@wetletmyo21.6.2026sunday: (ဓမ္မာစရိယ ၉-ကျမ်းလုံးအောင်) သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ #စေတိယင်္ဂဏအဘိဝံသဘွဲ့များရ ဦးသုမနာဘိဝံသ နဲ့ #ပထမကျော်ဘွဲ့ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ #ပါဠိပါရဂူဘွဲ့များရ မစရဏဉာဏီတို့ အတိတ်ပစ္စုပ္ပန် ပဋ္ဌာန်းဆက်ကံကြောင့် အကြောင်းသာ အပေါင်းပါခဲ့ကြပါတယ်။ လူ့ဘဝဆီ သမုဒယချီလို့ ပြောင်းရွေ့ကာပေါင်းဖက်ခဲ့ကြပေမယ့် ပညာရှင်တွေပီပီ နိုးကြား ကြိုးစား ရိုးသား ရုန်းကန်အားတွေကြောင့် အချမ်းသာကြီးမဟုတ်တောင် လူ့အတန်းမှာ အမှုအစွမ်းတွေနဲ့ နုရွမ်းကာနေနိုင်ခဲ့ကြပါတယ်။ ဖြစ်ထွန်းလာတဲ့ ရင်သွေးတွေကိုလည်း သေချာပြုစုပျိုးထောင်ပေးခဲ့ကြလို့ စီးပွားပညာ သမီးများရွှင်ဖြာ မင်္ဂလာပြည့်ဝ ဘာသာရေးလည်းလှပကြတဲ့ မိသားစုအဖြစ် ရည်တည်နေနိုင်ကြပါတယ်။ ဒကာကြီးနဲ့ ဒကာမကြီးကတော့ ဘဝတပါး ဆုံးပါးသွားခဲ့ကြပါပြီ။ ( ပါဠိပါရဂူဘွဲ့ရတွေ ဝေမျှပေးနေရင်းက လိုင်းပေါ်မှာ တွေ့ရလို့ စုံစမ်းမေးမြန်းကာ ဝေမျှပေးလိုက်ပါတယ်)
✨🕊️𝓑𝓱𝓸𝓷𝓮 𝓷𝔂𝓪𝓷💫🕊️
Region: MM
Sunday 09 August 2026 18:59:31 GMT
Music
Download
Comments
Maharyin :
၃+၆
တနှစ်ထဲပြီးတာဆိုရင်
သိရောမဏိဘွဲ့ရပါတယ် မရဘူးလားးး
2026-08-10 00:26:30
1
Oo Par :
🙏🙏🙏🙏🙏
2026-08-09 23:10:03
0
user6995387943380 :
🙏🙏🙏
2026-08-09 21:44:05
0
ကရုဏာရှင်၊ဓမ္မာစရိယ ဝိနယဝိဒူ :
ဒီပုဂ္ဂိုလ်ထူးနှစ်ဦးစလုံးက
တကယ့်ပညာတတ်ကြီးတွေပါပဲလား။
အလွန်ဂုဏ်ယူလေးစားမိပါ၏။
အရင်ကလည်းပဲ
မန္တလေးမြို့ ဘုရားကြီး
အနောက်မုဒ်မှာ
လူ့ဘဝနဲ့ ငယ် လတ် ကြီး
ဓမ္မာစရိယ ပါဠိပါရဂူ အထိ
အောင်မြင်ခဲ့ဖူးတဲ့ ဒကာမကြီး
ဒေါ်သန်းတင် ဆိုတာ ရှိခဲ့ဖူးပါတယ်။
ယခုတော့ထိုဒကာမကြီးသည်လည်း
ကွယ်လွန်အနိစ္စရောက် သွားသည်မှာ
အနှစ် ၂၀ ခန့်ရှိခဲ့ပါပြီ။
2026-08-10 00:10:35
2
To see more videos from user @wetletmyo21.6.2026sunday, please go to the Tikwm
homepage.