 15:31:31
0
Hein Htet Ko Ko :
အုတ်ရောရော ကျောက်ရောရောထက် ပိုဆိုးသွားသလားလို့ ရွှေနဲ့ ရွှံ့ဆိုတော့လေ
2026-08-06 16:13:52
6
Artistry J :
ပိုစ့်တင်တဲ့ညီမလေး ခံစားချက်ကို အမတို့တွေနားလည်တယ် ဒါပေမဲ့ emphasize ပြောတဲ့နေရာမှာ မှားနေတယ် ညီမအနေနဲ့ activity, assessment, teaching ပိုင်းဆိုင်ရာတွေအစုံ ဘာဆိုလိုချင်သလဲ အမတို့နားလည်တယ် အမတို့လည်းလိုချင်ခဲ့တာပဲ လိုချင်တာကိုပြောရမှာ တခြားကို မထိခိုက်တတ်ဖို့ပါတယ်ကလေး (မန့်ထဲက မဆီရာမဆိုင်ရာ လွှတ်တော်တွေ ဘာညာဝင်ယောင်ကိုက်နေတဲ့ မယောင်ရာဆီလူးတစ်သိုက်တော့ မပါဘူးပေါ့ ☺️)
2026-08-06 15:48:20
2
Latte.Ray :
ဟိုလေ ပြောချင်တာက တစ်ကယ့် အဆင့်အတန်းရှိတဲ့အသိုင်းအဝိုင်းက လာတဲ့သူတွေဆိုရင်လေ ဒီလိုမျိုး ကိုယ်အဆင်မပြေဖြစ်တာတွေကို social ပေါ်ကို မသယ်လာတာ သယ်လာဖြစ်ရင်တောင် ကိုယ် ဒီလိုပြောလိုက်ရင် အဲ့စကားက ဘယ်အခြေအနေအထိ သက်ရောက်နိုင်တယ်ဆိုတာ စဉ်းစားချင့်ချိန်ပြီးမှ ပြောဆိုနေကြတာတွေချည်း အခု ညီမကိုကြည့်ရတာ ဆေးကျောင်းသူဆိုတဲ့ဟာကိုဘဲ proud ဖြစ်နေပုံရပြီး စိတ်ဓါတ်ရေးရာက ရွာကတက်လာသလိုဘဲနော် တော်လို့ဘဲ ဆေးကျောင်းရောက်လာပြီးပြီဘဲ Activities တွေမရှိလို့ဆိုရင်တောင် ဒါ NSA ရဲ့ ရိုးရာဘဲလေ ဘယ်သူကရော ကြိုက်လွန်းလို့တက်နေကြလို့လဲ အမ သူငယ်ချင်းတွေလည်း ဆေးကျောင်းတက်နေကြပါတယ် သူ့အသိုင်းအဝိုင်း ကိုယ့်အသိုင်းအဝိုင်းနဲ့ ကိုယ့်အဆင့်နဲ့ကိုယ် နေတဲ့သူတွေက ကျောင်းက စည်းကမ်းကြပ်လိုက်တာ ဘဲ နှုတ်ကထွက်တာနော် အုတ်ရောရော ကျောက်ရောရော ဆိုပြီးလည်း တုတ်နဲ့ ပတ်မရမ်းကြဘူးရယ်
2026-08-06 17:37:30
4
girl_talk :
postတင်တဲ့သူကတကယ် ရော ဆေး ကျောင်းသူဟုတ်ရဲ့လားဗျ။ဘာလို့ဆို တော့ M1 ကောM2 ကောMETကာလ ရောက် နေတာမလို့ပွဲရှာရ လောက် အောင်အားမ နေနိုင်ဘူးဆို တော့ လေ။ ကျောင်းက ပြောမယ်ဆိုရင် တော့အဆင်မ ပြေတာ တွေအများကြီးပါပဲ။အဆင်မ ပြေတာ တွေပိုပြီး တော့ ပြော ပေးသင့်တယ်ထင်ပါတယ်။စာ မေးပွဲနဲ့စိတ်ရှုပ် နေရတာမလို့ပွဲ တွေနဲ့မ ပျော် တော့ဘူး။
2026-08-06 16:05:55
4
🫠 :
ဆေးကျောင်းက စာတတ်သူတို့လုပ်ရပ်တဲ့
2026-08-06 14:53:05
1
🫠 :
အောက်လုံးတွေကြီးသုံးပြီးပြောထားတာ
2026-08-06 14:53:20
0
To see more videos from user @justice.password, please go to the Tikwm
homepage.
© 2021-2026 TikWM. All rights reserved.