@barryxnyar: တကယ်တော့... လူနှစ်ယောက် အချိန်အကြာကြီး အတူရှိနေဖို့"ဆိုတာ ရုပ်ရည်တွေ၊ ငွေကြေးတွေထက် 'နားလည်မှုနဲ့ သစ္စာရှိခြင်း' က ပိုအရေးကြီးပါတယ်။ နောက်တစ်ချက်က ဘယ်သူ့ကိုမှ အခွင့်အရေးမပေးဖို့ပါ။ အလုပ်ကိစ္စကလွဲလို့ ယောင်္ကျားလေးဆိုရင် ဘယ် သူစိမ်းမိန်းကလေးနဲ့မှစကားမပြောဘူး။ မိန်းကလေးဆိုရင် ဘယ်သူစိမ်း ယောင်္ကျားလေးနဲ့မှ ရင်း"နှီး"စကားမပြောဘူး။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါ။ "ငါမပတ်သက်ဘူး သူတို့က လာလာပတ်သက်နေတာ" ဆိုတာက ကိုယ်တိုင်ကလဲ ပတ်သက်ခွင့်ပြုထားလို့ပါ။ "မီးအိမ်က ငြိမ်ငြိမ်လေး နေနေတာပါ။ ဒါပေမဲ့ အလင်းရောင် ထွက်နေသရွေ့တော့ ပိုးဖလံတွေက တိုးဝှေ့နေကြဦးမှာပဲ။" နောက်တစ်ချက်က အစပိုင်းမှာ လူတိုင်းက အကောင်းဆုံးပုံစံတွေကိုပဲ ပြကြတာမို့ အဆင်ပြေကြတာ မဆန်းပါဘူး။ ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါ၊ တစ်ယောက်ရဲ့ အကျင့်ဆိုးတွေကို နောက်တစ်ယောက်က သိလာတဲ့အခါမှာလည်း အရင်လို ချစ်နေပေးဖို့ဆိုတာ တော်ရုံ 'ချစ်ခြင်းမေတ္တာ' နဲ့တင် မလုံလောက်တော့ဘူး လူနှစ်ယောက်က တစ်ပုံစံတည်း ဘယ်တော့မှ မတူနိုင်ပါဘူး။ စိတ်တိုင်းမကျတဲ့အရာတွေ ရှိလာတဲ့အခါ "ငါနဲ့မတူလို့ လမ်းခွဲမယ်" ဆိုတာထက် "သူ့မှာလည်း သူ့အကြောင်းရှိမှာပဲ" ဆိုတဲ့ စိတ်နဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးတာက ပိုခိုင်မြဲစေပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ Surprise တွေထက် နေမကောင်းတဲ့အခါ ဘေးမှာရှိပေးတာ၊ ပင်ပန်းနေတဲ့အခါ အားပေးစကားပြောတာ၊ အသေးအဖွဲကိစ္စလေးတွေကို မှတ်မိပေးတာမျိုးက သံယောဇဉ်ကို ပိုခိုင်မာစေပါတယ်။ "သူက ငါ့အနားမှာ အမြဲရှိမှာပဲ" ဆိုတဲ့ အတွေးနဲ့ လျစ်လျူမရှုပါနဲ့။ အချိန်အကြာကြီး အတူရှိနေတဲ့ စုံတွဲတွေမှာ အဓိကရှိတာက 'အလေးထားမှု' ပါ။ ဘယ်လောက်ပဲ ကြာပြီဖြစ်ပါစေ... တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတဲ့စိတ် ရှိနေသရွေ့ အဲဒီအချစ်က လတ်ဆတ်နေမှာပါ။ အဆင်မပြေမှုတွေနဲ့ ရှုပ်ထွေးနေတဲ့ အချိန်တွေမှာတောင် လက်တွဲမဖြုတ်ဘဲ အတူတူ ဖြတ်ကျော်ကြတဲ့အခါမှသာ "အကြာကြီး" ဆိုတဲ့ စကားလုံးက အဓိပ္ပာယ်ရှိလာတာ။ ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ သဘောထားကွဲလွဲပါစေ... နောက်ဆုံးမှာတော့ "ငါ့အတွက် သူရှိရင် ဖြစ်တယ်" ဆိုတဲ့ ခိုနားရာလေးတစ်ခုအဖြစ် အချင်းချင်း သတ်မှတ်ထားနိုင်ကြရင်ပဲ အချိန်တွေက သူတို့နှစ်ယောက်ရှေ့မှာ ဒူးထောက်သွားမှာပါ.....❤️ #fyp #foryoupage #foryou

Onyx🪼
Onyx🪼
Open In TikTok:
Region: TH
Thursday 06 August 2026 16:18:19 GMT
16850
1183
6
36

Music

Download

Comments

theingi6766
Theingi :
စားသားလေးယူသုံးမယ်နော်
2026-09-16 10:17:55
0
sandarmyint268
Dar Dar :
တွေ့ဖူးသလိူဘဲနော်
2026-08-19 03:48:49
0
thaw.tar.shin.tha97
Thaw🎀✨ :
စာသားလေး ပို့ပေးပါလားရှင့်
2026-08-07 04:26:53
0
yyw.kive
Ying :
ကိုယ်တစ်ယောက်ထဲနှစ်တွေအကြာကြီး တစ်ယောက်ထဲဖြစ်နေရတာကလည်း မဆိုးဘူး
2026-08-06 17:04:17
0
may.thu.khaing177
🇲🇲 Rina May 🇦🇪 UAE :
သုံးနှစ်တာသံယောဇဥ်ကိုတစ်ရက်တွေ့တဲ့သူနဲ့လဲလှယ်ပစ်ခဲ့တာ🥺😞
2026-08-16 05:14:42
0
sa.pa.oo5
Sa pa Oo :
🥰🥰🥰
2026-09-08 14:52:03
0
To see more videos from user @barryxnyar, please go to the Tikwm homepage.

Other Videos


About