@zarphyu332: သွေးဆုံးကိုင်ဝေဒနာရှိသူများအတွက် အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ မီး (၃) မီးကို မဖြစ်မနေ ဖြတ်သန်းရပါတယ်။ မီးယပ် မီးဖွား မီးဆုံး ဒီမီး (၃) မီးထဲမှာ နောက်ဆုံးဖြစ်တဲ့ မီးဆုံး အကြောင်းကို ပရိသတ်များအတွက် ဗဟုသုတအနေနဲ့ မျှဝေချင်ပါတယ်။ အများအားဖြင့် အမျိုးသမီးများဟာ အသက် (၄၀) ကျော်မှ (၅၅) နှစ်အတွင်း သွေးဆုံးတတ်ကြပြီး လူတစ်ယောက်နဲ့တစ်ယောက် သွေးဆုံးတဲ့ အသက်အရွယ်က မတူညီနိုင်ပါဘူး။ သွေးဆုံးကိုင်ရခြင်းအကြောင်းရင်း << ဒါက လူတိုင်းရဲ့ ဓာတ် (၄) ပါး မတူညီခြင်း သွေးအား အနည်းအများ ကွာခြားခြင်း ကိုယ်ခန္ဓာ အပူအအေး မတူခြင်း မျိုးရိုးဗီဇ အခြေအနေ မတူခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး သွေးသားစိုပြည်တဲ့ အမျိုးသမီးတွေက သွေးဆုံးချိန် နောက်ကျတတ်ပြီး အများအားဖြင့် အသက် (၅၀) ကျော်လောက်မှ သွေးရပ်သွားတတ်ကြပါတယ်။ တချို့အမျိုးသမီးများကတော့ အသက် (၆၀) ဝန်းကျင်အထိ သွေးမရပ်သေးတဲ့အထိ ဖြစ်တတ်ပါတယ်။ တစ်ဖက်မှာတော့ ငယ်စဉ်ကတည်းက ခန္ဓာကိုယ်အားနည်း၊ သွေးအားမကောင်းသူတွေက အသက် (၄၀) ကျော်ခန့်မှာပဲ သွေးဆုံးသွားတတ်ကြပါတယ်။ ထို့အပြင် ကိုယ်ခန္ဓာကောင်းမွန်သော်လည်း သားသမီးများစွာ မွေးဖွားရသူများမှာလည်း သွေးဆုံးချိန် စောလာတတ်ပါတယ်။ ဘယ်အသက်အရွယ်မှာပဲ သွေးဆုံးသွားပါစေ၊ သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကတော့ အများအားဖြင့် ဆင်တူတတ်ပါတယ်။ ဒီလို ဝေဒနာတွေကို သွေးဆုံးကိုင် လို့ ခေါ်ကြပါတယ်။ သွေးဆုံးကိုင်ချိန်မှာ အကြောင်းမရှိဘဲ ဒေါသထွက်လွယ်ခြင်း ယောကျ်ားအပေါ် သဝန်တိုခြင်း စိတ်အပြောင်းအလဲများခြင်း အော်ဟစ်စိတ်တိုခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေအပြင် ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ညအိပ်မပျော်ခြင်း နှလုံးခုန်မြန်ခြင်း အိပ်မက်ဆိုးများခြင်း လည်ပင်း၊ ရင်ဘတ်အနား ချွေးထွက်များခြင်း အစာမစားချင်ခြင်း ဝမ်းချုပ်ခြင်း ရင်ပြည့်ရင်ကယ်၊ အန်ချင်ခြင်း စတဲ့ လက္ခဏာများကို နေ့စဉ်လိုလို ခံစားရတတ်ပါတယ်။ ဒီလိုအခြေအနေတွေကြုံလာတဲ့အခါ အမျိုးသမီးအများစုက ဆေးဝါးရှာဖွေသောက်သုံးကြပေမယ့် အပူဆေး၊ အအေးဆေးများကို မလွန်ကဲသောက်သုံးသင့်ပါ။ အကောင်းဆုံးကတော့ ကိုယ်ခန္ဓာနဲ့ ကိုက်ညီတဲ့ ဓာတ်စာများကို စနစ်တကျစားသုံးခြင်း ဖြစ်ပါတယ်။ သွေးဆုံးကိုင်ကာလဟာ တစ်နှစ်၊ နှစ်နှစ်အထိ ကြာတတ်တဲ့အတွက် ဓာတ်စာတစ်မျိုးနှစ်မျိုးနဲ့ မလုံလောက်ဘဲ ဓာတ်စာစုံလင်စွာ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ သွေး၊ ဝမ်း၊ ဆီး၊ လေ ညီညွတ်စေပြီး ကိုယ်ခန္ဓာအားကောင်းစေမယ့် အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အမျိုးသမီးများဟာ ပျမ်းမျှအားဖြင့် အသက် (၄၇) နှစ်ဝန်းကျင်မှာ သွေးဆုံးကိုင်ဝေဒနာ စတင်ခံစားလာတတ်ပြီး မိခင်ရဲ့ သွေးဆုံးအသက်အရွယ်ကိုကြည့်ခြင်းဖြင့် ကိုယ်တိုင် သွေးဆုံးနိုင်မယ့်အချိန်ကို ခန့်မှန်းနိုင်ပါတယ်။ အောက်ပါ အိမ်တွင်းသဘာဝကုထုံးများ က သွေးဆုံးကိုင်ဝေဒနာကို ဘေးထွက်ဆိုးကျိုးနည်းစွာဖြင့် သက်သာစေနိုင်ပါတယ်။ (၁) ကရမက်ကို လိမ်းခြင်း၊ သောက်သုံးခြင်း (၂) ဂုံမင်းပင်ကို ဟင်းခါးချက်သောက်ခြင်း (၃) စွယ်တော်ပင်ရွက်ကို ဟင်းချို သို့မဟုတ် ရွက်ပြုတ်ရည်သောက်ခြင်း (၄) အနက်ရောင် စပျစ်သီးမှည့်ကို အခွံအစေ့ပါ ဝါးစားခြင်း (၅) ဆီးဖြူသီးစားခြင်း (၆) ထန်းရည်ချိုစစ်စစ် သောက်ခြင်း (၇) ကြိတ်မှန်ရွက် ယိုထိုးစားခြင်း (၈) အဝါရောင် ကန်စွန်းဥ ပြုတ်စားခြင်း (၉) သင်္ဘောသီးမှည့် နေ့စဉ်စားခြင်း (၁၀) တရုတ်စကားပွင့် ဟင်းချက်စားခြင်း (၁၁) ပဲနောက်ကို ကြက်သွန်ဖြူနဲ့ ဟင်းချိုချက်သောက်ခြင်း (၁၂) ဝါစေ့ပင်ပေါက် ဟင်းခါးချက်စားခြင်း (၁၃) ကင်ပွန်းချဉ်ရွက်ကို ဟင်းမျိုးစုံချက်စားခြင်း (၁၄) ကြက်သွန်ဖြူ စားသုံးခြင်း (၁၅) ရဲယိုသီးမှည့်ကို ထန်းလျက်ခဲနဲ့ စားခြင်း (၁) အဆီများ၊ အချိုများ၊ ကဖိန်းများ၊ အစပ်အပူများ လျှော့ချခြင်း (၁၇) အဆီများငါး၊ ငါးကြီးဆီ၊ Spirulina၊ EPO၊ Silica စတဲ့ ဖြည့်စွက်စာများ သောက်သုံးခြင်း (၁၈) Barley Grass အချိုရည် သောက်သုံးခြင်း (၁၉) နေ့စဉ် လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း (၂၀) ကိုယ်လက်သန့်ရှင်းမှုကို ဂရုစိုက်ပြီး အချိန်လွန် ရေချိုးခြင်းရှောင်ခြင်း အားလုံး ကျန်းမာချမ်းသာပြီး စိတ်ချမ်းသာကြပါစေ 🙏
Transform Ma Zar
Region: MM
Sunday 09 August 2026 03:25:05 GMT
Music
Download
Comments
KoKoAung :
အဓိက အပူ အစပ် အငံ ကလီစာ လုံးဝ လုံးဝ ရှောင်ရပါမည်
2026-08-11 01:10:38
6
စိတ်သစ်လူသစ်ဘဝသစ်စမည် :
အဲတာဘာဆေးမြစ်လည်းပြောပြပါအုံ
2026-08-10 03:54:04
6
ဆရာမ ဖူးသစ်ခိုင် :
သွေးကမဆင်းတောဘူးအ ြဖူကဆင်းတယ်နံလဲနံတယ်ဘာဆေစားရကူညီပါ
2026-08-09 14:34:34
4
SanNar SOE❤️💕 :
ဘာဆေးမြစ်လဲရှင့်
2026-08-10 00:49:24
2
ပန်းသခင် :
ဒီဝေဒနါကို ကိုယ်တိုင်ခံစားနေရပါတယ်လေချုပ် ဝမ်းချုပ် အပူအအေးပြောင်းလဲ ညအိပ်မပျော် မိန်းမသားတိုင်းကို အရမ်းသနားပါတယ်တစ်နေ့တာ အိမ်မှုတာဝန်တွေနဲ့ကိုယ့်ဝေဒနါကိုမေ့နေလိုက်တယ် ညဖက်အိပ်ယာထက် မှာတော့ အိပ်မပျော်ခြင်းကိုအဖော်ပြုရင်းပေါ့ အားလုံးသော မိန်းမသားများ ကိုယ်ကျမ်းမာ စိတ်ချမ်းသာရပါစေ
2026-08-18 16:36:11
9
MinOo :
ကျေးဇူးပါရင်ပါဆေမြစ်လဲသီရုင်ပါတယ်
2026-08-29 09:14:38
2
သွန်းသွန်း :
အမကအသက်က၄၃နှစ်ပဲရှိသေတယ်ဘာမှမလုပ်ချင်မကိုင်ချင်နဲလုပ်ရင်လဲမောတယ်သွေကလဲပေါ်တာ၅လရှိအမအမေကအသက်၄၀မှာသွေဆုံတာ🥰🥰🥰🥰
2026-09-01 06:33:28
0
Ei Phoo :
32
နစ်မှာသွေးဆုံတာကြဘာများဖြစ်တပ်ပါသလဲရှင့်
2026-09-07 10:03:58
0
Anne Shirley 2.0 :
ကျေးဇူးပါရှင်အသက်54နှစ်မာစိတ်တိုလွယ်နေပါတယ်
2026-09-02 13:52:53
2
လမင်လေး :
ဟုကဲ့ဗဟုသုတများများတင်ပေးပါရှင့်
2026-08-25 04:11:22
1
မန္တလေးသူညိုချောလေး🥰 :
အခုဒီဝေ ဒနာတေွခံစားနေရပါတယ်အရင်ကသွေးဆင်းရင်ရက် 20/25 ရက်လောက်လာတာအတုံးအခဲတွေ အခုတော့နဲနဲသက်သာလာပါပီ အေးဆေးတိုက်ဆရာမကြီးနဲ့ကုတာပါ မန်းလေးကပါရှင့်
2026-09-06 08:56:08
1
thin thin :
ကျေးဇူးအထူးတင်ပါတယ်🥰🥰🥰🥰🥰🥰
2026-08-10 04:17:00
1
Yee Yee Myint :
ကျေးဇူးပါ
2026-08-11 01:43:31
1
Daw Khaine :
မှန်ပါတယ်ရှင်🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-23 08:27:42
1
Nyo Nyo :
ကျေးဇူးပါ52ထဲမှာပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်ကိုယ်ခန္ဓာယားယံခြင်းကြောင့်ကုပ်နေရတယ်ဘာဆေးသောက်ရမှန်းမသိဖြစ်နေတယ်
2026-08-11 01:45:30
2
Daw Aye Pyone :
မဂ်လာပါနော်❤️❤️❤️
2026-08-11 11:54:30
0
@Chit Lay13 :
2026-08-10 14:44:26
1
ဆောင်းချစ်သူ :
ကျေးဇူးပါ🥰🥰🥰
2026-09-21 02:16:03
1
Daw Thi Thi Mar :
ဟုတ်ကဲ့ပါရှင့် ကျေးဇူးတင်ပါတယ်🥰🥰🥰
2026-08-09 14:06:34
1
Tim Lwar☁️ :
ကျေးဇူးပါဗျာဗဟုသုတလေးများများမျှ ေ၀နော်
2026-08-11 00:41:44
1
မေမေကိုလွမ်းနေသူ :
ဒီစာစုလေးတင်ပေးတာတကယ်ကျေးဇူးတင်ပါတယ်
2026-08-11 16:06:48
1
Lin lat :
ကျေးဇူးပါ
2026-08-09 12:25:37
1
sumyat :
ကျေးဇူးပါရှင်
2026-08-10 12:15:59
1
Cho twel :
အကျိုးရှိလိုက်တာ ကျေးဇူးပါရှင့်
2026-08-10 05:15:20
2
Nwet " :
ကျေးဇူးပါရှင့်ဘာဆေးမြစ်ခေါ်လဲဖြေခဲ့ပါရှင့်❤❤❤❤❤
2026-08-11 04:46:35
1
To see more videos from user @zarphyu332, please go to the Tikwm
homepage.