@zinmartun062: @ညို 🤎:သူလှမ်းလာရဲတာသာ သေချာရင် ကျမကရော ... ဘာလို့ဖမ်းဆုပ်မထားရဲရမှာလဲ ... ကျမတို့အတူရှိကြရဖို့အတွက် ဘာတွေခက်ခက်ခဲခဲကျော်ဖြတ်စရာရှိလဲ ... ကိန္နရီကိန္နရာလို ချောင်းခြားနေတာရှိသလား ရှင်မွေးလွန်းနဲ့မင်းနန္ဒာလို မြစ်ကြီးတစ်ခုများခြားနေပါသလား ... ချီးမွမ်း 2 ရက် ကြုံသလို ကဲ့ရဲ့တဲ့ ပတ်ဝန်းကျင်ဆိုတဲ့ စည်းမရှိတဲ့လူတွေကို ကြောက်နေရမှာလား .. အဲ့အမျိုးသားကလေ တကယ်ပန်းပွင့်ကလေးနဲ့တူတယ် ကျမ လက်ခံနိုင်ပါတယ် ဆိုတာတောင် သူတိုးမလာရက်ရှာဘူး ... ထိလွယ်ရှလွယ်နဲ့ တစ်ခုခုဆို ရွဲ့ဖို့လောက်သာသိပြန်တယ် Overthinking ဖြစ်ပေမယ့်ထုတ်ပြောမေးတာမျိုးမရှိဘူး သူထင်သလိုသူတွေးတယ် ရွဲ့တယ် တစ်ယောက်ထဲစိတ်တိုတယ် ကျမကိုယ်တိုင် Overthinking သမားဖြစ်တာတောင် သူ့ကို စိတ်လုံခြုံမှုပေးဖို့ကြိုးစားနေရင်း အရာရာမေ့ရတယ် ... နှစ်တွေအကြာကြီးရှိလာကြတာမဟုတ်ပေမယ့် အချိန်တစ်ခုထိတော့ ကျမတို့ပတ်သက်ခဲ့ကြတယ်မဟုတ်လား .. သံယောဇဉ်လည်းရှိတယ် မေတ္တာလည်းရှိတယ် သည်းလည်းခံနိုင်တယ် နားလည်း လည်နိုင်တယ် ကျမကိုယ် ကျမလောက်မဟုတ်တောင် မလျော့တဲ့မေတ္တာတွေနဲ့ ကျမက အဲ့ဒီအမျိုးသားကို မျက်နှာညှိုးမှာဆိုးတဲ့အထိချစ်တယ် ငိုချင်မိလောက်တဲ့အထိ ... စိတ်လွတ်လက်လွတ်ရယ်မိတဲ့အထိ ဘာကိုမှအပြစ်မမြင်ရက်တဲ့အထိ သံသယမထားရက်တဲ့အထိ ကျမက အဲ့အမျိုးသားကို အသက်တမျှမဟုတ်ရင်တောင် မလျော့လောက်အောင်အထိ သိပ်ချစ်ရတယ် ဒါကြောင့် သူသာ လှမ်းလာဝံ့ပါစေ ကျမကတော့ တွန့်ဆုတ်နေမှာဟုတ်ပါဘူး ... #မူရင်းကိုcrdပေးပါတယ်ရှင့် ##လွမ်းနေပါကြောင်း🥺💗 #feelingsad💔 #fypシ #tiktok
🌺phyu Zin (official 🇲🇲)
Region: MM
Sunday 09 August 2026 15:14:58 GMT
Music
Download
Comments
@phyo'"za^^t💞 :
🥰🥰🥰မမ
2026-08-09 22:27:18
0
MoeLay (ဥက္ကံသူလေး) :
🥰🥰🥰
2026-08-10 04:19:20
1
@🍒<{Moe^Loy~}🍒💥 :
🥰🥰🥰
2026-08-09 17:13:20
1
To see more videos from user @zinmartun062, please go to the Tikwm
homepage.