@amp_guidance_official: လူတိုင်းဟာ ကျောထောက်နောက်ခံ ကောင်း ရှိချင်မှရှိမယ်၊ တိုင်ပင်စရာ လူအားကိုးစရာ လူ ရှိချင်မှရှိလိမ့်မယ်။ ဒီစာလေးဟာ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်နေရတဲ့သူတွေ အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့မျှော်လင့် မိပါတယ်။ (၁) စိတ်မလျှော့လိုက်ပါနဲ့။ တစ်ခါတလေ ဘဝမှာ အရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့ အချိန်တွေရှိတတ်ပါတယ်။ ဒါပေမယ့် အဲလိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။ဒုက္ခတွေဆိုတာ ခဏလေးဆိုမှ ခဏလေးပါပဲ။ ဒီတစ်ခါ ကျော်လွှားနိုင်လိုက်တာနဲ့ အောင်မြင်မှုတွေလာတော့မှာဖြစ်တာ ကြောင့် စိတ်လျှော့ဖို့ လုံးဝမစဉ်းစား လိုက်ပါနဲ့။ အောင်မြင်မှုဆိုတာ ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။ (၂) လဲရင်ပြန်ထပါ။ ဘဝဆိုတာ အကြိမ်ကြိမ်လဲပြီး၊ အကြိမ်ကြိမ်ပြန်ထမှ ပိုပြီး အဓိပ္ပာယ်ရှိသွားတာပါ။ မလဲဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့၊ ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊ အထုအ ထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ အဲ လိုနေရာကို ရောက်သွားကြတာပါ။ လဲကျတိုင်းသာသူတို့ ပြန်မထခဲ့ဘူးဆိုရင် အဲလိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာ သင်သိမှာပါ။ (၃) အရှုံးထဲကအမြတ်ယူပါ။ ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှုတွေ အများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။ အနည်းဆုံးတော့ သင့်ကိုအတွေ့အကြုံ သစ်တစ်ခုရစေသလို၊ ခံနိုင်ရည်စွမ်းကို လည်း ပိုမြင့်လာစေပါတယ်။ ဒါကိုက မြတ်နေပြီမဟုတ်လား။ တခြားအမြတ် တွေလည်း အများကြီးရှိပါသေးတယ်။ ယူတတ်အောင်ယူပါ။ (၄) ဝေမျှပါ။ သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲ နေပါစေ၊ သင့်ထက် ပိုခက်ခဲတဲ့သူတွေအများကြီးရှိပါတယ်။ ဒါကြောင့် သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်း စဉ်းစားပါ။ နည်းတာများတာ အသာထား၊ သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး ကူညီကြည့်ပါ။ သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ၊ဒါဆိုရင် သင့်ကို ကြိုးစားချင်စိတ်တွေ ပို ဖြစ်လာစေပြီး၊ သူတစ်ပါးကိုစိတ်ကြိုက် ပေးနိုင်ကမ်းနိုင်လာတဲ့အခါ မျှဝေလိုက် လို့ ရလာတဲ့ ပီတိရဲ့အရသာကို ၊သင် ကောင်းကောင်း နားလည်သွားမှာပါ။စိတ် လှုပ်ရှား၊ဒေါသထွက်တဲ့အချိန်မျိုးမှာ တည်ငြိမ်အောင်လုပ်သင့်တဲ့အရာ........ (၅) စာဖတ်ပါ။ ဘဝကို တစ်ယောက်တည်း ကြိုးစား ရုန်းကန်ပြီး၊ ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူ တွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာ ကတော့ စာအုပ်စာပေတွေပါပဲ။ ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေ၊ ခွန်အားရှိစေမယ့်စာတွေ၊လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာတွေကို အမြဲတမ်း ဖတ်ပါ၊ အချိန်ပေးပြီးဖတ်ပါ။ ဒါဆိုရင် ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။ follow & Like & Share လုပ်သွားပေးခဲ့ကြအုံးနော်😘😘💞💞 #ဘဝစာပေ #fypシ゚ #motivation #crdစာသား #A.M.P စိတ်ဓာတ်လမ်းညွန်
A.M.P စိတ်ဓာတ်လမ်းညွှန်
Region: TH
Friday 07 August 2026 04:32:35 GMT
1626652
164447
1873
13020
Music
Download
Comments
Kyaw Thu Soe (Mechanic) :
နောက်ခံမရှိ့တဲ့ ဘဝတွေက တော်တော်လေးကို ဆိုးတာ ဘာလို့လဲဆိုတော့ ကို့ဒူး ကိုချွန်တွေကျတော့ တအားရုံးရတာ
2026-08-08 11:59:06
185
AWW :
ကျွန်မဘဝလဲခဏခဏလဲကြတယ်
လူတွေကလဲအထင်သေး/ လူပါးဝကြတယ်၊ဒါကြောင့်မလို့အိမ်ပိုင်လေး၊စီးပွားရေးအရမ်းအဆင်ပြေချင်တယ်၊နောက်ခံမရှိပါဘူး😥😥😥😥😥
2026-08-08 09:27:36
49
ကိုကျော်ကြီး :
ဘဝမှာတစ်ယောက်ထည်းဖြတ်သန်းခဲတာ10နစ်ရှိပီအမြဲးတမ်းကိုကိုယ်အားပေးတယ်အမေမွေးထည်းကတစ်ယောက်ထည်းလာတာလူဘဝကိုဒုက္ခပေါင်းများစွာနဲ့ရင်ဆိုင်ခဲရပီးပီအခုအောင်မြင်စပြုလာပီတကျပ်တပြားမှမရှိဘဝကနေပီးစလာတာအခုဆိုလက်ထည်းသိန်50ကြော်ဖိုးပိုင်ဆိုင်လာပီဒါတောင်အလိမ်ခံရတာ39သိန်းဖိုးဘဝအတွက်ဆက်တိုက်အုန်းမှာပဲအသက်ရှင်နေသရွေ
2026-08-08 10:44:20
37
May Lay :
ခွန်အားဖြစ့်စေပါတယ် ပြန်shareခွင့်ပြုပါ ကျန်မ ပြောင်းဖူးကျော်အိုးတောင်တူးသွားပါတယ် စာထဲကိုဇံဝင်သွားလို့👏👏👏
2026-08-08 07:51:19
10
အရိပ်နက် :
ပြန်share ခွင့်ပြု့ပါဗျ
2026-08-07 13:01:47
20
✝အတောင်မညောင်းတဲ့ငှက်🇲🇲✈🇲🇾 :
ထပ်တင်ပေးပါအုန်းဗျာ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့စာသားလေးတွေတင်ပေးပါ
2026-08-08 07:55:29
8
Hsu🍭🍀 :
ဒီ ေန့မသေခဲ့ရင်ငါဘာလုပ်မယ်ဆိုတဲ့အတွေးနဲ့အကောင်းဆုံးကြိုးစားတယ်ကျေားထောက်နောက်ခံမရှိလဲငါ့မာစိတ်ဓာတ်ခွန်အားအပြည့်ရှိတယ်အားငယ်စရာဝမ်းနည်းစရာဖြစ်ရမယ့်အချိန်မရှိသလောက်လွတ်လပ်ပေါ့ပါးပျော်ရွှင်နေအောင်ကို့ကိုယ်စိတ်ခွန်းအားပေရင်းရှေ့ဆက်ကြိုးစားနေပါတယ် အမြဲတမ်းဖိုက်တင်းပါ🥰
2026-08-08 04:04:57
19
tin nyein :
❤️❤️❤️ပညာတွေမင်းဘယ်လောက်တတ်လို့လဲ မေးရင်လေ ငါဘာပညာမှမတတ်ဘူးလို့ဖြေချင်ပါတယ်ဗျာ ပညာအရမ်းတတ်နေတဲ့သူကိုလဲ ငါအထင်မကြီးတတ်သလိုဘဲ ပညာမတတ်တဲ့သူကိုလဲ ငါအထင်မသေးတန်ပါဘူးဗျာ ငါရဲ့ စိတ်က ငါ့ဆီမှာပဲ ကပ်ထားလို့ပါ ပညာတတ်လဲ တဘဝလေးတခဏလေးပဲလေ ပညာမတတ်တော့ကော တဘဝလေး တခဏလေးပဲ လေ ဒါဟာငါ့ရဲ့သင်ကေတပါပဲဗျာ ဦးနှောက်စားတဲ့အလုပ် ငါခေါင်းရှုပ်မခံနိုင်ဘူး
2026-08-11 12:21:26
5
🐷💙AUNG💙🐷 :
ပြန်ကူးတင်ခွင့်ပေးပါ စာသားတွေကြိုက်လို့ အားပေးနေပါတယ်💙
2026-08-16 15:49:46
5
kokokaykay(ကလေးမြို့) :
cm ဖတ်လိုက်ခါမှကိုယ့်လိုလူတွေအများကြီးပါလားလို့ သိရတယ် နေရာတစ်ခုရဖို့ နာမည်တစ်ခုရဖို့ လုပ်ငန်းလမ်းကြောင်းပေါ်ရောက်ဖို့ နောက်ခံ ထောက်ပံ့ကူညီမူမရှိဘဲ ဘယ်လောက်ထိကြိုးစာရတာဘဝတူတွေပဲခံစားသိမြင်ကျမှာပါ ဒါပေမယ့် အဲဒီလူတွေရဲ့အာသာချက်ကတော့ အောင်မြင်ပြီး နောက်ပိုင်းလက်ရှိ မှာ အကြောက်တရားမရှိတော့ဘူး(ကိုယ့်နိုင်ငံအနေအထားနဲ့) ကြိုးစားရင်မအောင်မြင်လို့ ထပ်ကြိုးစားခွင့်မရှိတော့ လူတွေကပိုများမယ်ထင်တယ်😔😔😔
2026-08-12 03:46:07
7
Wil Liam :
အောင်မြင်မှုဆိုတာ ပန်းတိုင် မဟုတ်ပါဘူး၊ အမြဲလျှောက်လှမ်းနေတဲ့ ခရီးတခုပါ၊ ဘ၀ရဲ့ သေငယ်တဲ့ အောင်ပွဲလေးတွေနဲ့ ဘယ်လိုအခြေနေမျိုးမှာမဆို စိတ်မပျက်ဘဲ ရှေ့ဆက်လျှောက်ဖို့ ရှီတဲ့သတ္တိတွေထဲမှာပဲ အောင်မြင်မှုဆိုတာ ရှီနေတာပါ။🫶🫶
2026-08-08 01:36:51
10
သားလေးမေမေ :
နောက်ခံမရှိပဲကြိုးစားခဲ့ရတဲ့လူတွေ စိတ်ပန်ပင်းမှုတွေ စိတ်ဒဏ်ရာတွေနဲ့ပေါ့ ငါ့ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့
အဲ့လိုကြိုးစားခဲ့လို့လည်း ကြိုးစားရကြိုးနပ်ခဲ့ပီ
2026-08-10 09:56:13
11
Saw labwehmue :
နောက်ခံမရှိတဲ့ဘဝက ကြိုးစားရတာပိုအရသာရှိတယ်💪💪ကိုယ့်လူတေ
2026-08-16 18:42:00
9
Sai Khant (စိုင်းခန့်)🤍❤ :
ကောင်းလိုက်တဲ့စာသားလေး
2026-08-07 14:53:47
5
sansanmaw :
စာသားလေးချပေးပါလားရှင့်🙏😊🥰
2026-08-12 02:04:35
6
💕💕💕💕💕 :
လဲကျရင်ပြန်တဲ့လူမျိုးပါအားမလျှော့ဘူး😊🤗
2026-08-07 15:07:33
8
U Pay :
အသိနဲ့သတိရှိတဲ့စာလေးမို့နောက်ထပ်မျော်လင့်နေမှာပါဗျ
2026-08-08 07:25:13
7
💕ချစ်မမ💕 :
မှတ်ထားပါ့မယ်
2026-08-07 12:18:16
5
Ko zaw :
လူတိုင်းအပေါ်ကိုအမြဲကူညီချင်ပါတယ်။ကိုယ်တက်နိုင်သလောက့်ပေါ့။ကိုယ်ကူညီရင်စိတ်ထဲမှာလည်းပျော်ရွှင်ပါတယ်။ဖျာ။
2026-08-08 02:33:41
13
အလောင်းမင်းတရာဦအောင်ဇေယျ :
သိပ်မှမ်တယ်
2026-08-07 14:10:49
6
nway58196 :
တကယ်ကိုစိတ်ခွန်အား
2026-09-13 16:27:28
2
Thatmar :
🙏🙏🙏
2026-08-10 08:18:38
2
soe lay :
ဟုတ်ကဲ့ ဆရာ စိတ်မချော့ပါဘူ အားတင်းထား
ပါတယ် ဆရာ ကျေးဇူးပါနော်အားပေး🙏
2026-08-26 15:06:21
2
Kyaw Naing :
ကျေးဇူးပါ
2026-09-10 13:59:36
1
nga lone :
မဂ်လာပါ
2026-09-01 01:40:40
1
To see more videos from user @amp_guidance_official, please go to the Tikwm
homepage.