@euphoria53998: ‎ကိုယ်တို့တွေဟာ မငယ်တော့တဲ့အရွယ်တွေမို့ ‎ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လိုချင်တာတွေချည်းပဲ‎ရွေးပြီးလုပ်ပေးပါ ပြောပေးပါဆိုပြီး တောင်းဆိုလို့ ‎ပြောလို့မရတော့ဘူး။ ‎တစ်ဖက်လူရဲ့အရိပ်အကဲလေးကိုလဲနားလည်ရသေးတယ်နောက်ပြီး ဖြည့်လဲတွေးပေးရသေးတယ်။ ‎ကိုယ့်ကြောင့်သူတစ်ပါးစိတ်အနှောင့်ယှက်ဖြစ်သွားမလားတွေးပူရ ကိုယ်လုပ်လိုက်တဲ့အပြုအမူလေးကြောင့် ကိုယ့်ကိုများငြိုငြင်သွားမလားဆိုပြီးတွေးကြောက်ရနဲ့နောက်ဆုံးကျတော့ကိုယ်ပဲပူလောင်ရတယ်။ ‎ဘာလုပ်မှာလဲ သူတစ်ပါးမပေးချင်တဲ့ ‎ဂရုစိုက်မှုတွေ ချစ်ခြင်းမေတ္တာတွေ ကိုယ်တောင်းမှ ‎ကိုယ်ပြောမှ ပေးမယ်ဆိုရင် ရမယ်ဆိုရင်သိလိုက်တော့လေ။ ကိုယ့်ကိုသာတကယ်ချစ်ရင် စေတနာရှိရင် ကိုယ့်ဘက်က ပြော​နေစရာကိုမလိုတာ ‎သူ့ဘက်ကအလိုက်တသိနဲ့ပေးမှာဖြစ်သလို ‎မအားရင်တောင်မအားတဲ့ကြားကနေ ‎ကိုယ့်အတွက် သူ့ရဲ့အချိန်တွေကိုပါအပိုထပ်ပေးဦးမှာ။ ‎ဒါ့ကြောင့် ကိုယ့်အတွက်အချိန်မရှိတဲ့သူတွေအနားမှာ‎ကိုယ့်ရဲ့အချိန်တွေ တန်ဖိုးတွေကို အကုန်မခံသင့်သလို စျေးအပေါခံပြီးလဲမနေသင့်ပါဘူး။ လူတိုင်း လူတိုင်းမှာ တန်ဖိုးတွေ အကန့်အသတ်တွေဆိုတာရှိတာမို့ ရပ်သင့်တဲ့နေရာမှာရပ်လိုက်တာက အထိအရှပိုနည်းသလို ကိုယ့်တန်ဖိုးကိုကိုယ်သတ်မှတ်လိုက်တာလဲဖြစ်တယ်။ ‎#euphoriaᥫ᭡ #foryou #foryoupage #စာသားယူသုံးရင်crdပေးပါ #ရေးမိသောအပိုင်းအစတချို့ ‎

Euphoriaᥫ᭡
Euphoriaᥫ᭡
Open In TikTok:
Region: MM
Sunday 09 August 2026 18:37:22 GMT
4824
355
24
22

Music

Download

Comments

jimmy.jimmy555
Jimmy Jimmy :
ကူးယူပါရစေရှင့်ကျေးဇူးပါနော်💐💐💐
2026-08-10 06:55:07
2
ahpan48
Ah Pan :
ပြောလည်းမသိသလိုဘဲဆိုတော့ဒီတသက်တော့မမျှော်လင့်တော့ပါဘူး😔
2026-08-10 08:02:09
1
ayemyathwe882
♥️Thwe lay♥️ :
စာသားလေးပေးပါလား
2026-08-10 05:10:06
1
ddomas8
Swe Zin :
ပေါ်တင်ပြောပြပြီး ဂရုစိုက်မှုတောင်းနေတာတောင် ဒီလိုပဲနေတတ်တာတဲ့
2026-08-10 07:17:56
1
chfcj7
Phoo Phoo🥰 :
မှန်လိုက်တာ ကျွန်မ လူ ရွေး မှားတော့မလို့ 💔💔💔💔💔💔💔💔💔💔💔💔
2026-08-10 07:13:38
1
phyu.lay2004
phyu lay :
စာသားလေ းယူပါရစေ crd ပေးပါ့မယ်😊😊😊
2026-08-10 01:15:51
1
user1289496226970panpan
user1289496226970panpan :
2026-08-10 15:20:08
0
user501170327884
ပန်းကလေး🌼 :
စာသာလင့်လေးရနိုက်မလား😊
2026-08-10 16:08:44
0
mie.mie.lay7411
s a l mie(🐹🐹🐹🐹🐹) :
🥰🥰🥰
2026-08-10 01:37:16
1
nuwar294
💕💕nu. war💕💕 :
🥰🥰🥰🥰🥰🥰
2026-08-10 04:56:32
1
To see more videos from user @euphoria53998, please go to the Tikwm homepage.

Other Videos


About