@caryanchauk: ချစ်ရသူ ဖတ်ဖို့ ငေးကြည့်လိုလဲ မဝဘူး တွေ့ထိလို့လဲ မရဘူး ဟိုး အဝေးက တိမ်စိုင်ငယ်လေးရယ် တစ်မိုးအောက်ထဲ အတူရှိနေတာပဲဆိုတဲ့ စိတ်တစ်ခုနဲ့ အရာရာကို ငါ လက်ခံပါတယ် ကြယ်အရောင်တွေ လင်းဖို့အတွက်ဆို တကယ်မှောင်တဲ့ ညတွေရှိမှဖြစ်မယ် ခင် တိမ်တွေလဲ မဖုံးကြေး အချိန်တွေလဲ မဖြုန်းကြေးပေါ့ ခင်ရယ် ခင့် မျက်ဝန်းတွေ ပြိုတဲ့ညက ကိုယ့် ကောင်းကင်လဲ ငိုခဲ့ရတယ် ခင် လူတိုင်းလဲ အမှားမကင်းတာမို့ အားတင်းထားဖို့ ကိုယ်တောင်းဆိုချင်တယ် အခက်ခဲတွေရှိရင်တောင် လက်တွဲမဖြုတ်ခဲ့တဲ့ ခင့်ကို ကျေးဇူးတင်ပါတယ် ချစ်ခြင်းမေတ္တာဟာ ခင့်နှုတ်ခမ်းက အပြုံးလှလှလေးဆိုရင် ကို လွန်ရာကြမလား တကယ်ပါ... မင်းဟာ ငါအမြဲမက်တဲ့ အိပ်မက်ထဲက သတိုးသမီးလေးပါ ခင်သစ္စာ တခါ တရံမှာ မင်းနဲ့တွေ့ရဖို့ ငါအိပ်လိုက်ရတယ် တခါတလေ မင်းနဲ့တွေ့ရမှ ငါလန့်နိုးရတယ် အကိုစစ်ငြိမ်း ကဗျာခေါင်းစဥ်လေးလို ဒါဘယ်လို ငရဲလဲ မခင်သစ္စာပေါ့ ခင်သာ ပန်းကလေးဆိုရင် လေးညှင်းကလေးတိုးဝှေ့သွားရင်လဲ ကိုယ်က ရန်လိုနေအုံးမှာ ဒါပေမယ့်.....မခင်သစ္စာရေ ရနံ့မကြိုက်လို့ မဟုတ်ပါဘူး မနမ်းထိုက်တဲ့ တော်ဝင်ပန်းကလေးမို့ အဝေးကပဲ ငေးကြည့်နေပါမယ် ၊ တကယ်တမ်းကျ ကိုယ်တို့ဟာ ရထားတစ်စင်းထဲ ကျောခြင်းကပ်လျှက် စီးခဲ့ကြတာပဲ ။ #ကာရံ(Chauk)
꧁༺ ကာရံ ༻꧂ ( Chauk )
Region: TH
Thursday 06 August 2026 23:55:03 GMT
Music
Download
Comments
U Hlwan Moe :
သေစမ်း
ကမ္ဘာတစ်ခုထဲ အတူရှိနေပြီး
တွေ့ထိလို့မရတဲ့ အရာကိုမှ
ငေးကြည့်နေရတယ်လို့
ပုံပြင်တွေ တူနေလိုက်ပုံများဗျာ
2026-08-11 12:36:43
7
𝓢𝓸𝓵𝓪𝓬𝓮💕💕 :
ကော်ပီလေးပေးပါလားနော်crd
2026-08-14 03:56:07
1
Polestar🌟 :
သိပ်နူးညံ့တဲ့ကဗျာလှလှလေးတစ်ပုဒ်ပါဗျာ🥰
2026-08-21 10:57:56
1
C :
ပြန်တင်မယ်နော် ရလား
2026-08-14 15:53:26
2
Thar Phyu :
ကောင်းလိုက်တဲ့ကဗျာလေး
2026-08-23 09:22:54
1
U Zaw Min Aung :
ပြန်တင်ခွင့်ပေးပါ🥰🥰
2026-09-01 00:37:49
1
🆈🅰🅽 ❣️🅽🅰🅸🅽🅶❣️ :
မျှဝေခွင့်ပြုပါနော်
2026-08-14 05:04:51
1
အရံလူ :
🥰🥰ပြန်လည်တင်ခွင့်ပြုပါ🥰🥰စာသားတွေကောင်းလွန်းပါတယ်ဗျာ🥰🥰🥰
2026-08-11 13:44:20
1
ခလေးရဲ့ကိုကို🥰🥰🥰 :
ပြန်တင်ခွင့်ပြုပါ
2026-08-15 07:06:01
1
U Sai Thu Aung :
ကောင်းလွန်းလှတဲ့ စာသားလေးပါဗျာ 🥰🥰🥰
2026-08-15 00:58:57
1
ချောမြတ်ရတနာ :
စိတ်ကူးယဉ်သမားလေးလားသူက
2026-08-15 10:27:37
1
ဦးငယ် :
ကော်ပီယူပါရစေဆရာ
2026-08-09 15:05:35
1
အောင်မြင့်မြတ် :
သတိရ နေယုံသက်သက့် လေပါဘဲ.......မိုးရယ်....💙💙💙💙💙💙
2026-08-15 07:26:14
2
Ko Phyo :
ပြုံးပြီးဖတ်နေတာလား😁
2026-08-15 08:26:38
1
shan lay :
ဘဝတွေခြားသွားပြီ
2026-08-20 08:29:50
1
Mg Phyo Phyo Aung :
ထိပါတယ်🥰
2026-08-19 14:04:56
0
အရေးမပါ အရာမရောက်ခြင်းရဲ့ ရသ :
မရနိုင်တဲ့သူကို မေတ္တာမပျက်ဘဲ အဝေးကနေ ငေးကြည့်နေနိုင်တာလည်း ချစ်ခြင်းတစ်မျိုးပါပဲ။
တစ်ခါတလေ ဘဝက ရထားတစ်စင်းထဲမှာ ကျောချင်းကပ်ပြီး စီးခွင့်ပေးပေမယ့်… ဘူတာတစ်ခုရောက်တဲ့အခါ ကိုယ်သွားရမယ့်လမ်းနဲ့ သူသွားရမယ့်လမ်းက မတူတော့ဘူး။
နီးခဲ့ဖူးတာကို ကျေးဇူးတင်ပြီး ဝေးရတာကို နားလည်လက်ခံနိုင်ရင် အဲ့ဒါဟာ မေတ္တာရဲ့ အမြင့်ဆုံးအဆင့်တစ်ခုပါပဲ။
မခင်သစ္စာရေ… အဝေးကနေ ငေးကြည့်နေရပေမယ့် ကိုယ့်စိတ်ထဲမှာတော့ အမြဲလှနေတဲ့ ပန်းကလေးတစ်ပွင့်ပါပဲ။ 🥀❤️
2026-08-19 16:27:01
2
Myo Thu Aung :
ပြန်တင်ခွင့်ပြုပါ...🍂🍂🍂
2026-08-14 11:17:23
1
𝓢𝓸𝓵𝓪𝓬𝓮💕💕 :
ဟာ တကယ်ကိုပါကွာ🥺🥺အမှန်တွေ🥺
2026-08-14 03:55:46
1
မောင်လေပွေ (ချော်တွင်းကုန်း) :
ချက်ကောင်းကို ထိတယ် ဆရာရေ
2026-08-14 02:56:18
1
MayMay Sein :
အင်းလေ
2026-08-15 06:15:02
1
♄☂€☂ ♫ꍏ♗♫❡ ⊙⊙ :
#crd
2026-08-17 16:18:27
1
Aye Thet Khaing :
သူ့မြို့လေးတွေ့တိုင်း သူဒီမှာနေတာပါလားဆိုတဲ့အတွေးလေး
2026-08-14 08:39:45
1
Nan Wai composer :
နောက်ဆုံးစာသေးလေးက အသက်
🙏🙏🙏
2026-08-14 03:28:33
1
ဆူဖန်ဘီးကျဲ :
ပြန်သုံးပရစေ
2026-08-13 15:29:22
1
To see more videos from user @caryanchauk, please go to the Tikwm
homepage.