@.min.chit.ko: ဒေါက်တာ အနုဆာန်သည် “ငြိမ်းချမ်းရေးအတွက်… လူသားဆန်မှုအတွက်…” ဟု ရဲရဲဝံ့ဝံ့ ကျယ်လောင်စွာ ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထိုသို့ ကြွေးကြော်မှုကြောင့် လွှတ်တော်လုံခြုံရေး ရဲတပ်ဖွဲ့က သူ့ကို ခန်းမအတွင်းမှ ချက်ချင်း ခေါ်ဆောင်ထုတ်ပစ်ခဲ့သော်လည်း ထိုစကားသံများသည် ထိုင်းနိုင်ငံနှင့် တစ်ကမ္ဘာလုံးကို ဟိန်းထွက်သွားခဲ့သည်။ ထိုသို့ ရဲရဲဝံ့ဝံ့ ဆန့်ကျင်လိုက်သူမှာ ရိုးရိုးနိုင်ငံရေးသမားတစ်ဦး မဟုတ်ဘဲ ထိုင်းနိုင်ငံ၏ အထက်တန်းလွှာ စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည်။ ဒေါက်တာ အနုဆာန်သည် အမေရိကန်ပြည်ထောင်စု Fordham University မှ စီးပွားရေးပါရဂူဘွဲ့ (Ph.D.) ရရှိခဲ့သူဖြစ်ပြီး Citibank ၏ ဒုတိယဥက္ကဋ္ဌ (Vice President)၊ ထိုင်းဗဟိုဘဏ် (Bank of Thailand) ၏ ဒါရိုက်တာ၊ ဘဏ္ဍာရေးဝန်ကြီး၏ အကြံပေးနှင့် ရဲင်ဆစ်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် စသည့် ထိပ်တန်းရာထူးပေါင်းများစွာကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ လက်ရှိတွင်လည်း ပရီဒီ ပနုမယုန်း အင်စတီကျု Pridi Banomyong Institute ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် တကယ့် ဒိတ်ဒိတ်ကြဲ ပညာတတ်တစ်ဦး ဖြစ်သည်။ ထိုသို့သော မြင့်မားသည့် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းရှိသည့် ပညာရှင်ကြီးတစ်ဦးက ဖိနှိပ်ခံ မြန်မာပြည်သူများဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ပေးခဲ့ခြင်းကြောင့် မြန်မာပြည်သူ အပေါင်းက သူ့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုလျက်ရှိပြီး ရင်ထဲကသူရဲကောင်းအဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်သည်။ ဘေးအိမ် မီးလောင်နေသည့်အခါ တချို့က မီးလောင်ရာလေပင့်ကာ မီးလောင်ပြင်မှ ပစ္စည်းများကို ဝင်ရောက်ခိုးယူ၊ ဆွဲပြေးကြသည်။ တချို့ကလည်း မီးကူးစက်မည်ကို စိုးရိမ်ပြီး မိမိပစ္စည်းလေး မိမိသိမ်းဆည်းကာ ဘေးထိုင်ကြည့်နေတတ်ကြသည်။ သို့သော် ဒေါက်တာ အနုဆာန်ကမူ ထိုသို့မဟုတ်ပါ။ မီးလောင်နေသည့် အိမ်နီးချင်းအတွက် သတ္တိရှိရှိ ရေပုံးဆွဲ၍ မီးလာငြှိမ်းပေးခဲ့သည့် အိမ်နီးချင်းကောင်း၏ ပြောင်မြောက်သော သတ္တိနှင့် တကယ့်ပညာတတ်တစ်ဦး၏ ဖြောင့်မတ်သော နှလုံးသားကို တစ်ကမ္ဘာလုံးသိအောင် သက်သေပြလိုက်ခြင်းပင် ဖြစ်ပေတော့သည်။ credit -

🍒🍓 𝓜𝓲𝓷 𝓒𝓱𝓲𝓽 𝓚𝓸 🍓🍒
🍒🍓 𝓜𝓲𝓷 𝓒𝓱𝓲𝓽 𝓚𝓸 🍓🍒
Open In TikTok:
Region: MY
Friday 07 August 2026 18:22:42 GMT
131105
10349
693
287

Music

Download

Comments

user4526991859154
user4526991859154 :
ခုလိုဆင်းရဲခြင်းပေါင်းစုံခံစားနေရတဲ့မြန်မာနိုင်ငံသားအများစုအတွက်ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဒေါက်တာ ကျန်းမာသက်ရှည်ပါစေ
2026-08-08 01:38:15
384
kywettoe
kywettoe :
I proud of you congulation. sir..
2026-08-08 08:31:53
0
shwe.aung710
Shwe Aung :
အနုဆာန်၏စေတနာနှင်မေတ္တာကိုအသိမှက်ပြုပါသည်
2026-08-08 02:08:16
222
khinsoewin6633
soe soe :
Thank you so much .🌹🌹🌹🌹🌹🌹
2026-08-08 07:53:10
0
moe.naing3891
Sukino_@MoeNaing :
Actually respectfully Dr.Anusan🙏🙏🙏from the whole of all our Myanmar country citizens 🫶🙏🫶🙏🫶🙏
2026-08-08 08:02:44
0
devi.xxx7
Devi XXX :
လူစိတ်ရှိပြီး လူသားဆန်သော လူစင်စစ်မို့ လေးစားပါတယ်🥰
2026-08-08 03:09:41
127
win.naing2638
Michael :
လူကြီးမင်းရဲ့နှလုံးသားအားမြန်မာတို့မှလေးစားမြတ်နိုးတန်ဘိုးထားပါတယိ
2026-08-08 07:02:46
10
khinmaungnaing02
k&m :
good lat.........
2026-08-08 08:21:34
0
konyi3239
konyi :
ကျွန်တော်တို့ ကို မေ့မထားလို့ ကျေးဇူးပါ 🥰🥰🥰 Drအနုဆာန်
2026-08-08 02:38:09
98
ko.ko.zay68
Ko Ko Zay :
အိမ်နီးချင်ကောင်းစိတ့ဓာတ်ရှီတဲ့ဒေါက်တာလေးစားလျှက်ပါ...
2026-08-08 02:34:34
90
lu.pyogyi72
LPG :
👍👍👍👍👍👍Congratulations🙏🙏🙏
2026-08-08 05:27:44
0
ashinnyarnawbartha3
နှင်းဆီ သခင် :
လေးစားရိုသေ ဂုဏ်ယူပါသည်🙏
2026-08-08 02:24:51
52
shwe.mg.than.elect
Goldmaungthan :
so much thank you
2026-08-08 07:55:33
0
hla.hla4761
Hla Hla :
ဝမ်းသာလွန်းလို့မျက်တွေကထိန်းမရအောင်ကျမိတယ်။
2026-08-08 03:06:00
60
nyiam36
Tar Nyi :
လေးစားလျှက် ကမ္ဘာပေါ်မှာဒီလိုလူများမျာပေါ်ထွန်းပါစေ
2026-08-08 03:18:25
14
nuu76414272
nuu76414272 :
မိတ်ဆွေ အစစ်
2026-08-08 02:14:17
17
ma.lwin4247
Ma Lwin :
လူဆိုတော့ လူအသိစိတ်ရှိတာပေါ့ 👍👍👍
2026-08-08 01:40:44
34
oppophone5274
Sakura :
မထင်မှတ်ထားတဲ့ ထိုင်းအမတ်တယောက်ရဲ့ မြန်မာပြည်အပေါ်ထားတဲ့စိတ်ဓါတ်လေး ဝမ်းသာလေးစားရပါတယ်🥰🥰🥰
2026-08-08 06:59:47
9
mg.mi.min
mmin :
မြန်မာပြည်မှာဆိုအဲ့လိုပညာတတ်တွေလူမသိသူမသိနုတ်ပိတ်သတ်ဖြတ်ခံနေရ ပီ
2026-08-08 02:51:09
52
nay.min2530
Nay Min :
ကျွန်တော်တို့ ကို မေ့မထားလို့ ကျေးဇူးပါ
2026-08-08 02:25:39
42
goldenhope21
Septiphinအဆိုတော်ကြီးအထည်ဆိုင် :
ရပ်တည်ပေးတဲ့အတွက် ရင်ထဲမှာ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ် Thank Thailand.
2026-08-08 03:44:45
29
user37045180052542
user3704518005254ဧည့်သည် :
ထိုင်းနိူင်ငံ၏ လက်ရှိအာဏာရပါတီ၏အတိုက်အခံလွှတ်တော်အမတ်ဖြစ်သောကြောင့် ထိုင်းပြည်သူ၏မဲရရှိရေးအတွက်ဤသို့လုပ်ဆောင်ခြင်းသည် သဘာဝတရားတခုဖြစ်ပါသည်။
2026-08-08 03:46:40
23
nway.nway9074
Nway Nway :
အမလေး ကိုယ်နိုင်ငံအတွက် ရဲရဲဝံ့ဝံ့ ဆန်ကျင်ပေးတဲ့ တစ်ဘက်နိုင်ငံ လွှတ်တော်အမတ်အား လေစားစွာဖြင့် ဂုဏ်ယူပါတယ် မျက်ရည်များလဲဝဲခဲ့ရပါတယ် ရင်တွေ့ထဲလဲနင့်နေတာပဲ
2026-08-08 07:23:11
14
myopapa84
Mal Pa🤍💐 :
မြန်မာနိုင်ငံ အမှန်တရားဘက်တော်သားများဘက်မှရပ်တည်ဆန္ဒဖော်ထုတ်ပေးခဲသော ထိုင်နိုင်ငံသားဒိတ်ဒိတ်ကြဲပညာတတ် ဒေါက်တာ အနုဆာန်အား လေးစားဂုဏ်ပြုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင့်🙏🙏🙏
2026-08-08 03:34:46
37
To see more videos from user @.min.chit.ko, please go to the Tikwm homepage.

Other Videos


About