@lazysharkvr: seeing if I got my hero vanguard badge in hero X hero! #heroxhero #heroxherovr #vr #badge #views

LazysharkVR
LazysharkVR
Open In TikTok:
Region: GB
Thursday 06 August 2026 15:09:07 GMT
610
28
6
8

Music

Download

Comments

jessie.balderas0
JR :
Do you wanna play me
2026-08-06 15:11:44
0
tttzoya
zoya :
Yo bro i dont know if you remember me but i am the kid from yesterday in the lobby with you brandon,hydra,blitzh can you pls follow me so i can dm you?
2026-08-06 19:39:01
0
metal.hero15
Metal Hero :
Yoooo
2026-08-06 16:02:51
0
cayvrac.second.ed
khaloodikfk :
w
2026-08-06 15:12:53
0
alexsanderserrano5
Blizerd_VR :
first
2026-08-06 15:11:39
0
To see more videos from user @lazysharkvr, please go to the Tikwm homepage.

Other Videos

ထိုသီလ တစ်မျိုးထဲကိုပင် အကျယ်ချဲ့ပြချင်လို့ ပါတိမောက္ခသံဝရသံဝုတာ-စသည်ဖြင့် မြတ်စွာဘုရားက ဟောတော်မူခဲ့တာ။ အဲဒီလို သူ့အယူအဆကို ထုတ်ပြထားတယ်။ အဲဒီနှစ်ဝါဒမှာ ဘယ်ဟာက အကောင်းဆုံးလည်း ဘယ်ဟာက အမှန်လဲလို့မေးရင် နောက်ဝါဒပဲလို့ ပြောရမယ်။ ဘာလို့တုန်းဆိုတော့ အဋ္ဌကထာတွေမှာ ဝါဒနှစ်ခု ပြထားပြီဆိုရင် နောက်ပြတဲ့ဝါဒက ပဓာနကျတယ်၊ အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတယ်။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသကလည်း နောက်ဝါဒကို ထောက်ခံထားတယ်။ သီလကြီးလေးမျိုးထဲက ပါတိမောက္ခသံဝရသီလသာ ကိုယ်နှုတ် နှစ်ပါးကို စောင့်ထိန်းခြင်းဖြစ်လို့ မုချသီလ၊ သီလအစစ်ဖြစ်တယ်။ ဣန္ဒြိယသံဝရသီလ-က ဣန္ဒြေခြောက်ပါး တံခါးခြောက်ပေါက်ကို  စောင့်ရှောက်ခြင်းပိတ်ဆို့ခြင်းမျှ သာဖြစ်တယ်၊ အာဇီဝပါရိသုဒ္ဓိသီလက တရားနဲ့အညီ ပစ္စည်းလေးပါးတို့ ဖြစ်ပေါ်ခြင်းပဲ ဖြစ်တယ်၊ ပစ္စယသန္နိဿိတသီလက ရအပ်သောပစ္စည်းလေးပါး၌ အကျိုးရှိအောင် ပစ္စဝေက္ခဏာဆင်ခြင်ပြီး သုံးဆောင်ခြင်းဖြစ်တယ်။ ဥပစာသီလ၊ သီလအစစ်မဟုတ်ဘူး။ ဒါကြောင့်မို့ တပည့်ဖြစ်သူရဲ့ ဝါဒ(နောက်ဝါဒ)က ပဓာနကျတယ်၊ အကောင်းဆုံးဖြစ်တယ်လို့ဆိုတာပေါ့။ ဒီနေရာမှာ စာကြည့်ရင်း ဘုန်းကြီးတွေးမိတယ်။ တပည့်က ဆရာထက် သာနေပါလားဆိုပြီးပေါ့။ ငါ့တပည့်တွေလည်း စည်ရှင်ကျောင်းကနေ ဘွဲ့တွေရလို့ တခြားမှာလည်း ကြိုးစားအားထုတ်လို့မို့ ငါ့ထက် သာနေ     တော်နေကြမှာပါ။ ငါ့ထက်သာတဲ့ တပည့်တွေ အများကြီးရှိမှာပဲလို့ စဉ်းစားမိတယ်။ တွေးပြီးဝမ်းသာတယ်။ တပည့်က ဆရာထက် မသာရဘူးမဟုတ်ဘူး၊ သာရမှာပေါ့။ တပည့်က ဆရာထက် လက်စောင်းထက်ဆိုတာလို သာအောင်ကြိုးစားရမှာ။ ဒါတွေက တပည့်တွေအတွက် မြတ်စွာဘုရားရဲ့ တိုက်တွန်းချက်သုံးခု၊ အာဏတ္တိ စကားသုံးခုပါ။ အဲဒီလို တိုက်တွန်းလိုက်တော့ ဘာ တွေဖြစ်လာနိုင်တုန်း ဆိုရင် မြတ်စွာဘုရားကလည်း တိုက်ပဲတိုက်တွန်းနေတယ်။ သီလနဲ့ ပြည့်စုံဖို့ချည်း ဖိပြောနေတယ်။ သီလနဲ့ပြည့်စုံတော့ ဘာဖြစ်လာမှာ မို့တုန်း၊ ဘာတွေရမှာမို့တုန်းဆိုပြီး တပည့်တွေက မကျေနပ်တာတို့ မနှစ်မျို့ တာတို့ရှိရင် ရှိလာနိုင်တယ်တဲ့။ ရှိလာနိုင်တယ်လို့လည်း သိတော်မူတယ်။ မြတ်စွာဘုရားက တပည့်သာဝကတွေကို“မင်းတို့ ပါတိမောက္ခသံဝရသီလကို ပြည့်စုံအောင် ဖြည့်ကျင့်ကြ၊ ၂၂၇-သွယ်၊ အကျယ်ကုဋေ ၉၀၀၀-ကျော် သီလတော်တွေ သိက္ခာပုဒ်တော်တွေ မကျိုးမပေါက်အောင် လိုက်နာကျင့်သုံးကြ”ဆိုပြီး ဒီအတိုင်းလေး ပြောရင် ထွက်ပြေးတော့မှာတဲ့။ အဲဒီလို ထွက်ပြေးမှာစိုးလို့
ထိုသီလ တစ်မျိုးထဲကိုပင် အကျယ်ချဲ့ပြချင်လို့ ပါတိမောက္ခသံဝရသံဝုတာ-စသည်ဖြင့် မြတ်စွာဘုရားက ဟောတော်မူခဲ့တာ။ အဲဒီလို သူ့အယူအဆကို ထုတ်ပြထားတယ်။ အဲဒီနှစ်ဝါဒမှာ ဘယ်ဟာက အကောင်းဆုံးလည်း ဘယ်ဟာက အမှန်လဲလို့မေးရင် နောက်ဝါဒပဲလို့ ပြောရမယ်။ ဘာလို့တုန်းဆိုတော့ အဋ္ဌကထာတွေမှာ ဝါဒနှစ်ခု ပြထားပြီဆိုရင် နောက်ပြတဲ့ဝါဒက ပဓာနကျတယ်၊ အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတယ်။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသကလည်း နောက်ဝါဒကို ထောက်ခံထားတယ်။ သီလကြီးလေးမျိုးထဲက ပါတိမောက္ခသံဝရသီလသာ ကိုယ်နှုတ် နှစ်ပါးကို စောင့်ထိန်းခြင်းဖြစ်လို့ မုချသီလ၊ သီလအစစ်ဖြစ်တယ်။ ဣန္ဒြိယသံဝရသီလ-က ဣန္ဒြေခြောက်ပါး တံခါးခြောက်ပေါက်ကို စောင့်ရှောက်ခြင်းပိတ်ဆို့ခြင်းမျှ သာဖြစ်တယ်၊ အာဇီဝပါရိသုဒ္ဓိသီလက တရားနဲ့အညီ ပစ္စည်းလေးပါးတို့ ဖြစ်ပေါ်ခြင်းပဲ ဖြစ်တယ်၊ ပစ္စယသန္နိဿိတသီလက ရအပ်သောပစ္စည်းလေးပါး၌ အကျိုးရှိအောင် ပစ္စဝေက္ခဏာဆင်ခြင်ပြီး သုံးဆောင်ခြင်းဖြစ်တယ်။ ဥပစာသီလ၊ သီလအစစ်မဟုတ်ဘူး။ ဒါကြောင့်မို့ တပည့်ဖြစ်သူရဲ့ ဝါဒ(နောက်ဝါဒ)က ပဓာနကျတယ်၊ အကောင်းဆုံးဖြစ်တယ်လို့ဆိုတာပေါ့။ ဒီနေရာမှာ စာကြည့်ရင်း ဘုန်းကြီးတွေးမိတယ်။ တပည့်က ဆရာထက် သာနေပါလားဆိုပြီးပေါ့။ ငါ့တပည့်တွေလည်း စည်ရှင်ကျောင်းကနေ ဘွဲ့တွေရလို့ တခြားမှာလည်း ကြိုးစားအားထုတ်လို့မို့ ငါ့ထက် သာနေ တော်နေကြမှာပါ။ ငါ့ထက်သာတဲ့ တပည့်တွေ အများကြီးရှိမှာပဲလို့ စဉ်းစားမိတယ်။ တွေးပြီးဝမ်းသာတယ်။ တပည့်က ဆရာထက် မသာရဘူးမဟုတ်ဘူး၊ သာရမှာပေါ့။ တပည့်က ဆရာထက် လက်စောင်းထက်ဆိုတာလို သာအောင်ကြိုးစားရမှာ။ ဒါတွေက တပည့်တွေအတွက် မြတ်စွာဘုရားရဲ့ တိုက်တွန်းချက်သုံးခု၊ အာဏတ္တိ စကားသုံးခုပါ။ အဲဒီလို တိုက်တွန်းလိုက်တော့ ဘာ တွေဖြစ်လာနိုင်တုန်း ဆိုရင် မြတ်စွာဘုရားကလည်း တိုက်ပဲတိုက်တွန်းနေတယ်။ သီလနဲ့ ပြည့်စုံဖို့ချည်း ဖိပြောနေတယ်။ သီလနဲ့ပြည့်စုံတော့ ဘာဖြစ်လာမှာ မို့တုန်း၊ ဘာတွေရမှာမို့တုန်းဆိုပြီး တပည့်တွေက မကျေနပ်တာတို့ မနှစ်မျို့ တာတို့ရှိရင် ရှိလာနိုင်တယ်တဲ့။ ရှိလာနိုင်တယ်လို့လည်း သိတော်မူတယ်။ မြတ်စွာဘုရားက တပည့်သာဝကတွေကို“မင်းတို့ ပါတိမောက္ခသံဝရသီလကို ပြည့်စုံအောင် ဖြည့်ကျင့်ကြ၊ ၂၂၇-သွယ်၊ အကျယ်ကုဋေ ၉၀၀၀-ကျော် သီလတော်တွေ သိက္ခာပုဒ်တော်တွေ မကျိုးမပေါက်အောင် လိုက်နာကျင့်သုံးကြ”ဆိုပြီး ဒီအတိုင်းလေး ပြောရင် ထွက်ပြေးတော့မှာတဲ့။ အဲဒီလို ထွက်ပြေးမှာစိုးလို့ "အာကင်္ခေယျ စေ ဘိက္ခဝေ ဘိက္ခု”စသည်ဖြင့် မြတ်စွာဘုရားက သီလဖြည့်ကျင့်ရကျိုး ၁၇-မျိုးကို မိန့်ကြားတော်မူခဲ့တယ်။ ဒီနေရာမှာ အဋ္ဌကထာဆရာက ဝိသကဏ္ဋကဝါဏိဇ-ထန်းလျက်ကုန်သည်ဥပမာ ပေးပြီး ဖွင့်ဆိုထားတာလေး ရှိသေးတယ်။ ရှေးတုန်းက မြို့တစ်မြို့က ကုန်သည်တစ်ယောက်ဟာ ထန်းလျက်ခဲတွေ လှည်းပေါ်အပြည့်တင်ပြီး ပစ္စန္တရစ်ရွာတွေ သွားရောင်းတယ်။ ရောင်းတဲ့အခါ“ဝိသကဏ္ဋကံ ဂဏှထ၊ ဝိသကဏ္ဋကံ ဂဏှထ”ဆိုပြီး ရောင်းတယ်။ အဲဒီမှာလူတွေက ဝိသ-ဆိုတာအဆိပ်၊ ကဏ္ဋက-ဆိုတာ-ဆူး။ အထိပ်နဲ့ဆူးကို ယူလှည့်ကြ”ဆိုပြီး နားလည်တယ်။ ပြီးတော့ လူတွေက အဆိပ်နဲ့ဆူးကို ယူရင် ငါတို့ ဒုက္ခရောက်ကုန်မှာပေါ့။ အဆိပ်ဆိုတာလည်း လူကိုသေစေ တတ်တဲ့အရာ၊ ဆူးဆိုတာလည်း လူကိုဒုက္ခပေးတတ်တဲ့အရာ ဒါတွေကို ဝယ်ပြီး ငါတို့ ဘာလုပ်ရမှာတုန်း။ အဲ့ဒီလိုပြောပြီး လူတွေက အိမ်တံခါးတွေကို ပိတ်ထားကြတယ်။ ကလေးတွေကို အဝေးပြေးစေ ကြတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ ကုန်သည်က ပစ္စန္တရစ်ရွာသားတို့ရဲ့ အမူအရာကို ရိပ်မိသွားတာပေါ့။ ဒီရွာသားတွေ ဝေါဟာရမကျွမ်း ကျင်ဘူးပဲ။ ဝိသကဏူကဆိုတာ အဆိပ်နဲ့ဆူးလို့ထင်နေကြတာကိုး။ တကယ်တော့ ဝိသကဏ္ဋကဆိုတာ ဒီနေရာမှာ ဂုဠရဲ့ ပရိယာယ် ဖြစ်တယ်။ ထန်လျက်ခဲလို့ အဓိပ္ပါယ်ရတယ်။ ဒါနဲ့ ကုန်သည်က ရွာသားတွေကို ယူချင်လာအောင် ဝေါဟာရအခေါ်အဝေါ်တစ်မျိုး ပြောင်းပြီး“အတိမဓုရံ ဂဏှထ- အလွန်ချိုတဲ့ မုန့်ကိုယူလှည့်ကြပါ။ အတိသာဒုံ ဂဏှထ- အလွန်သာယာဖွယ်ကောင်းတဲ့ မုန့်ကို ယူလှည့်ကြပါ”လို့ အော်လိုက်တယ်။ ကုန်သည်က ရွာသားတွေ ဝယ်ချင်လာအောင် ဘယ်လောက်ထိ လျှော့ပြောရသလဲဆိုရင် ဒီမုန့်တွေကို လျှော့ဈေးနဲ့လည်း ရောင်းပါမယ်။ ကူဋမာသက ကူဋကဟာပဏ-ပိုက်ဆံအတုနဲ့လည်း ရောင်းပါမယ်လို့ ပြောလိုက်တယ်။ အဲဒီအခါကျမှ လူတွေက ပြန်လှည့်လာပြီး "လူတွေကိုဒုက္ခပေးတတ်တဲ့ အဆိပ်နဲ့ဆူး မဟုတ်ဘူးတဲ့ဟ၊ အလွန်ချို မြိန်တဲ့သာယာဖွယ်ကောင်းတဲ့ စားစရာတစ်မျိုး"တဲ့ဆိုပြီး အလုအယက် ဝယ်ကြတယ်။ အချို့က ဈေးကြီးပေးပြီးတော့ ဝယ်ကြတယ်။ ဒီနေရာမှာအဋ္ဌကထာဆရာပြောချင်တာက ထန်းလျက်ကုန်သည်ဟာ ပထမ ဝိသကဏ္ဋကံ ဂဏှထလို့ ပြောရောင်းတော့ ရွာသားတွေက လူတွေကို ဒုက္ခပေးမယ့် အရာဆိုပြီး မဝယ်ကြဘူး။ နောက်တော့ "အတိမဓုရံ ဂဏှထ”လို့အခေါ် အဝေါ်တစ်မျိုးပြောင်းပြီး ရောင်းတော့မှ ရွာသားတွေက အလုအယက်ဝယ်ကြတယ်။ ရောင်းတဲ့သူဟာ ဝယ်တဲ့သူတွေ ဝယ်ချင်လာအောင် စကားအသုံးအနှုန်း ကောင်းဖို့လိုသလို ဒါကိုဝယ်ရင် ဒီလိုအကျိုးရတယ်လို့ သိအောင် ပြောပြနိုင်ဖို့လည်း လိုတယ်။ ဆက်ရန်

About