@wai.yan.8604: #သူသေတော့ ... ကိုယ်က ပို့ဆောင်ပေးရတယ်။ မျက်ရည်စတွေနဲ့ နောက်ဆုံးခရီး လိုက်ပို့ရတယ်။ ဒီနေ့ သူ့အလှည့် ဖြစ်ပေမယ့် မနက်ဖြန်ဆိုတာ ကိုယ့်အလှည့် မဟုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်သလဲ-? သူသေ ကိုယ်ပို့ ကိုယ်သေ သူပို့ မဟုတ်လား-? ဒီလိုနဲ့ပဲ လောကဓမ္မစက်ဝိုင်းကြီး လည်ပတ်နေတယ်။ မနေ့က တွေ့ခဲ့တဲ့သူ ဒီနေ့ မရှိနိုင်တော့သလို ဒီနေ့ ရယ်မောနေတဲ့သူလည်း မနက်ဖြန် ငြိမ်သက်သွားနိုင်တယ်။ အနိစ္စဆိုတဲ့ တရားကို နေ့တိုင်း မြင်နေရပေမယ့် ကိုယ့်အလှည့်ရောက်မယ့်နေ့ကိုတော့ လူတိုင်း မေ့လျော့နေမိကြဆဲ။ ပိုင်ဆိုင်မှုတွေ ဂုဏ်သိက္ခာတွေ ချစ်ခင်တွယ်တာမှုတွေ နောက်ဆုံးတော့ ချန်ထားခဲ့ရတာချည်းပဲ။ အိမ်ကြီးအိမ်ကောင်းတွေ ရွှေ ငွေ ပစ္စည်းတွေ စုဆောင်းခဲ့သမျှ အရာအားလုံးဟာ... နောက်ဆုံးခရီးမှာ ဘာတစ်ခုမှ လိုက်မပါနိုင်ဘူး။ #လိုက်ပါလာမှာက ... ကိုယ်ပြုခဲ့တဲ့ ကုသိုလ်နဲ့ အကုသိုလ်။ ကိုယ်ထားခဲ့တဲ့ စေတနာနဲ့ ဝဋ်ကြွေးတွေပဲ။ #ဒါကြောင့် ဒါကြောင့် ... အသက်ရှင်နေတုန်း ကုသိုလ်စုကြပါ။ မေတ္တာပေးကြပါ။ မိဘကို ပြုစုကြပါ။ တန်ဖိုးထားသင့်သူကို တန်ဖိုးထားကြပါ။ စကားတစ်ခွန်း ပြောခွင့်ရတုန်း ပြောပါ။ တွေ့ခွင့်ရတုန်း တွေ့ပါ။ ချစ်ခွင့်ရတုန်း ချစ်ပါ။ မနက်ဖြန်ဆိုတာ... ဘယ်သူ့ကိုမှ အာမခံထားတဲ့ နေ့ရက် မဟုတ်လို့ပါ။ အကြောင်းကတော့... တစ်နေ့နေ့မှာ သူသေ ကိုယ်ပို့ခဲ့သလို ကိုယ်သေ သူပို့ရမယ့် အချိန်ကို ရောက်လာဦးမှာမို့ပါ။ သံဝေဂတရားကို အဖော်ပြုပြီး မမေ့မလျော့ နေထိုင်နိုင်ကြပါစေ...။
༺MĨ༒ LŐ༻
Region: MM
Friday 07 August 2026 01:08:33 GMT
Music
Download
Comments
🐠Y🐠 :
ဒီစကားကို မှန်တဲ့သူတွေစုမယ်😊
2026-10-04 15:04:08
3
Aung Phyo :
မှားတယ်နော်လူတိုင်းတော့မဟုတ်ဘူး
2026-10-03 14:30:28
12
랜𝕊𝕙𝕚𝕟𝕖𝕃𝕒𝕪♡ :
vdအောက်ကစာသားကိုဘယ်လိုယူရမလဲဗျ🙏🏻🙏🏻🙏🏻
2026-10-04 12:11:46
0
လွမ်းနေယုံလေး :
Hi မဂ်လာပါဗျ 🙏🙏🙏
သဘောကျလို့ပြန်နင်ခွင့်လေးပြုပါနော်🙏🙏🙏
2026-10-04 12:28:37
1
NEO🪐 :
လူတစ်ယောက်ရဲ့နောက်ဆုံးခရီး လိုက်မပို့ပဲမနေနိုင်ဘူး
2026-10-04 12:50:49
1
ဒဿ :
ထမင်းစားပြီးစောင့်နေပါတယ်သူငယ်ချင်းရာရှောင်လွှဲလို့မှမရတာ💀💀💀
2026-10-03 14:11:09
2
𝐌𝐠 𝐙𝐚𝐰🦍 :
ယူသုံးခွင့်ပြုပါ brother😔
2026-10-04 08:08:06
1
P̼H̼O̼E̼ C̼H̼I̼T̼ :
လူတိုင်းကသေမဲ့သူတွေပဲ
2026-10-04 03:10:45
2
K🌻 :
မှန်တယ် ပေါ့
2026-08-07 06:14:16
3
🇲🇲𝐊𝐨 𝐙𝐚𝐰 𝐇𝐭𝐮𝐧🇲🇲✅☪ :
ပြန်တင်ခွင့်ပြုပါဗျာ
2026-08-13 12:50:51
2
💔💔 :
လူတိုင်မေ့နေတာမဆန်ပါဘူဘုန်ကြီးတွေတောင်တစ်ခါတစ်လေမေ့နေတက်တာဘဲကို
2026-10-01 10:27:08
1
☠️💫⚽💀💥🫶🤝🤝2008⚽🫶 :
စာသားလေးချပေးပါလားဗျ ပြန်တင်ချင်လိူ့..💞🥺
2026-08-13 10:58:12
2
အားခီ :
မှန်ပါတယ်ဗျ
2026-08-07 14:17:26
3
Ko TarGyi :
မှန်လိုက်လေဗျာ
2026-10-04 17:10:34
0
ᴍʀܔLil'g🥊 :
ယူသုံးမယ်နော် ဘရို
2026-10-04 17:27:41
0
Coconut"🥥 :
ဒါဒါ"
2026-08-08 14:26:30
1
တစ်ယောက်ထည့်ပါပဲ :
မှန်တာပေါ့
2026-09-02 01:09:49
2
𝓗𝓽𝓮𝓽𝔀𝓪𝓲🙈 :
ပြန်တင်မယ်နော်🥰
2026-10-01 10:07:27
0
『K9』亗HTIKE :
သေသောသူ ကြာရင် ေမ့တဲ့
ငါ့အဖေကိုတော့တစ်ရက်လေးမျှမေ့မရခဲ့😇
2026-10-04 14:53:42
0
justinhlaingmin :
အမှန်ကို
2026-10-04 16:01:18
0
💥🌬မောင်ပေါက်စ🤠💯 :
လူဆိုတာသေမျိုးကြီးပဲ မသေမျိုးဆိုတာမရှိဘူး အကုန်လုံးကကံစေရာကို သွားကြရတာပဲ ကံကိုလဲကိုကရှောင်လွှဲလိုမရသလို ကံကလဲ ကိုယ်ကိုရှောင်လွှဲခြင်းမရှိဘူး အကုန်လုံးက လောကရဲ နိယာမပဲ👌👌
2026-10-04 19:24:18
0
💛💚❤️ :
အေးလေ
2026-10-04 15:15:21
0
(မာနတ်) :
2026-10-04 17:04:44
0
꧁༒ 𝐉𝐚𝐱𝐞𝐧 ༒꧂ :
အမှန်တရားတွေးက အမြဲတမ်းပေါ်လွင်းမနေဝူး
2026-10-04 16:17:47
0
ayemisan014 :
အမှန်ပေါ့်
2026-10-03 04:04:03
0
To see more videos from user @wai.yan.8604, please go to the Tikwm
homepage.