@collagepoem: မိုးရာသီရဲ့ ညတစ်ည၊ ဘန်ကောက်ရဲ့ မိုးမျှော်တိုက်တွေကို ကျောဘက်မှာထားခဲ့လို့ ကိုယ်တို့မြို့လေးဆီ ပြန်ခဲ့တယ်။ အဝေးပြေးလမ်း၊ အဲကွန်းအေးစိမ့်စိမ့်နဲ့ ဘက်စ်ကား၊ ဟူဒီတစ်ထည်နဲ့ ကားကပေးတဲ့စောင်ကိုခြုံ၊ နားကြပ်နှစ်ဖက် နားမှာတပ်လို့ အရာရာ နှေးနှေးကွေးကွေး မိုးညတစ်ညပါ။ ဟိုင်းဝေးလမ်းနဲ့ ကြိုးနားကြပ်ထဲက သီချင်းသံ၊ လမ်းမဘေးက အိမ်တွေ၊ မြို့တွေ၊ လူတွေ ကိုငေးလို့ ဟိုးအဝေး မြန်မာပြည်ထဲက ကိုယ်သွားခဲ့ဖူးတဲ့ ခရီးတွေအကြောင်း ပြန်တွေးမိလို့၊ NREM ရဲ့ ပထမအဆင့်ကို ရောက်ရှိခဲ့တယ်။ သတိပြန်ဝင်ပြီး ကိုယ်နိုးလာတော့ Spotify က ကိုယ်မကြားဖူးတဲ့ သီချင်းတစ်ပုဒ်ကို ရောက်နေခဲ့တယ်။ မှတ်မှတ်ရရဆိုသလိုပါပဲ Spotify ပရီမီယမ်ကုန်နေတဲ့ အဝေးပြေးလမ်းပေါ် ညတွေထဲက တစ်ညပေါ့။ Floke Rose သီချင်းတွေ နားမထောင်ဖြစ်တာ အတော်ကြာခဲ့ပြီ၊ သူ့ကိုမှမဟုတ်၊ သီချင်းအသစ်တွေ နားထဲမရောက်တာ အတော်ကြာခဲ့ပြီ။ ၈၀ခုနှစ်နဲ့ ၉၀ခုနှစ် သီချင်းတွေကိုသာ တွင်တွင် နားထောင်ရင်း ဖြတ်သန်းခဲ့တဲ့ အိပ်မက်ရက်ရှည်နေ့တွေထဲ ဒီသီချင်းတစ်ပုဒ်ဟာ မမျှော်လင့်ဘဲ ရောက်လာခဲ့တယ်။ သီချင်းက Nostalgic Vibe ကိုပေးတယ်၊ Rap တွေက အတိတ်နေ့တွေ၊ သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ လူငယ်တွေအကြောင်း။ နောက်တော့ chorus ပိုဒ် ဝင်လာတယ်။ “လမ်းမများထက်မှာ မေ့လို့မရတော့တဲ့ အမှတ်တရများနဲ့ ပြည့်နှက် ငါတို့ရဲ့ ငယ်စဉ်ဘဝ “ ငါတို့ရဲ့ ငယ်စဉ်ဘဝ၊ မေ့မရတဲ့လမ်းမတွေ၊ အချိန်ကာလတွေ၊ အမှတ်တရတွေ၊ ကျောင်းသားဘဝ၊ စာသင်ခန်း၊ ခရီးတွေ၊ ခင်ဝမ်းရဲ့ “ကောလိပ်နေ့ရက်များ” ။ ဘာကြောင့်မှန်းမသိ ကိုယ်ဟာ အထီးကျန်လာတယ်၊ ဝမ်းနည်းလာတယ်၊ အိမ်ကို လွမ်းလာတယ်၊ ကိုယ်မေ့လျော့ထားတဲ့ အရင်က ဘဝတွေကို ပြန်တွေးမိလာခဲ့တယ်။ သီချင်းပြီးသွားတော့ သီချင်းနာမည်ကို ကြည့်မိတယ် ။ “Adolescence “ ၊ လူပျိုဖော်ကာလ ။ ဒါဟာ၊ ဆယ်ကျော်သက်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ ။ ကိုယ်တို့ မစွန့်လွှတ်ချင်ဘဲ စွန့်လွှတ်ခဲ့ရတဲ့ လူငယ်ဘဝ ။ အဝေးပြေးလမ်းမကြီးကိုငေးလို့ နောက်တစ်ကြိမ် ဒီသီချင်းကို နားထောင်မိခဲ့တယ်။ “လမ်းမများထက်မှာ ……. “ #adolescence #flokerose #လမ်းမများထက်မှာမေ့လို့မရတော့တဲ့ #ကော်လာ့ချ်ကဗျာ #collagepoem

ကော်လာ့ချ်ကဗျာ
ကော်လာ့ချ်ကဗျာ
Open In TikTok:
Region: TH
Friday 07 August 2026 10:49:46 GMT
16532
1247
7
29

Music

Download

Comments

ku13712
Kuʀᴀʏᴀмιメ :
Floke Rose repost 😳
2026-08-09 09:00:20
5
sainsain4608
🔰 𝗠𝗴 𝗦𝗮𝗶 🔰 :
😲 floke Rose report
2026-08-12 05:54:54
1
star.venus.597
star venus 597 :
💜💜💜💜💜
2026-08-07 14:45:39
2
star.war.fan3
star war fan :
🥰🥰🥰🥰🥰
2026-08-07 14:34:31
2
yeyint3156
ye yint :
😳💓
2026-08-07 14:30:33
2
To see more videos from user @collagepoem, please go to the Tikwm homepage.

Other Videos


About