@bhonesanti: ခုခေတ်မြန်မာလူငယ်တွေဆိုမိနေတဲ့ ပါဠိအမှားတွေကို ပြောနေတာပါ။ (သီချင်းကိုပြောနေတာ မဟုတ်၊ ပါဠိကို ပြောနေတာပါ) (မူရင်းရခိုင်မမှားနိုင်ဘူးလို့ ပြောထားတာလေးကို သေချာနား ထောင်ကြည့်ပါ) ပါဠိတွေမှားလာတဲ့ ဗုဒ္ဓပူဇနိယသီချင်း #ဗုဒ္ဓပူဇနိယ #သီချင်း #ပါဠိ #ဗုဒ္ဓ #Myanmar
Bhone.Santi
Region: MM
Friday 07 August 2026 08:18:08 GMT
Music
Download
Comments
user7708113539312 :
မှန်ပါတယ် ဘုရား 🙏🙏🙏
2026-08-09 15:55:49
1
Paing Gyi(Duarawaddy)♍ :
'မယံ' ဆိုတာသင့်တော်ပါတယ်ဘုရား "အဟံ" ဆိုလျှင် တစ်ဦးတစ်ယောက်ထဲ ဖြစ်တဲ့အတွက်ကြောင့်ပါဘုရား အခုက ဗုဒ္ဓဘာသာဝင်အားလုံးအတွက်ရည်ညွှန်းတာဖြစ်တဲ့ အတွက် "မယံ" "အကျွန်ပ်တို့" သည် "ပူဇေမ" ပူဇော်ပါ၏။ ထို့ကြောင့်"မယံ"ကမှန်တယ်လို့ ထင်ပါတယ်ဘုရား🥰
2026-08-07 12:18:12
12
sayarlay Mavanni :
တပည့်တော်ဆရာကမှားနေတယ်လို့ပြောပေမဲ့ခုလို့ပြောမဲ့သူမရှိဘူးဘုရားဦးဇင်းခုလိုပြောပြတော့သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်ဘုရား
2026-08-07 08:37:26
8
ashin ardiccaramsi88 :
ရူပသိဒ္ဓိ စာမျက်နှာ ၁၁၂မှာ ကြည့်ပါဘုရား
လေးစားခြင်း များစွာမြတ်နိုးခြင်းအတွက်
များသည်၏အဖြစ်ကို တင်စားခြင်းကြောင့်
မယံ ပူဇေမိလို့ ဆိုတာပါဘုရား
2026-08-08 14:11:59
19
Kyaw Thu Ra :
ဗုဒ္ဓံ မယံ ပူဇေမိ၌ မယံကိုထောက်၍ ပူဇေမိ မရှိသင့်ဟု ကြိယာပုဒ်ကိုသာ အာရုံပြုနေ၏။ ဒါက မူလတန်းစာသင်သားပင် သိနိုင်သော အရာဖြစ်၏။ ဤဝါကျ၌ အဓိကလှည့်ကွက်ဖြစ်သောပုဒ်သည် မယံသာ ဖြစ်၏။ ပူဇေမိ မဟုတ်။ 'အဟံ' ဟုဆိုသင့်သော်လည်း ရတနာသုံးပါးကို ရိုသေသောအားဖြင့်၎င်း၊ မိမိကိုယ်ကိုနှိမ့်ချသောအားဖြင့်၎င်း အဟံကို မယံဟု ပြောင်းလွဲသုံးစွဲထားခြင်းဖြစ်၏။ မယံဟုပြောင်းလိုက်သော်လည်း ကြိယာကိုမူ မပြောင်းတော့ချေ။ ဂါထာ၊ ဂီတတို့၌ ဝုစ်မညီသော ပုံစံများစွာရှိသည်။
သဒ္ဒါဟူက၊ ယေဘုယျ၊ မုချမမှတ်ရာ။
ပါဠိသည် ဘာသာစကားတခု ဖြစ်၏။ ဘာသာစကားသည် ကျယ်ပြန့်၏။ ပိဋကတ် ပါဠိ အဋ္ဌကထာ မပါတိုင်း မှားသည်ဟု မယူသင့်။ ပိဋကတ်၌ မပါသော ပါဠိအသုံးပုံစံများ များစွာရှိသေး၏။ မြန်မာပြန်ပိဋကတ်၌ မပါသော မြန်မာအသုံးပုံစံများ များစွာရှိသကဲ့သို့တည်း။
အဗဟုတ္တေပိ သတိ အတ္တဂရုကာရာပရိစ္ဆေဒမာတိကာနုသန္ဓိနယပုစ္ဆာသဘာဂပုထုစိတ္တ- သမာယောဂပုထုအာရမ္မဏဝသေန ဧကတ္ထဿ ဗဟူနံ ဝိယ ဝစနံ ဗဟုဝစနံ, (သဒ္ဒနီတိ၊ ပဒမာလာ၊ ၂၂)
သတ္ထေတ္တနိဂရူသု စေ - တိလက္ခဏမုဒါဟဋံ။ (ဘေဒစိန္တာ၊ ဂါထာ ၁၃၆)
2026-08-09 16:35:05
0
Than Min Vibes :
https://youtu.be/mtvhUgzHRGc?si=cwcQ2HxnyjHGAw8M🙏🙏🙏
2026-08-09 05:28:18
0
Than myint :
ကိုယ်တော် ပြောတာက ရ သံ သီချင်းထဲမှာစာက ရဿံ မှားနေတယ် ရသ်သံ ကအမှား ရသံမှမှန်တယ်
2026-08-09 16:00:55
1
ဦးသုမနစလင်း :
အင်္ဂီရဿံ ကို ရခိုင်အသံနဲ့ဆိုကြတော့ အဂ္ဂိရဿံလို့မပီကလာပီကလာ ဖြစ်သွားဟန်တူသွားပါတယ်ဘုရား အခုလိုဗုဒ္ဓဘာသာ ဓမ္မတေးများကို ပိဋကတ်သုံးပုံအားလျှေက်ပတ်စွာ ပါဠိအသံအမှားနည်းအောင် ထောက်ပြ ပီးဖြစ်သင့်တာကို ထောက်ပြပြောပြလို့ တပည့်တော်တို့ သာသနာတော်ကြီးအတွက်အကျိုးများပါတယ်ဘုရား နောက်နောင်လည်း ယ္ခုလိုဓမ္မတေးများကို အသံထွက်အမှား များကို ထောက်ပြ ဖော်ပြပေးပါအုန်းလို့သာသနာတော်အတွက်တိုက်တွန်းပါတယ်ဘုရား အား လုံး( သုခိအတ္တာနံပရိဟရန္တု )နိူင်ကြပါစေ 🙏🙏🙏 သာဓုသာဓု
2026-08-08 03:11:21
6
Lynn Lynn Soe :
ဘုန်းဘုန်းပြောတာ အဆင့်ဆင့်လက်ဆင့်ကမ်းလာရာကနေ အမှားဘက်ရောက်လာတယ်လို့ ဆိုလိုတာ မူလက မမှားလောက်ဘူးလို့ပြောတာ
2026-08-08 02:23:01
12
🖤 Nay Myo Tun ( Offical )🇹🇭 :
Would you like to discuss it, U Zin?
2026-08-08 13:04:24
0
🌠💫✨ဘုန်းဂျေ💫✨🌠(Ven JaVaNa) :
အင်္ဂီရသံ(အင်)ကို ရခိုင်သံနဲ့ဆိုတဲ့အခါ (အန်)လို့အသံထွက်မယ်ထင်တယ်ဘုရား
2026-08-08 02:15:17
12
Dr. Myo Zaw :
မူရင်းကအိန္ဒိယသီချင်းပါ..ရခိုင်မဟုတ်ပါ...ရခိုင်ကကော်ပီယူပီလုပ်ထားတာပါ..❤️💞🥰
2026-08-08 01:30:24
4
@#monstar boy$ :
မူရင်းကဘာမှမှားစရာအကြောင်းမရှိပါဘူး ရခိုင်လူမျိုးတွေကပါဠိဘာသာနဲ့အသံထွက်တွေကအစ အနီးစပ်ဆုံးလူမျိုးဟုတ်ပါတယ်၊ဗျဉ်းသုံးဆယ့်သုံးလုံးကိုလည်း အသံသုံးဆယ့်သုံးမျိုးကွဲအောင်ဖတ်တတ်ဆိုတတ်တဲ့လူမျိုးတွေပါ၊ရခိုင်ဘုန်းကြီးနဲ့ဗမာဘုန်းကြီးတွေတောင် တရားဟောတဲ့အခါ ပါဠိအသံထွက်တွေ မတူကွဲပြားတာအများကြီးတွေ့ရပါတယ်ကိုတော် အာ့ကြောင့်တပည့်တော်တို့လည်းတခါတလေ ဘုရားရှိခိုးတဲ့ခါ ဘာကိုအမှန်ယူရမလဲ မဆုံးဖြတ်တတ်ဘူးဖြစ်ရပါတယ်ကိုတော်၊ဗမာလူမျိုးတွေက ဗျဉ်းသုံးဆယ်သုံးလုံးဆိုတဲ့အခါမှာတောင် အသံတွေထပ်နေတာအများကြီးတွေ့ရပါတယ် အာ့ကြောင့်တဆင့်ကူးယူသုံးစွဲတဲ့သူတွေရဲ့အမှားဖြစ်ဖို့က ရာနှုန်းပြည့်နီးပါလောက်သေရှာပါလိမ့်မယ်ကိုတော်ဘုရား☺️ျ ြ မနှိုင်ရခိုင်နဲ့ညှိဆိုတဲ့ဆိုရိုးစကားတောင်ရှိပါသေးတယ်မဟုတ်ပါလားကိုတော်🙏🙏🙏
2026-08-08 02:59:56
77
kyaw :
ရခိုင်သီချင်း ပြန် နားထောင်ကြည့်ပါ အင်္ဂီရသံ
သဗ္ဗေသာနံ ဒဒါမိ အမှားမရှိပါဘူး
မယံပူဇေမိ ငါတို့သည် ဘုရားကိုရှိခိုးပါ၏ ။
ဒါက ပါဠိဝါကျဖွဲ့နေတာ မဟုတ်ပါဘူးဘုရား😁
2026-08-07 11:23:37
15
S^O^E :
ရခိုင်တေးရေးက မမှားပါဘူးဘုရား🙏🙏🙏 အရှင်ဘုရားပဲ စာတန်းအမှားထိုးတဲ့vdကို ကြည့်မိတာနေမာပါ ဘုရား
2026-08-09 02:57:00
15
Hmuuzaw Han :
အင်္ဂီရသံ ကို ရခိုင်တွေက အိုက်ဂိရသံ လို့ ဖတ်ပုံရပါတယ်၊ ဒါကို ချမ်းချမ်းက ပြန်ဆိုတော့ သူအဆ်ုကောင်းအောင်ပြင်ရာကနေ အဂ္ဂိရသ ဖြစ်သွားတာ ဖြစ်ပုံရပါတယ်ဘုရား၊ ဒါကတပည့်တော်ရဲ့အထင်ပါ
2026-08-07 09:58:21
10
💚Angela💚user🙆💕 :
ရခိုင်က ဘုရားပူဇော်ရန်ရေးစပ်သီဆိုထားတာမလို့ မူရင်းးကမှားစရာမရှိပါဘူး ရခိုင်အသံကို ဗမာအသံထွက်ပြီးမှားတယ်လို့လည်းယူဆလို့မရပါဘူး အားလုံးအတွက်ရည်ညွှန်းလို့ရေးစပ်ထားတာလို့ယူဆလို့ရပါတယ် ရခိုင်အဆိုသံနဲ့ဗမာအဆိုသံနဲ့တခြားစီပါ မူရင်းမဟုတ်တဲ့အသံက နားထဲကန့်လန့်ကြီး😅 သီချင်းမှာစာတန်းထိုးတာက အဲ့သီချင်းတပုဒ်တည်းမှားတာမဟုတ်ပါ သီချင်းတိုင်းလိုခုခေတ်မှာရိုးရိုးစကားလုံးကအစမှားနေကြတာ😅
2026-08-07 10:34:48
6
မမလေး :
မယံ ပူဇေမိ။ ဆိုတာ ဒီဝါကျကို ကိုရင်ကလေးကအစနားလည်တယ်။
ဂီတသဘောအရ "ပူဇေမိ၊" လို့သုံးတာ။
2026-08-08 01:00:04
5
GLORYLINK :
ရခိုင်သံနဲ့ဆိုထားတာပါ စာသားမမှားပါဘူး ချမ်းချမ်းကဗမာသံဆိုတော့စာသားမှားသံထွက်တော့တာပေါ့ဦးဇဉ်းဘုရား
2026-08-08 17:09:40
0
A̺͆u̺͆n̺͆g̺͆ N̺͆a̺͆i̺͆n̺͆g̺͆ :
ပိဋကတ်သုံးဖုံမှာမပါတဲ့ ပါဠိတွေပါတယ်လို့ ကိုယ်တော်ပြောပါတယ် ဘိုးတော်မောင်ဝိုင်း ရခိုင်က ပိဋကတ်စာပေတွေယူသွားတုန်းက ပိဋကတ်တွေက ပြည့်မှမပြည့်စုံတော့တာ အရှင်ဘုရားရယ်
2026-08-07 17:07:10
2
ကိုလင်း :
ဒီကိုယ်တော်ပြောနေတာက မူရင်းကို မှားတယ်လို ပြောနေတာမဟုတ် အထပ်အထပခ မြန်မာလို ပြန်ဆိုလာတဲ့အခါ မှားနေတာကို ထောက်ပြနေတာ ဆုံးအောင်ဖတ် ဆုံးအောင်နားထောင် ဒီကိုယ်တော် ပြောနေတာ မြန်မာတွေ ဆိုထားတာကို ပြောနေတာ ရခိုင် မူရင်းကို ပြောနေတာ မဟုတ်ဘူးထင်တယ် ရခိုင်က ဗမာတွေ မဟာယန ကိုးကွယ်နေတဲ့အချိန် ရခိုင်က ဗုဒ္ဓဘာသာ ကိုယ်ကွယ်နေတာကြာပြီ ဘာသာတရားလေ့ ရခိုင်ကနေဆင်းသက်ပြီးတော့ မဟာမုနိ မြန်မာပြည်ရောက်သွားတာက သက်သေဘဲ့လေနော်
2026-08-09 08:21:00
4
KOKO :
တရားတော်တွေကို
သီချင်းလုပ်ဆိုလာရင်
သာသနာ ကွယ်မယ့်နိမိတ်တွေ
2026-08-07 17:32:32
1
🤭baby🤫❤️❤️ :
တပည်းတော်မတို့ ရခိုင်အဆိုတော်ကြီး ဆိုထားတာလဲအရှင်ဘုရားပြောတဲ့ စာသားလေးနဲ့ လေယူလေသွေးပါဘုရား
2026-08-08 15:51:55
1
maung maung :
ရခိုင်မှုရင်းလေသံကိုနားထောင်ကြည့်ပါဘုရား
2026-08-08 12:33:54
0
To see more videos from user @bhonesanti, please go to the Tikwm
homepage.