@myint.tar2: ကျုပ်သေသွားရင် နောက်ဘဝကျ ဘာဖြစ်ဖြစ် ကျုပ်နဲ့မဆိုင်တော့ဘူးလား ကျုပ်မဟုတ်တော့ဘူးလား ဗျ အဖြေ ( ၁ ) သမုတိ နဲ့ အရင်ဖြေမယ် ဒီဘဝ သေရင် ပြုခဲ့သည့် ကံ ထဲကအကြောင်းပြုစရာ တစ်ပါးပါး ဟာသေခါနီးမှာ ထင်ပေါ်လာပြီးနောင်ဘဝ အတွက် အကျိုးပေးပါတယ်။ ကုသိုလ် ကံ ' အကုသိုလ် ကံ အလိုက် နောက်ဘဝ အဆိုး အကောင်း ဖြစ်မှာပါ ....။ အဲဒီတော့ နောက်ဘဝ ရောက်သွားပြီ ဆိုပါတော့ အဲဒီ နောက်ဘဝ မှာ အခု ဒီခန္ဓာ သက္ကာယ ကို " ငါ " ထင်သလို နောက်ဘဝ လည်းပဲ ဒီ " ငါ "ပဲ ထင်မှာပါပဲ မကောင်းတာလုပ်ပြီး ငရဲ ကျ သွားလည်း ဒီ ..... ငါ ...... ပဲ ခံစားရလေခြင်းဆိုပြီး မလွဲမသွေ လာလိမ့်မယ် ကောင်းတာလုပ်ပြီး နတ်ပြည် ရောက်သွားလည်း ဒီ ...... (သူများမဟုတ်တဲ့) ငါ ...... ပဲ ချမ်းသာသုခ ခံစားရတယ် ဆိုတဲ့ ငါစွဲ သက္ကာယဒိဋ္ဌိ ပြန်ကပ် ပါလိမ့်မယ် ဒါ့ကြောင့် ဒီ ဘဝ မိမိ သေသွားရင် နောက်ဘဝ တခြားတယောက် ဖြစ်မသွားသလို မိမိနဲ့ မဆိုင်တော့ မှာလည်း မဟုတ်ကြောင်း အခု ..... " ငါ " ........ ထင်ရင် နောင်လည်း .... " ငါ " ထင်အုံးမှာ ဖြစ်ကြောင်း ဒီဘဝကိုတော့ ငါလို့ လက်ခံထားပြီး နောင် ဘဝ ကျမှ ငါ လို့ လက္မခံဘူးလို့ လုပ်၍ မရကြောင်း ဖြေဆို အပ်ပါတယ် အဖြေ ( ၂ ) ပရမတ် အနေနဲ့ ဖြေမယ် ဒီဘဝလည်း ငါ မဟုတ်ဘူး ....... ရုပ်နာမ် ပဲ (ခန်ဓာငါးပါး သက်ကာယပဲ) နောက်ဘဝလည်း ငါ မဟုတ်ဘူး ......... ရုပ်နာမ်ပဲ (ခန်ဓာငါးပါး သက်ကာယပဲ) ဒီဘဝ ရုပ်နာမ်ကို. ဥပါဒါန်နဲ့ ငြိတဲ့အတွက် နောက်ဘဝလည်း ရုပ်နာမ် ပဲ ပြန်ရ မယ် အဟောင်းရုပ်နာမ်က ပြန်ဖြစ်သလား ဆိုတော့ အဟောင်းရုပ်နာမ် ပြန်ဖြစ်တာ မဟုတ်ဘူး အဟောင်းရုပ်နာမ် ချုပ်ပြီး အသစ်ရုပ်နာမ် ဖြစ်တာ ဒါကြောင့် ပရမတ်ဖက်က ကြည့်ရင် အစကတဲက ငါ မရှိ အစကတဲက ငါ မရှိတော့ နောက်ဘဝကျ. ငါ ဖြစ်လာစရာလည်းမရှိ ငါ မဟုတ်ရင် သူများလား မေးရင် သူများလည်း မဟုတ် ငါ မဟုတ် သူမဟုတ်. ...... ရုပ်နာမ် ကြောင်းကျိုးဆက် နေတယ် ဒါ ပဲ ဒုက္ခသက်သက် ကြောင်းကျိုး ဆက်နေတာ ဖြစ်တယ် ငါ မဟုတ်တော့ အချည်းအနှီးပေါ့ ဆိုတော့ ... အဲဒီ ရုပ်နာမ် ဟာ အချည်းအနှီး ဒုက္ခသစ္စာ သက်သက် စွန့်ပစ်စရာတွေပဲ လို့ ငါ သူတပါး ဆိုတဲ့အယူ ဒိဋ္ဌိ တွေရော ရုပ်နာမ် တနည်းအားဖြင့် ခန္ဓာငါးပါး သက္ကာယ တရားတွေကို ရော အကုန်လုံးကို စွန့်လွှတ်ခြင်းဖြင့် လွတ်မဲ့ လွတ်လည်း အကုန် လွတ်အောင် ရုန်း ရပါတယ် အဲဒါ ဆိုရင် နောက်ဘဝ သူများ မဖြစ်ရုံမကပါဘူး ကိုယ်ပါ အသေလွတ်လိမ့်မယ် သဲအင်းဂူ ဆရာတော်ကြီး အဲလို ဖြေကြားသွားတာ ပတ္တိဒါန ပြန်လည်မျှဝေပါသည်။ #ကျေးဇူးတော်ရှင် #မူလသဲအင်းဂူဆရာတော်ဘုရားကြီး #ဓမ္မဒါန
ကြီးလေးကြီးဘိက္ခု
Region: MM
Sunday 09 August 2026 06:39:33 GMT
Music
Download
Comments
theinhteik27 :
ခုဘဝလည်း ငါ
နောက်ဘဝလည်း ငါ ငါဘဲ
ဆိုတဲ့
ဆရာတော်ကြီးရဲ့ စကားက
ငါ ငါ ငါ စွဲ စွဲနေတာ
ငါ မပြုတ်တာကို
ဆိုလိုတာ မြင်ပါတယ် 🙏
2026-08-10 04:59:35
4
Than Win :
ခုဘဝလဲငါနောက်ဘဝလဲငါဆိုရင်ဘာဖြစ်လို့လူဦးရေတွေအဆမတန်တိုလာသလဲဆိုတာစဉ်းစားလို့မရပါတိရိစာ္ဆန်ဘဝကလာရအောင်ကလဲတနေ့တခြားတိရိစ္ဆာန်ဦးရေကလဲအမြဲတိုးနေတာဆိုတော့စဉ်းစားရခက်နေပြိသိရင်လဲ ေြာပြခဲ့ကြပါဦး
2026-08-09 14:41:12
2
ⓢⓟⓔⓔⓣ :
2026-08-10 13:55:56
0
Kaung Myat :
ရှစ်ခိုပါ၏ဘုရား
2026-08-10 13:44:57
0
MyoMin :
တရားကောင်းလေးမို့ ကော်ပီပေးပါ ဘုရား🙏🙏🙏
2026-08-10 12:33:33
0
Kyaw Soe Win :
သာဓု သာဓု သာဓုပါဘုရား
2026-08-09 10:58:54
0
Kaung. sett :
ကြီးလေးကြီးရဟန်းဘုရား များများတင်ပေးပါဘုရား
2026-08-09 07:22:14
2
Aung Moe :
ဒိန်ချဥ်ဒိန်ခဲ နို့မှုန့်စသည်တို့သည်နွားနို့မှအဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်သည် ဒီအကြောင်းတရားကိုပြုလုပ်လျင်ဒီအကျိုးတရားကိုဖြစ်စေနိုင်ပါသည်
2026-08-10 08:59:26
1
မင်္ဂလာရှိစေသော် :
သိပ်မှန်ပါတယ် အဲဒီဖြေရှင်းချက်အတိုင်း
တမဂ္ဂ်တဖိုလ် ရ တဲ့ ပုဂ္ဂိုလ် တိုင်း သိကြပါတယ် ။🙏🙏🙏
2026-08-10 07:13:22
0
Kmy Tin. :
သာဓု သာဓု သာဓုပါဘုရား။
2026-08-10 05:04:01
0
Ko Hla Oo :
ကျေးဇူးပ
2026-08-10 05:42:16
0
Libra :
စာသား ကော်ပီ ယူခွင့်ပြုပေးပါ 🤝
2026-08-10 04:12:44
0
gunroseband :
သာဓု သာဓု သာဓု
2026-08-10 05:15:30
0
Aung Zay Ya :
သာဓု သာဓု သာဓုပါဘုရား
2026-08-10 12:06:55
0
Chit Mg 🪐 :
သာဓုသာဓုသာဓုပါဘုရား
2026-08-09 08:17:35
0
PAUK PAUK :
သာဓုသာဓုသာဓုရုပ်နာမ်နှစ်ပါးလုံးအေးငြိမ်းချမ်းသာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာ။စက္ကန့်မလပ်ယိုယွင်းပျက်စီးနေတဲ့ရုပ်ခန္ဓာကြီးကိုအစဉ်မပြတ်သတိကပ်ရှုမှတ်ပွားများရင်းသံသရာဘဝခရီးကလွတ်မြောက်ဖို့ကုသိုလ်ထုတ်ကြီးကိုကျင်ကြံအားထုတ်သယ်ဆောင်နိုင်ကြပါစေ။☘️🙏☘️🙏☘️🙏☘️
2026-08-10 02:07:03
0
nayrine08 :
🙏🙏
2026-08-10 03:10:36
0
ဝါဆိုမိုး :
2026-08-10 03:36:32
0
kywettoe :
သာဓုသာဓုသာဓုခေါ်ပါသည်
2026-08-10 04:26:14
0
Kyaw Than :
2026-08-10 11:08:04
0
Dawkhin sanhtay :
သာဓုသာဓုသာဓုပါ
2026-08-10 03:12:53
0
To see more videos from user @myint.tar2, please go to the Tikwm
homepage.