@butma97: "မေတ္တာကို မယုံကြည်သူနဲ့ အငြင်းမပွားလိိုပါဘူး။" တစ်ချိန်တုန်းကတော့ လူတိုင်း မေတ္တာတရားရဲ့ တန်ဖိုးကို နားလည်ပေးကြလိမ့်မယ်လို့ ထင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘဝက ကျွန်တော့်ကို တဖြည်းဖြည်း သင်ပေးခဲ့တာတစ်ခုက_ လူတိုင်းဟာ တူညီတဲ့ မျက်လုံးနဲ့ လောကကို မကြည့်ကြဘူး ဆိုတာပါ။ တချို့က ဘဝကို Money နဲ့ တိုင်းတာကြတယ်။ တချို့ကျတော့ Power ကို အမြင့်ဆုံး အောင်မြင်မှုလို့ ယုံကြည်ကြတယ်။ တချို့ကလည်း Fame ကိုပဲ ဘဝရဲ့ အဓိပ္ပာယ်လို့ မှတ်ယူထားကြပြန်တယ်။ အဲဒါဟာ သူတို့ရဲ့ ရွေးချယ်မှုသက်သက်ပါ။ ကျွန်တော်ကတော့ အဲဒီရွေးချယ်မှုတွေကို ဝေဖန်လိုတာ မဟုက်ပါဘူး။ ဒါပေမယ့် ကျွန်တော့်နှလုံးသား ယုံကြည်ထားတာက အဲဒီအရာတွေထက် ပိုပြီး တည်တံ့တဲ့ အရာတစ်ခု ရှိနေသေးတယ်ဆိုတာပါ။ အဲဒါက မေတ္တာ ပါပဲ။ ငွေက ဘဝကို အဆင်ပြေစေနိုင်ပါလိမ့်မယ်။ အာဏာကလည်း တံခါးတချို့ကိုတော့ ဖွင့်ပေးနိုင်တယ်။ ဂုဏ်သတင်းက လူအများရဲ့ အာရုံကို ခဏလေးအထိတော့ ဆွဲဆောင်နိုင်မှာပါ။ ဒါပေမယ့် နွေးထွေးတဲ့ နှလုံးသားတစ်စုံကိုတော့ မေတ္တာကသာ ဖန်တီးပေးနိုင်တာပါ။ လူ့စိတ်ပညာမှာလည်း အံ့ဩစရာ မရှိပါဘူး။ အမုန်းတရားကို အချိန်ကြာကြာ ပွေ့ဖက်ထားသူဟာ အရင်ဆုံး ပင်ပန်းသွားတာ သူ့ကိုယ်သူပါပဲ။ မနာလိုစိတ်က တစ်ဖက်လူကို မလောင်ကျွမ်းခင် ကိုယ့်စိတ်ကို အရင်လောင်ကျွမ်းရပါတယ်။ Compassion ဆိုတာ အားနည်းခြင်း မဟုတ်ပါဘူး။ အဲဒါဟာ စိတ်ဓာတ် ရင့်ကျက်လာသူရဲ့ အတွင်းအင်အားပါ။ တစ်ခါတလေကျရင် စာတစ်ပုဒ်ရေးလိုက်တဲ့အခါ တချို့က မေတ္တာကို မြင်တယ်။ တချို့က အားနည်းချက်ကိုပဲ မြင်တယ်။ တချို့က လှောင်ရယ်ဖို့ စကားလုံးကို ရှာကြပြန်တယ်။ ဒါကို ကျွန်တော် အံ့ဩမနေတော့ပါဘူး။ ပန်းတစ်ပွင့်ရဲ့ မွှေးရနံ့ကို ခံစားတတ်သူရှိသလို အရောင်ကိုပဲ ကြည့်ပြီး လှည့်ထွက်သွားသူလည်း ရှိနိုင်တာပဲ မဟုက်လား။ အမွှေးရနံ့ကတော့ ခံစားတတ်တဲ့ နှလုံးသားအတွက်သာ သီသန့် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပျားကောင်းကို သဘောကျပါတယ်။ ပျားကောင်ကသာ ပန်းရနံ့ကို သိတတ်တာမို့ပါ။ အချို့သော ယင်ကောင် လူများနဲ့တော့ မပတ်သက်ချင်ပါဘူး။ အဲဒီလိုပဲ မေတ္တာဟာလည်း လက်ခံနိုင်တဲ့ စိတ်ရှိသူအတွက်သာ အဓိပ္ပာယ်ရှိနိုငိတာပါ။ ဒါကြောင့် မေတ္တာကို မယုံကြည်သူနဲ့ ကျွန်တော် အငြင်းမပွားတော့ပါဘူး။ သူ့ကို အနိုင်ယူဖို့လည်း မကြိုးစားတော့ဘူး။ လူတစ်ယောက်ရဲ့ အတွေးကို ပြောင်းဖို့ထက် ကိုယ့်နှလုံးသားရဲ့ အလင်းကို မမှိန်သွားအောင် ထိန်းသိမ်းထားဖို့က ပိုအရေးကြီးပါတယ်။ ဗုဒ္ဓတရားကလည်း သင်ပေးထားပါတယ်။ အမုန်းကို အမုန်းနဲ့ တုံ့ပြန်ရင် အမုန်းပဲ ပိုကြီးထွားလာတယ်တဲ့။ မေတ္တာနဲ့သာ တုံ့ပြန်နိုင်တဲ့အခါမှသာ အနည်းဆုံး ကိုယ့်စိတ်ကတော့ ငြိမ်းချမ်းရတာပေါ့။ ကျွန်တော် ယုံကြည်တာက လောကကြီးကို ပြောင်းလဲဖို့ မေတ္တာတစ်ခုတည်း လုံလောက်တယ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ နှလုံးသားကို လှပစေဖို့ မေတ္တာမပါဘဲ ဘယ်အရာမှ မလုံလောက်နိုင်ဘူးလို့ တော့ ယုံကြည်ထားပါတယ်။ ထို့ကြောင့် ငွေကို တန်ဖိုးထားသူတွေကို လေးစားပါတယ်။ အာဏာကို လိုက်စားသူတွေကိုလည်း နားလည်ပေးပါတယ်။ သို့သော်လည်းပဲ ကျွန်တော့်ရဲ့ ဘဝခရီးမှာတော့ Kindness, Compassion and Inner Peace ကို တန်ဖိုးထားတဲ့ နှလုံးသားတွေနဲ့သာ အတူလျှောက်ချင်ပါတယ်။ အဲဒီလမ်းဟာ မြန်ချင်မှ မြန်မယ်။ ကျယ်ချင်မှ ကျယ်မယ်။ ဒါပေမယ့် အဲဒီလမ်းပေါ်မှာ လျှောက်နေရတဲ့ စိတ်ဟာ ပေါ့ပါးတယ်။ အဲဒီလမ်းပေါ်မှာ ရှင်သန်နေရတဲ့ နှလုံးသားဟာ နွေးထွေးတယ်။ အဲဒီလမ်းပေါ်မှာ တွေ့ဆုံရတဲ့ လူတွေဟာ ဘဝရဲ့ အဖိုးတန်ဆုံး လက်ဆောင်တွေ ဖြစ်လို့ပါ။ #crd
𝐊𝐨 𝐙𝐚𝐰 𝐌𝐠 {𝐀.𝐍.𝐒}
Region: TH
Friday 07 August 2026 01:35:39 GMT
Music
Download
Comments
oooothet67 :
ဟုတ်တယ် ဗျာ🥰🥰🥰🥰
2026-08-07 07:50:38
1
Daw Ni Ni Aye :
နွေးထွေးတဲ့နှလုံသားလေးနဲ့တွေ့ပါစေ
2026-08-07 07:52:47
1
👸တုနှိုင်းမမှီသည့်စံღ💎❹.❾M💫 :
꧁☯☂️မင်္ဂလာပါရှင့်💙🩷💙🩷✎✉️🏐တုနှိုင်းမမှီသည့်စံ🩷💙🩷💙
2026-08-07 06:46:07
1
Ye Htut :
တန်ဖိုးထားတတ်သူချင်း တွေ့ဆုံပီးထပ်တူကျ နေမှအဓိပ္ပါယ်ပိုပြည့်စုံနိုင်တာပါ
2026-08-07 03:07:43
1
ဆောင်းသခင် :
မှန်ပါတယ်🥰🥰🥰🥰🥰
2026-08-07 02:40:23
1
mg kyaw :
🙏🙏🙏🙏🙏အခုခေတ်ကြီးမှာတော့ ကိုယ်ချင်းစာစိတ် စာနှာမူ့ မေတ္တာစိုတဲ့အရာကြီးတွေက မရှိသလောက်ရှားပါးသွားပါပြီ လေးစားလျှက်ပါ🙏🙏🙏🙏🙏
2026-08-07 05:19:09
1
PhyuPhyu :
🥰🥰🥰
2026-08-07 05:38:43
1
Ma Lae Lae Win :
🥰🥰🥰
2026-08-07 07:47:51
1
To see more videos from user @butma97, please go to the Tikwm
homepage.