@black46543: တိတ်ဆိတ်တဲ့ ဒီညမှာ... ကိုယ့်ကိုယ်ကို တိတ်တိတ်လေးမေးမိတယ်။ "မင်းကို မလွမ်းတော့ဘူး" ဆိုတဲ့နေ့က... တကယ်ရောက်လာမှာလားလို့။ တစ်နေ့လုံး အလုပ်တွေနဲ့ ကိုယ့်ကိုယ်ကို အလုပ်ရှုပ်အောင် လုပ်ထားနိုင်တယ်။ လူတွေရှေ့မှာလည်း အဆင်ပြေနေသလိုပြုံးနိုင်တယ်။ ဒါပေမယ့်... ညရောက်လာတာနဲ့ တိတ်ဆိတ်မှုတွေကြားမှာ တစ်နေ့လုံး ဖုံးကွယ်ထားခဲ့တဲ့ ခံစားချက်တွေကတဖြည်းဖြည်းပြန်အသက်ဝင်လာတတ်တယ်။ တစ်ချိန်က မင်းနဲ့ပြောခဲ့တဲ့စကားတွေ... မင်းရယ်ခဲ့တဲ့အသံတွေ... မင်းပေးခဲ့တဲ့အမှတ်တရလေးတွေ... မမေ့ချင်လို့ သတိရနေတာတော့မဟုတ်ဘူး။ မေ့ချင်ပေမယ့် စိတ်ကမေ့ခွင့်မပေးသေးတာပါ။ တစ်ခါတလေ ကိုယ်လွမ်းနေတာကမင်းကိုလား... မင်းနဲ့အတူ ပျော်ခဲ့ဖူးတဲ့ကိုယ့်အရင်ဘဝလေးကိုလား... ကိုယ်တိုင်တောင်မသေချာတော့ဘူး။ အချိန်ကအရာအားလုံးကို ကုစားပေးမယ်လို့လူတွေပြောကြတယ်။ ဖြစ်နိုင်ပါတယ်... ဒါပေမယ့် တချို့အမှတ်တရတွေကတော့ အနာမဖြစ်တော့ရင်တောင် အမာရွတ်အဖြစ်ကျန်နေတတ်တယ်။ အခုတော့... မင်းပြန်လာဖို့မမျှော်တော့ဘူး။ မင်းကို အတင်းမေ့ပစ်ဖို့လည်းမကြိုးစားတော့ဘူး။ တစ်နေ့နေ့မှာ... မင်းကို သတိရမိရင်တောင် ရင်မနာတော့တဲ့နေ့... မင်းနာမည်ကြားရင်တောင် ပြုံးနိုင်တဲ့နေ့... အဲ့ဒီနေ့ကိုပဲ တိတ်တိတ်လေးစောင့်နေပါတယ်။ အဲ့ဒီနေ့မရောက်သေးတဲ့ ဒီညမှာတော့... မင်းကိ လွမ်းနေသေးတယ်ဆိုတဲ့ အမှန်တရားကိုပဲ ကိုယ့်ကိုယ်ကိုဝန်ခံလိုက်ပါတယ်...။💔 #black🍀 #sadfeeling #foryou
Black🍀
Region: TH
Thursday 06 August 2026 14:12:46 GMT
Music
Download
Comments
Jxss. :
first
2026-08-06 14:16:12
1
Hana 🌷.. :
ပြန်တင်ခွင့်ပြုပါ
2026-08-06 14:30:28
1
🫰𝓦𝓪𝓲 𝓣𝓸𝓮 𝓜𝔂𝓲𝓷𝓽🫰❤️ :
ပြန်တင်ခွင့်ပြု့ပါ🥰🥰🥰
2026-08-06 14:45:46
1
Moe Ko :
စာသားလေးလိုချင်တယ်ဗျာ🥺🙏
2026-08-06 15:04:56
1
🌺🌺 Phyu 🌺🌺 :
😢😢😢
2026-08-06 15:12:50
1
𝒦𝒽𝒶𝒾𝓃ℊℳ𝒶𝓌🥰🥰 :
😭😭😭😭😭😭
2026-08-06 17:12:06
0
P🌸🍀 :
သူ့ဘက်ကနေနိုင်ကြောင်းပြရင် ကိုယ့်ဘက်လည်း နေနိုင်ကြောင်းပြလိုက်ပါ
2026-08-07 02:44:28
0
To see more videos from user @black46543, please go to the Tikwm
homepage.