@maizinmaroo15: သူဌေးအိမ်မှာတော့ မင်းကို "Helper" လို့ခေါ်မယ်။ လူအချို့ကတော့ "အိမ်အကူ" လို့ပဲ မြင်မယ်။ တချို့လူတွေကတော့ "အိမ်ဖော်မ"လို့ပြောမယ် ဒါပေမယ့် မင်းအိမ်မှာတော့ မင်းက "ထမင်းရှင်" ပါ။ မင်းက "ကျောင်းထားပေးတဲ့သူ" ပါ။ မင်းက "အားကိုးရတဲ့ သမီးအကြီး၊ အစ်မအကြီး၊ အမေ" ပါ။🫶 မင်းတစ်ယောက်ထဲ မနက် ၅ နာရီထ၊ သူများကလေးကို ကျောင်းပို့၊ သူများအိမ်ကို သန့်ရှင်းရေး လုပ်နေတဲ့အချိန်မှာ၊ မင်းအမေ့ဆေးဖိုး၊ မင်းရဲ့သားသမီး ကျောင်းလခ၊ မင်းအဖေ့အကြွေးလေး တစ်ခု ပြီးသွားတယ်။🫶 မင်းသုတ်နေတဲ့ ကြမ်းပြင်တစ်ချပ်တိုင်းက မင်းမိသားစုရဲ့ အနာဂတ်ကို ပြောင်လက်အောင် လုပ်နေတာပါ။ ဒါကို ဘယ်တော့မှ သိမ်ငယ်စရာလို့ မတွေးပါ🫶 မင်းသုတ်လိုက်တဲ့ ကြမ်းပြင်တစ်ချပ်တိုင်းမှာ၊ မင်းဆေးလိုက်တဲ့ ပန်းကန်တစ်ချပ်တိုင်းမှာ မင်းလျှော်လိုက်တဲ့အဝတ်တစ်ထည်တိုင်းမှာ မင်းကမင်းမိသားစုကို မျက်ရည်မကျရအောင် ကာကွယ်ပေးနေတာပါ။ ဒါ ဂုဏ်ယူစရာပါ။ ဒါကို ဘယ်တော့မှ သိမ်ငယ် စရာလို့ မတွေးပါနဲ့ ရှက်စရာမဟုတ်ဘူး။👌 လူတိုင်းဒီလို စွန့်လွှတ်နိုင်တာမဟုတ်ဘူး။ ကိုယ့်ရွာ၊ ကိုယ့်အိမ်၊ ကိုယ့်ကလေးကို ထားခဲ့ပြီး မသိတဲ့နိုင်ငံ၊ မသိတဲ့လူတွေကြားထဲ လာပြီး ရုန်းကန်ရဲတဲ့ သတ္တိက လူတိုင်းမှာမရှိဘူး။ ဒါပေမဲ့ မင်းမှာရှိတယ်။ ဒါကြောင့် မင်းက အားနည်းလို့ ဒီအလုပ်လုပ်နေတာမဟုတ်ဘူး၊ မင်းအရမ်းသန်မာလွန်းလို့ ဒီအလုပ်ကို လုပ်နိုင်တာပါ။💪 မင်းကိုယ်တိုင်သူများကလေးကို သိပ်ရင်း မင်းရဲ့ကိုယ့်ကလေးကို လွမ်းလို့ငိုတာ၊ ပွဲတော်ရက်မှာ သူများမိသားစုတွေ ပျော်နေတာကြည့်ပြီး မင်းတစ်ယောက်တည်းအခန်းထဲငိုတာ၊ သူများမိသားစုစုံလင်တဲ့ ထမင်းဝိုင်းမှာ မင်းမိသားစုထမင်းဝိုင်းကို ပြန်မြင်ယောင်ရင် မင်းကတော့ မီးဖိုချောင်ထောင့်မှာ တစ်ယောက်တည်းစားနေရတာတွေကမင်းရဲ့ တစ်ယောက်တည်းသော ထမင်းလုတ်က၊ မင်းမိသားစုရဲ့ ဝဝလင်လင်စားရတဲ့ ထမင်းဝိုင်းဖြစ်နေတယ်။ အဲ့ဒါနဲ့တင် မင်းရဲ့ ထမင်းက အဖိုးတန်နေပါပြီ။ အားတင်းထားပါလို့ အမြဲမပြောပါဘူး။ ပင်ပန်းရင် ပင်ပန်းတယ်လို့ပြောပါ။ ငိုချင်ရင် ငိုပါ။ ပြီးရင် မျက်ရည်သုတ်ပြီး ပြန်ထပါ။ မင်းသန်မာနေမှဖြစ်မယ်... အခုခံနေရတဲ့ ပင်ပန်းမှုတွေ၊ လွမ်းရမှုတွေ၊ အနှိမ်ခံရမှုတွေက ရာသက်ပန်မဟုတ်ပါဘူး။💪 မင်းစုနေတဲ့ပိုက်ဆံတိုင်းက၊ မင်းသည်းခံနေတဲ့ နေ့ရက်တိုင်းက၊ မင်းအိမ်ပြန်တဲ့အခါ ပိုကောင်းတဲ့ " မိသားစုအတွက်ကြိုးစားရင်း ကိုယ့်ကိုယ်ကို ပစ်မထားပါနဲ့။ နားရက်မှာ ကိုယ့်အတွက် အစားကောင်းကောင်းလေးဝယ်စားပါ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမော ပြောပါ။ တစ်နေ့ကို ၁၀ မိနစ်လောက် ဘုရားရှိခိုးပြီး ကိုယ့်ကိုယ်ကို ဆုတောင်းပေးပါ။🙏 မင်းကျန်းမာမှ၊ မင်းစိတ်ချမ်းသာမှ မိသားစုက တကယ်အဆင်ပြေမှာပါ။ မင်းက ပြိုလဲသွားလို့မဖြစ်ဘူး။ မင်းက အားလုံးရဲ့ အားကိုးစရာမို့လို့ မငါးကျန်းမာဖို့ စိတ်ချမ်းသားနေဖို့က အရေးကြီးဆုံးပါ။☝️ မင်းတစ်ယောက်ထဲမဟုပါဘူးနှော် မင်းလို့ပဲ ကြိုးစားနေတဲ့ အစ်မတွေ ညီမတွေ ဒီနိုင်ငံမှာရော ကမ္ဘာအနှံမှာပါထောင်သောင်းချီရှိနေပါတယ်။🤝 မင်းပင်ပန်းလာတိုင်း ဒီလို့လေတွေးပါ မင်း နဲ့အတူတူထမင်းလက်စုံစားဖို့စောင့်နေတဲ့ ငါ့မိသားစု ရှိနေတယ် ဆိုတာလေးတွေးပါ💪 ဒါကြောင့်မိသားစု လက်စုံပြန်ဆုံရမယ့်နေ့ရောက်ဖို့ အားတင်ထားပါနှော် မင်းတို့ ပြန်ဆုံရမယ့်နေ့က သိပ်မဝေးတော့ပါဘူး။🥰🫶@Mai Zin Mar Oo #အိမ်အကူဘဝ #နိုင်ငံခြားရောက်ရွှေမြန်မာ #ON4t #

Mai Zin Mar Oo(K.Z.W)🇲🇲&🇸🇬
Mai Zin Mar Oo(K.Z.W)🇲🇲&🇸🇬
Open In TikTok:
Region: SG
Friday 07 August 2026 02:15:45 GMT
85961
7053
119
576

Music

Download

Comments

mr.phyo102006
𝐒𝐞𝐧𝐢𝐨𝐫 𝐙𝐞𝐫𝐨 :
သူများနိုင်ငံ မှာ အလုပ်လုပ်နေရတဲ့ ငါတို့ မြန်မာညီကိုမောင်နှမတွေ ဖိုက်တင်းပါ။ တစ်နေ့တော့ ငါတို့အိမ် မြန်မာနိုင်ငံကိုအတူပြန်ကြမယ်
2026-08-10 07:56:57
12
user2466552615707
ကြည်ဖြူမေမေ :
မှန်လိုက်တာခုမှအားရှိသွားတာပဲ
2026-08-09 12:59:47
1
786jayjaye
⚡ᏠᏗᎩ ᏠᏗᎩᏋ⚡ :
အားရှိသွားပါပြီ လက်ရှိစဂ်ပူသွားဖို့ ပြင်ဆင်နေလို့ပါ😔 တခါတလေ ကျစိတ်ဓာတ်ကျမိတယ် ဒီစာသားလေး နားထောင်လိုက်တော့ တကယ် ကို အားရှိသွားတယ် မမရေ🥰
2026-08-11 02:17:46
3
userbi3l5a6i37
[c.t.m] :
ခွန်အားရလိုက်တာ အမရယ် ကျတော် ညီမလေးတို့ကို ကျောင်းထားနိုင်ခဲ့ပြီဗျ
2026-08-10 18:47:31
2
suyadioo27
YadiOo🇲🇲🇸🇬 :
အားရှိသွားတာပဲ😘
2026-08-07 13:02:46
1
usernamesyf3
🇹🇭ထိုင်းရောက်သားချောမေမေ🇲🇲 :
အားရှိရပါတယ်ရှင့်🙏🙏💪💪💪👍
2026-08-09 13:06:07
1
pyone.kyi2119
Pyone Kyi :
ရင်ထဲကိုထိစေတယ်စေ့ယူးမယ်နော်
2026-08-09 12:17:56
1
ayeayenwe6625
🪷နွယ်🪷🇲🇲 :
ပိုအားရှိသွားပီမမရယ်ကျေးဇူးပါမမ🥰🥰🥰🥰🥰
2026-08-07 11:42:31
1
chin.ma.lay007
Chin Ma Lay :
အားရှိလိုက်တာ🥰🥰🥰
2026-08-07 12:55:35
1
zar.chi.oo319
Zar Chi Oo :
တော်တယ်ညီမရေ
2026-08-12 19:28:03
1
user1066368153915
မိုးမခ :
သိပ်မှန်
2026-08-07 12:07:18
1
myat.lay2647
myat.lay :
ဟုတ်ကဲ့ပါတစ်ကယ်အားအင်အရှိရဆုံးစကားလုံးလေးတွေပါရှင့်ဖိုက်တင်းပါသူငယ်ချင်းတို့🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-11 04:21:10
1
may.nwe.win34
May Nwe Win :
လေးစားပါတယ်
2026-08-07 14:18:02
1
poekarnmalay1
🚫❤️‍🔥No Love❤️‍🔥🚫 :
ခုလိုစကားတွေကြားရတာအားရှိသွားပီကျေးဇူတင်ပါတယ်မမ
2026-08-12 00:47:27
1
myo.thin.khaing5
Myo Thin Khaing :
ဟုတ်ပ..သီးခံနေကြပါ
2026-08-12 08:38:48
1
user7933141181521
user7933141181521 :
👍👍👍💪💪💪
2026-08-12 08:38:51
1
tk748ymu1zaxds
rose rose :
[sticker]
2026-08-11 00:58:11
1
nant.yuu.nandar.w
Nant Yuu Nandar Win :
မှန်လိုက်တာမမရယ်ဖိုက်တင်းပါ🥰🥰🥰
2026-08-10 14:38:40
2
ei.zin.moe290
Ei Zin Moe :
စာသားလေး လိုချင်လို့🥰
2026-08-08 11:20:23
3
mai.zin.mar.oo97
Mg Kyaw Zin Win (မောင်ကျောက်ခဲ :
ပင်ပန်းနေပီလား မမ ဖိုက်တင်ပါနော် မောင်ရှိပါတယ်အားမငယ်နဲ့နော်🥰🥰🥰
2026-08-07 02:19:53
1
mgkhinwinewin
ခရမ်းမြေသားလေး :
ရိုသားကြိုးစားတယ်ဆိုမင်းက. မင်းရဲ့မိသားစုထဲးမှာ သူရဲကောင်းပါပဲ 🥰🥰🥰
2026-08-11 01:03:16
2
mar.lar.phyoe2
Sharhtetmya :
ကြည်ရင်နဲ့ငိုပါမိတယ်😭😭😭
2026-08-10 19:17:26
1
paing.si7
🧐🤫Nova😋🥱 :
အဲဒါအမှန်ဘယ်ညိမလေအာတင်းထာပါ
2026-08-12 04:05:24
1
.k68607
🌻🍁小白🍁🌻 :
စိတ်ရောလူရော ပင်ပန်းနေချိန် dလိုစကားကြားရတာ ကြိုးစားနေတဲ့ လူငယ်တွေ အတွက်အားရှိလိုက်တာ အားငယ်နေတဲ့အချိန် ငို မိတယ် တစ်နေ့ အိမ်ပြန်နိုင်အောင်ကြိုးစားမယ် ❤️❤️❤️🥺
2026-08-12 08:49:38
1
To see more videos from user @maizinmaroo15, please go to the Tikwm homepage.

Other Videos


About