@freedom.minds.myanmar: Relationship တစ်ခုမှာ တစ်ယောက်က အမြဲတမ်း ပိုနီးကပ်ချင်နေပြီး နောက်တစ်ယောက်ကတော့ အဝေးကိုပဲ ရှောင်ထွက်ချင်နေတဲ့ အခြေအနေမျိုးကို ကြုံဖူးကြလား။ တစ်ယောက်က အမြဲတမ်း အာမခံချက်တွေ၊ အတည်ပြုချက်တွေ လိုချင်နေချိန်မှာ၊ နောက်တစ်ယောက်က အဲဒီဖိအားတွေကြောင့် အသက်ရှူကျပ်လာပြီး ပိုပြီးအကွာအဝေးထားချင်လာတာက Anxious–Avoidant Cycle လို့ခေါ်တဲ့ relationship တွေမှာ အဖြစ်အများဆုံး စက်ဝန်းပုံစံတစ်ခုပါပဲ။ ဒီဗီဒီယိုမှာတော့ ဒီလို Relationship Pattern တွေ ဘာကြောင့် ဖြစ်ပေါ်လာရလဲ၊ နှစ်ဖက်စလုံးကရော ဘယ်လို စိတ်ခံစားချက်နာကျင်မှုတွေကို ဖြတ်သန်းနေရလဲဆိုတာကို နားလည်လွယ်အောင် ရှင်းပြပေးထားပါတယ်။ အဆုံးထိကြည့်ပြီး ကိုယ့်ရဲ့ Relationship Pattern ကို ပြန်လည်ဆန်းစစ် လေ့လာကြည့်လိုက်ရအောင်နော်။ Video အစအဆုံးကို YouTube မှာ ကြည့်ရှုနိုင်ပါတယ်။ https://www.youtube.com/@FreedomMindsMyanmar Disclaimer: This content is for educational and mental health awareness purposes only. It is not intended to diagnose, treat, or substitute for professional care from a psychiatrist, therapist, or mental health professional. Some visuals are AI-generated and used for illustrative purposes only. #MentalHealthMatters #attachmentstyles #AnxiousAttachment #AvoidantAttachment #healthyrelationships

Freedom Minds
Freedom Minds
Open In TikTok:
Region: TH
Sunday 09 August 2026 12:20:53 GMT
90722
4966
58
945

Music

Download

Comments

ei3044
Ei Ei Thu :
ကိုယ်တုန်းကလည်း ဒါကိုနားလည်လို့နှစ်ဖက်လုံးမျှမျှတတဖြစ်အောင် ပြောပြတယ်ရင်ဖွင့်တယ် ဒါပေမယ့်အလုပ်မဖြစ်ခဲ့ပါဘူး မင်းကစကားများလွန်းတယ်ဆိုတဲ့စကားတစ်ခုနဲ့ဘဲ ကိုယ့်စိတ်ကိုအနာတရဖြစ်စေခဲ့တာ
2026-08-09 15:28:45
26
mercury3271
mercury :
အဲ့ လို လူ စား မျိုးနဲ့ ခု တွဲ နေရတာ သိပ်စိတါယ်ပျက်ဖို့ ကောင်းတာပဲ
2026-08-09 14:51:22
7
mdarkie264
⛈️🩵 :
အာရုံက တကယ်တမ်းမှာ အဲ့လောက်ပြောင်းဖို့မလွယ်ဘူးနော် တကယ်မလွယ်တာ အေးဆေးပြောလည်း မရဘူး သူက မရှောင်ပြေးခင် တဖက်လူကို စိတ်အဆင်မပြေအောင်ပြောသွားပြီးမှ ပျောက်တာ အေးဆေးပြောပြီးမှ ပျောက်ပါလို့ အေးဆေးတောင်းဆိုထားတယ် အဲ့ဒါလည်း မရဘူး ညှိတယ် ဒါကို မရဘူး မပျောက်ခင် တဖက်သားကို စိတ်ထိခိုက်အောင်ပြောသွားလုပ်သွား အနိာင်ကျင့်သွားပြီးမှ ကိုယ်မခံနိုင်တော့ဘူးဆိုတဲ့အချိန်ရောက်မှ စက်ပိတ်ပြီး ပျောက်သွားတာ
2026-08-10 01:46:52
8
mi697981
Mi :
YouTube link?
2026-08-10 01:41:23
1
yoonchawhlaing
Nge :
ပြတ်ပြီးမှဘဲတွေ့တော့တယ်ဟေး
2026-08-11 02:54:33
1
nora35521
Nora :
အခုထိတော့အဆင်ပြေသေးပါတယ် အမြဲတော့ညှိနေရတာ တော်သေးတယ်ထုတ်ပြောလို့
2026-08-09 13:31:30
2
concon1218
(null) :
တစ်ခုခုဆို သူ့အတွက် ရှင်ပြဖို့ ပြောပြဖို့ ဘာတွေနဲ့ဖဲဖစ်ဖစ် ဘယ်လိုဘယ်လောက်ဖဲဖစ်ဖစ် သူအတွက်စိတ်အပူအပင်မရှိအောင် နေခဲ့ပါတယ် ဒါမဲ့တစ်ခုခုဆို သူတိတ်ဆိတ်လိုက်တယ် အဆက်သွယ်ဖျက်လိုက်တယ် ဖုန်းပိတ်လိုကိတယ် 🥺😭
2026-08-09 20:07:53
4
livein1999to26
BanBan Chan♒️ :
အရင်ကတော့ ကိုယ်က avoidant ဖြစ်ခဲ့ပြီး အခုကောင်လေးနဲ့မှ ကိုယ်က anxious တယောက် ဖြစ်နေတာ။ ကောင်လေးကတော့ avoidant ဖြစ်ပြီး ကိုယ့်လုပ်ရပ်တချို့ကြောင့် သူ့မှာ စိတ်နာစရာ အရှက်ရစရာလေးတွေ ရခဲ့တယ်။ အခု (၂)ကြိမ်မြောက် break up ဖြစ်နေတာ။ အခုထိ ကိုယ်က anxious person ဖြစ်နေတော့ How I can control mindset and myself? What can I do to rebuild a relationship after a breakup? I'd really appreciate your advice.🥰🥰🥰 Please ❤️❤️❤️
2026-08-10 08:18:50
1
mi.naung1811
mi naung1811 :
အရမ်းခက်ခဲပါတယ်
2026-08-10 19:23:05
1
mt.daily.life.rec
Libra girl ♎️🫩 :
မှန်တယ် ကိုယ်လဲအဲ့လို Rsမျိုးကြုံခဲ့ဖူးတယ် အရမ်းလဲဝမ်းနည်ရခဲ့ရသလို အရမ်းလဲစိတ်ညစ်ခဲ့ရတယ် နောက်ပိုင်းကိုယ့်ကိုယ်ကို အချိန်ပေးပြီး နေတတ်လာအောင်ကြိုးစားခဲ့ပြီး နေလိုက်တာ သူ့ကိုလဲကိုယ်မကြိုက်တဲ့အချက်တွေကိုရှင်းပြပြီး မပြင်ရင်တော့ breakလုပ်မယ်ပြောလိုက်ပြီးမှ ပြန်အဆင်ပြေခဲ့တာ 🥺🥰🥰 အဓိကကတော့ ကိုယ်လိုက်ရင်သူပြေးတယ် ကိုယ်လဲအရမ်းမလိုက်သလို ရပ်လဲမနေဘူး အဲ့လိုမှဘဲ အဆင်ပြေခဲ့တော့တယ်😌😌
2026-08-10 03:39:21
4
kyawtkaykhaing201
Kyawt🦋🦥 :
နောက်ဆုံးတော့ကိုယ့်စိတ်ကိုကိုယ်တိုင်ကုစားရတာပဲ ကိုယ်ကအေးဆေးနေလိုက်ရင်အကုန်ပြန်အဆင်ပြေသွားတယ် သူကိုယ်တိုင်လဲပြောပြတယ်သူကလွတ်လပ်နေရတာကြိုက်တယ်တစ်ခုခုဆိုရင်ခနငြိမ်နေလိုက်ပါတဲ့
2026-08-10 08:16:02
2
mya.khet.ko.ko
Thwethitsar :
Thanks 😘
2026-08-10 00:21:47
1
eilayeilay988
💚💚Eaint Myat Chel🌹🌹🍀🍀🍀 :
ကျွန်မတို့နှစ်ယောက်ပါပဲ
2026-08-10 07:01:49
1
echo_insilence
Melody🎶 :
အခုတော့ ထားသွားပါပြီ။ ကျွန်မ Anxiousသမား🥺
2026-08-10 02:10:19
1
myat.myat.au
🌷🌷 Thae🍀🍀 :
အခု အလိုမျိုး နှစ်ယောက်လုံးဖြစ်နေပါတယ်
2026-08-10 00:38:07
1
atoatoatoatoatoat
Aung Thet Oo :
နောက်ကျမှသိခဲ့တဲ့နေထိုင်မှု့ပုံစံအနေနဲ့မှ ရရှိခဲ့တဲ့အသိတရားပါလား ဘယ်လိုဘဲး ဖြစ်ပါစေကျေးဇူးတင်ပါတယ်ဗျား
2026-08-09 18:19:56
3
irygn98
m9k96 :
အဲ့လို Rsမျိုးကို ပိုင်ဆိုင်ခဲ့ပါတယ်၊ သူက Avoidance ကိုယ်က Anxious အတော်လေး ခက်ခဲခဲ့ပါတယ်၊ လက်ရှိမှာလဲ ကိုယ့်ဘက်ကို သူက Ghost လုပ်ခဲ့တာ 5လဝန်းကျင်ထဲရောက်သွားပါပြီ။ ကိုယ့်စ်တ်ကို မနည်း ဖြေသိမ့်ခဲ့ရပါတယ်၊ တစ်ယောက်ထဲ ခက်ခဲပေမယ့်၊ အတူရှိတုံးကလဲ တစ်ယောက်ထဲအများကြီး အထီးကျန်ခဲ့တာမို့ သတ်သေတာမျိုးအထိတော့ မလုပ်ခဲ့လို့ တော်ပါသေးတယ်။
2026-08-10 16:16:14
1
mi.naung1811
mi naung1811 :
အခုကြုံနေတာပါ
2026-08-10 19:22:54
1
myatphyokoko
😎 𝐊𝐨̃ 𝐌𝐲̈𝐚̊𝐭 😎 :
အတော် လေ့လာထားတာပဲ nice
2026-08-10 01:47:52
1
eieih331
Mai Mai :
ခု အ့လိုဖြစ်နေတာပါ စိတ်ကို အတက်နိုင်ဆုံးထိန်းနေရပါတယ်
2026-08-10 10:49:30
1
pixieyingmwefha0
Pixieyingmwefha🦄 :
အခုတော့ ကပ်လွန်းလို့ ထားခဲ့ပြီ
2026-08-09 18:32:03
1
phyuphyulin8
Phyu 🌼🌼🌼 :
rs သက်တမ်း ၆ နှစ် အထိ သူက anxious ကိုယ်က avoidant ဖြစ်ခဲ့တယ် ၆ နှစ်ကျော်သွားတော့ သူက avoidant ကိုယ်က anxious 🥺🥺🥺
2026-08-09 23:49:25
1
thalonepone0
Itsmeluna :
အဲ့လိုတစ်ယောက်ထဲနေချင်တယ်ဆိုပြီးတခြားတစ်ယောက်နဲ့ကျတီ"တာ"ပြောနေပြီးကိုယ့်ကျစကားနည်း"လေးမှားတာနဲ့မရဘူးကိုယ်တစ်ဖက်တည်းကပဲရှေ့ဆက်ချင်ခဲ့တာပဲထင်တယ်
2026-08-09 21:42:22
1
kyawtkkhaing260
အားမူး :
ဖုန်းဆက်တဲ့အချိန် အလုပ်ကိစ္စနဲ့မို့မအားသေးလို့ မအားသေးဘူးပြီးရင်ပြန်ခေါ်မယ်ပြောရင်တောင် တခြားတယောက်နဲ့ပြောနေတာမလား အသစ်တွေ့နေတာမလားဆိုတာတွေဇွတ်မေးလာရော တကယ်ဆို အရမ်းစိတ်ပျက်ဖို့ကောင်းတယ် အာရုံနောက်လာလို့ တယောက်ထဲနေချင်လို့ပါ Rsခဏနားရအောင်ပြောရင်တောင် နောက်တယောက်ကိုအချိန်ပေးချင်လို့လား အသစ်နဲ့လွတ်လွတ်လပ်လပ်နေချင်လို့လားတွေဘာတွေနဲ့ လာရစ်ရော တကယ် စိတ်ပျက်တယ်
2026-08-11 08:16:39
0
phyoe.zin
🌏5.25.2014💫🍀10.8.8🤫386🤔💔 :
မှန်ပ့
2026-08-10 01:56:58
1
To see more videos from user @freedom.minds.myanmar, please go to the Tikwm homepage.

Other Videos


About