@tonetonechit20: 2025 August လ တုန်းက မထက်တင်ပေးခဲ့တဲ့ Spa, Hair Salon တို့မှာလုပ်ပြီး ပါမစ်က Food Processing Worker ဖြစ်နေရင် MOM က သက်တမ်းထပ်တိုးပေးမှာမဟုတ်သလို အသစ်တင်တဲ့သူတွေလည်းရမှာမဟုတ်လို့ အေးဂျင့်တွေက ဒီအလုပ်တွေကို Work Permit ရတယ်ပြောရင် မလုပ်ကြဖို့ သတိပေးခဲ့ပါတယ်။ ဒီအလုပ်တွေကို Spass နဲ့ဆို မြန်မာအလုပ်သမားအတွက်ရပေမယ့် Work Permit နဲ့ဆို လုံးဝ မရပါဘူးဆိုတာ သတိပေးခဲ့ပါတယ်. ဒီလို ပါမစ်လိမ်လည်လျှောက်ထားမှုများကို 2025 Sep လောက်ကနေ စပြီး MOM ကစတင်စစ်ဆေးခဲ့ပြီး အလုပ်သမားတွေ အတွက်လည်း အလုပ်သစ် ရှာဖွေဖို့ အချိန်ရအောင် Grace Period အနေ နဲ့ ပေးခဲ့ပုံ ရပါတယ် . နောက်ပိုင်း ဒီလို ပါမစ် လိမ်လည် လျှောက်ထားမှု့တွေကို တနည်းနည်း နဲ့ MOM က သိရှိသွားတဲ့ အချိန်မှာလဲ သက်ညှာမှုအနေနဲ့ MOMက အလုပ်ရှင်ကို စစ်ဆေးဆဲကာလမှာ အလုပ်သမားကို TJS ဆိုတာထုတ်ပေးပြီး အလုပ်လုပ်ခွင့်ပေးခဲ့ပါတယ်။ ခုတနှစ်ပြည့်တဲ့ အချိန်မှာတော့ MOM ကအချက်အလက်တွေစုဆောင်းပြီး ဒီလိုပါမစ်နဲ့အလုပ်လုပ်သူတွေကို အလုပ်ရှင်တွေကိုအကြောင်းကြားပြီး မကြာခင်ပါမစ်တွေကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ရက်အကန့်အသတ်အတွင်းအလုပ်ရှာရန် အကြောင်းကြားစာတွေပို့နေပြီ ဖြစ်ပါတယ်။ MOM သတ်မှတ်ရက်အတွင်း အလုပ်မရှာနိုင်လို့ စင်ကာပူနိုင်ငံအပြင်ပြန်ထွက်ရတဲ့သူတွေက နောက်ထပ်အလုပ် သစ် ပြန်ရှာ တဲ့ အချိန် ပါမစ် ကျ မကျ ဆိုတာ ခုချိန်ထိ မပြောနိုင်သေးတဲ့ အရာပါ။ ဒါကိုဘာကြောင့်ပြောရလဲဆိုရင် ပါမစ်ထဲကအလုပ်နဲ့ တကယ်လုပ်တဲ့အလုပ် မတူညီတာဟာ Illegal Employment လို့ခေါ်တဲ့ တရားမဝင်အလုပ်လုပ်ကိုင်မှုဖြစ်တာကြောင့် အလုပ်သမားကလည်းအချိန် အတိုင်းအတာတခုထိ အကြောင်းမကြားဘဲလုပ်ကိုင်နေတာဟာ သိရဲ့သားနဲ့လုပ်တယ်လို့ယူဆတဲ့အတွက် ပါမစ်မဖျက်သိမ်းခင် သက်ညှာသောအားဖြင့် အလုပ်ရှာခွင့်ပေးထားခြင်းဖြစ်ပါတယ် ။ မထွက်ခင် အလုပ်ရရင်တော့ ပါမစ်ကျပေမယိ့ အပြင်ထွက်သွားပြီးရင်တော့ ပြန်ရမရ ဘယ်သူမှမပြောနိုင်သေးတဲ့အခြေအနေပါ။ ဒီတော့ MOM စာမရောက်သေးတဲ့သူတွေ အချိန်ရတာမို့ အလုပ်ကြိုရှာကြဖို့ မထက်သတိပေးချင်ပါတယ်။ #စင်္ကာပူ #စင်္ကာပူရောက်ရွှေမြန်မာများ #စလုံးအလုပ်အကိုင် #စလုံး
HTET HTET
Region: SG
Friday 07 August 2026 01:58:09 GMT
Music
Download
Comments
Par Ker :
အခုလို့ ရှင်ပြပေးနေတာ ကျေးဇူးအရမ်းတင်ပါတယ်🥰
2026-09-15 09:36:43
0
Alic.mimi..♡︎🇲🇲🇸🇬 :
ကျမ သူငယ်ချင်းတွေတော့ စာကျတို့ ပြန်ထွက်ပြိး အလုပ်သစ်လျောက်နေကျပါပြိ ၂လတောင်ရှိပြိရှင့်
2026-08-07 07:59:25
0
Sandar :
အမရေညီမHair salonမှာအလုပ်လုပ်တာ1နှစ် ေကျာ်ပြီ။အမရဲ့postကို ေတွ့ပြီးညီမသူဌေးကိုမေးတော့MOMကသူ့စီစာမပို့ဘူးပြောတယ်။MOMဘက်ကဖျက်သိမ်းနေပြီလိုပြောတော့သူဌေးကပြောတယ်စိတ်မပူနဲ့တဲ့အေးဂျင်းကိုလုပ်ခိုင်းလိုက်မယ်ပြောတယ်။ညီမဘာလုပ်သင့်လဲမမ
2026-08-09 10:25:49
0
🍒Grace 🍒 :
Hello အမ ,ညီမက Beauty & TCM Receptionist position မှာ wpနဲ့ အလုပ်လုပ်နေတာပါ ၂နှစ်စာချုပ်နဲ့အလုပ်ဝင်တာ ၁နစ်နဲ့၂လရှိပါပြီ ပြီးခဲ့၃ရက်လောက်က MOMကနေ အလုပ်ရှင်တွေစာပို့ပြီးအလုပ်သမားတွေကို၁လအချိန်ပေးပြီးအလုပ်ပြောင်းဖို့ပြောတဲ့အထဲညီမလည်းပါခဲ့ပါတယ် ဒါပေမယ့်အလုပ်ရှင်ကညီမကိုအလုပ်မှာလိုအပ်နေတဲ့အတွက် spassနဲ့ချိန်ပေးပြီးအလုပ်မှာဆက်ခေါ်လို့ထားလို့ရမရAgentတွေနဲ့ညှိနေတုန်းပါ ညီမသိချင်တာ
၁။ spassနဲ့ဆိုဒီbeauty &TCM မှာ မြန်မာလူမျိုးတွေဆက်ပြီးအလုပ်လုပ်လို့ရသေးလား
၂။ တကယ်လို့အလုပ်ဆက်လုပ်လို့ ရရင်စာချုပ်ကိုအသစ်ထပ်ချုပ်ကမှာလား အရင်စာချုပ်နဲ့ပဲသွားမှာလား
၃။ တကယ်လို့အလုပ်ပြောင်းရရင်ရော စားသောက်ဆိုင်ပိုင်းကိုပဲရှာရမှာလား beauty front desk ပိုင်းတွေရှာလို့ရလား
2026-08-09 11:24:33
0
Tin mar Win :
အစ်မ ေရတခုလောက်မေးချင်လို့ညမခု sunday ပြနိရမှာ10လုပ်တာလစာ စရင်းကမရှင်းရသေးပါဘူး ပိတ်ရက်ခတွေ မပေးခဲ့ရင် ညမ ဘယ်လိုလုပ်ရမလဲ လစာကလဲ တလ400ပါအစ်မ ညမကိုအကြံပေးပါဦး ညမကဘာတခူမှ နားမလည်ပါဦးစာလေးပြနိစေချင်ပါတယိ
2026-08-07 09:20:11
0
Win htet kyaw :
စင်ကာပူရောက်ပြိး အလုပ်ပြုတ်တာနဲ့ ပတ်သက်ပြီး ဘာကြောင့် ပြုတ်တာလဲ သိပါရစေဗျ ပြင်ဆင်ရမာမို့ပါဗျ မမထက် ပြောပြပေးပါဗျ
2026-08-07 04:08:17
0
Dolay :
အခုလိုကြိုပြောထားမွန်မြတ်ပါတယ် ..ရန်ကုန်ကစီးပွားရေးသမားတွေက လေယဥ် ထွက်သွားရင် သိကြတဲ့ အတိုင်းပဲ....
2026-08-07 04:12:16
1
Phyo Wai Aung🇸🇬 :
ကျန်တော်လည်းcancel ခံရလို့သူဌေးကSpass ပြောင်းပေးတယ် invalid ပဲြဖစ်နေလို့အခုအထွက်ခနပြပေးပါတဲ့အသစ်အနေနဲ့ပြန်ခေါ်မယ်တဲ့အဲ့လိုဆိုအဆင်ပြေနိုင်လားသိတဲ့သူများပြောပြပေးပါဦး
2026-08-09 05:09:20
0
khaing zin :
အမရေတခုလောက်မေးချင်လို့ပါ အိမ်အကူကနေနှစ်ပြည့်ရင်ပြောင်းဖို့ကိုယ်တိုင်အလုပ်ရှာတာ dog training schoolတခုက interviewခေါ်ပါတယ် Myanmar passport နဲ့ wpမရဘူးလို့googleကပြောလို့ပါအမ သူဌေးကတော့ပြန်ပြောမယ်ပြောပါတယ် အာတ့ာ wpရနိုင်လားသိချင်လို့ပါ
2026-08-07 12:41:35
0
Piti :
Hii I try contact you you are no respons
2026-08-10 22:47:53
0
Ye Min Aung :
အစ်မ ကျွန်တော်လက်ရှိအလုပ်မှာ လုပ်နေတာသုံးနှစ်ပြည့်ဖို့နှစ်လပဲလိုပါတော့တယ်။ ပထမနှစ်မှာ နှစ်ကုန်ခွင့်စုစုပေါင်း၆ရက်ပဲပေးပါတယ်။ အလုပ်ချိန်ကတစ်ရက်ကို၁၂နာရီလုပ်ရပါတယ်။ အခုသုံးနှစ်မပြည့်မှီဆေးရုံကိုနှလုံးအောင့်လို့ သွားတာလဲကျွန်တော်ပိုက်ဆံနဲ့ ဆရာ၀န်က နှစ်ရက်နားဖို့ မှာလိုက်တာကို သူတို့မနားခိုင်းပဲအလုပ်ပြန်ဆင်းခိုင်းပါတယ်။ ဆေးရုံးတတ်ရတဲ့နေ့က နေ့တစ်ပိုင်းဆင်းရပါတယ် MCခွင့်မပေးတဲ့အပြင် အဲ့လက အိုတီ၂နာရီပါထည့်တွက်မပေးဘူးနုတ်ယူလိုက်တာပါ အခုလည်းဒီလုပ်မှာစိတိမပျော်တော့တာတော့အမှန်ပါ ကားမောင်းလိုင်စဉ်ဖြေနေတာလဲမအောင်သေးပါဘူး သူတို့ပေးတဲ့လစာ စလစ်တွေအကုန်ရှိပါတယ် အမ ကျွန်တော်ဘာဆက်လုပ်သင့်လဲအမ အကြံညဏ်လေးရမယ်လို့မျော်လင့်ပါတယ်အမ။🥰
2026-08-26 01:15:32
0
ကျွဲတပိုင်း :
အမရေအလုပ်အသစ်ကရထားပီဘယ်နိုင်ငံအထွက်ပြရင်ပိုအဆင်ပြေမလဲရှင့်မြန်မာပြည်ပြန်ပီးမှပြန်လာရမလားမသိတော့လို့
2026-08-09 05:41:45
0
🇲🇲🍀💓 Myätmòñkyåw 💓🍀🇸🇬 :
မင်္ဂလာပါမထက်
အိမ်အလုပ်လုပ်တာခုAugust လကုန်ဆို 2နှစ်ပြည့်ပါပီ နှစ်ပြည့်ပြည့်ချင်းချက်ခြင်းပြန်လို့ရလားရှင့် သူတို့ကလူခေါ်ဖို့စောင့်ခိုင်းပါတယ်3လထပ်စောင့်ဖို့ပြောနေလို့ပါ
2026-08-07 06:41:52
0
dawtintin aye :
အမှန်အကန်အလုပ် တွေဆို..အင်ဂျင်နီယာစစ်စစ်ဖြစ်တာ တောင်တချို့မ သေချာဘူး
2026-08-07 06:49:56
0
🍀S Y🍀 :
အမရေ ညီမကို အိမ်ရှငိက မြန်မာနိုင်ငံ ပဲ ပြန်ပို့မယ်ပြောတယ် transferတောင်းလည်းမပေးဘူး
အေးဂျင့်ကို လည်းပြနိ မပို့ဘူး ရောက်တာ၉လပဲရှိသေးတယ် ဘာဆက်လုပ်ကမှန်းမသိဘူး အကြံလေးပေးပါအုံးရှင့်
2026-08-07 14:38:15
0
မမစိမ်းစိမ်း :
💞💞💞
2026-08-07 06:32:02
0
myoe myoe :
🥰🥰🥰
2026-08-07 10:58:00
0
Aye Aye Mar :
🥰🥰🥰
2026-08-07 07:00:34
0
Ye Kyaw Thu :
🥰🥰🥰
2026-08-08 00:51:03
0
Inn Thu :
🥰🥰🥰
2026-08-07 04:47:21
0
Linn Yu :
🥰🥰🥰
2026-08-07 04:34:15
0
Linn Yu :
👍👍👍
2026-08-08 03:12:45
0
To see more videos from user @tonetonechit20, please go to the Tikwm
homepage.