@.1...1.m: Replying to @ksw5890 #ဘကြီးအောင်ညာတယ် =============== ငါ့သား မျှော်လင့်ချက်နဲ့ စိတ်ထား တစ်ထပ်ထဲထားခဲ့ရင် တစ်နေ့ နာကျင်ကြေကွဲ ရတတ်တယ် ။ မျှော်လင့်ချက် ဆိုတာဟာ လက်တွေ့မကျတဲ့ အိမ်မက်ကို ပေးတတ်ခဲ့ကြ ပေမယ့် ။ မျှော်လင့်ချက်တွေ ပျက်စီး သွားတဲ့အခါ ဘဝဆိုတာတွေဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတတ်တယ် ။ တစ်ခါတုန်းက ဖိုးချစ်ဆိုတဲ့ ကလေးလေးဟာ ပန်းပုရုပ်တွေ ထုဆစ်တဲ့ ဘကြီးအောင်ရဲ့ အိမ်ဘေး လမ်းလေးကနေ နေ့တိုင်းကျောင်းတက် ကျောင်းပြန် သွားခဲ့သတဲ့.... တစ်နေ့တော့ ဖိုးချစ်လေးဟာ ဘကြီးအောင်အိမ်ကို ဝင်လာပြီးတော့ ဘကြီးအောင် ဘာရုပ်လေးထုဆစ် နေတာတုန်း မေးတော့... တုနိုင်းမဲ့စရာ အလှအသွင် ပန်းပုရုပ်ဆိုတဲ့ ရွှေစင်ရုပ်ထုလေးပေါ့ ဆိုပြီး ဘကြီးအောင်က ဖြေခဲ့သတဲ့... ဒီလိုနဲ့ ဖိုးချစ်လေးဟာ ရွှေစင် ရုပ်လွှာလေးကို သဘောကျပြီးတော့.. ဘကြီးအောင် ကျနော့ကို ပြန်ရောင်း ဘယ်လောက်ပေးရမလဲ မေးတော့ ဘကြီးအောင်က ရယ်ရယ်မောမောဖြင့် တစ်ကျပ်ကွ တစ်ကျပ်... တစ်ကျပ်ဆိုတာ ဖိုးချစ်ကမသိ ဘယ်လောက်လဲ ဘကြီးအောင်ဆိုပြီး ထပ်မေးတော့... ပြားတစ်ရာကွာ ငါးပြားစေ့ဆိုရင် အပြားနှစ်ဆယ်ပေါ့ ဆိုတော့ ဖိုးချစ်က သဘောပေါက်ပြီး ကျနော်ပိုက်ဆံစုပြီး ပြည့်တာနဲ့ ဘကြီးအောင်ကို လာပေးမယ် ဆိုပြီး ပြောထားခဲ့တယ် ။ ဒီလိုနဲ့ဖိုးချစ်လေးဟာ အလုပ်တွေလုပ် ဆော့ကစားရမဲ့ အချိန်တွေတောင် မကစားတော့ပဲ အလုပ်တွေကြိုးစားပြီး လုပ်နေခဲ့တယ် ။ တစ်နေ့တော့ ကျောင်းကအပြန် ဘကြီးအောင်အိမ် ဝင်ကြည့်တော့ ရွှေစင်ရုပ်လွှာလေးဟာ အတော်လေး ရုပ်လုံးပေါ်နေပြီ... ဖိုးချစ်လေးဟာလဲ ရွှေစင်ရုပ်လွှာ လေးကိုကြည့်ပြီး ဘကြီးအောင် သားစုထားတာ ငါးပြားစေ့ ဆယ်စေ့ ရနေပြီ အဲဒီရွှေစင်ရုပ်လွှာလေး ကို ကျနော်ပိုင်တော့မှာ နော်ဆိုပြီးပြောတော့ ။ အေးပေါ့ကွ ဖိုးချစ်ရ ပိုက်ဆံပြည့်အောင် မြန်မြန်စုလို့ ပြောဆိုလိုက်တယ် ။ ဒီလိုနဲ့ ဖိုးချစ်လေးဟာလဲ အလုပ်တွေ ကြိုးစားလုပ်ပြီး ပြည့်လုနီးပါ အချိန်မှာတော့ ဖိုးချစ်လေးဟာ ပိုက်ဆံထုပ်လေးကို ပိုက် ဘကြီးအောင်ရဲ့ ခြံစည်းရိုးကနေ ချောင်းကြည့် ပြီး စကားပြောဆိုသံတွေကို နားထောင် နေခဲ့တယ် ။ ဒီအချိန်မှာ ဘကြီးအောင်က ဝန်မင်း ထိုင်ပါဗျာ ဒီအချိန်မှာပဲ ဝန်မင်းဟာ ဘကြီးအောင် ဘာရုပ်ထုလေး ထုဆစ် နေတာလဲ မေးတော့ ရွှေစင်ရုပ်လွှာ ပန်းပုလေးလို့ ပြောလိုက်တော့... ဒီလိုဆိုရင် အဲဒီရွှေစင်ရုပ်ထုလေး ကို ကျနော့ကို ပြန်ရောင်းဗျာလို့ ပြောတော့ ဘကြီးအောင်က ဝန်မင်းရယ်ဝယ်စရာ မလိုပါဘူး ။ ဝန်မင်းကို လပ်ဆောင်အဖြစ်နဲ့ ထည့်ပေးလိုက်ပါ့မယ် ပြောသံကြားတော့ ။ ဖိုးချစ်လေးဟာ မျက်ရည်လေးဝဲပြီး ပိုက်ဆံထုပ်လေးကို ကြည့်လိုက် ရွှေစင် ရုပ်ထုလေးကို ချောင်းကြည့်လိုက်နဲ့ တားစီးမကတဲ့ မျက်ရည်တွေဟာ ပါးပြင်ပေါ် စီးကျလာပါတော့ တယ် ။ ဒီအချိန်မှာ ဖိုးချစ်လေးဟာ ငါ... ချစ်မြတ်နိူးတဲ့ အရုပ်လေး ဘကြီးအောင်က ဟိုလူကြီးကို ပေးလိုက်ပြီ ဟော.. ယူသွာပြီ " ဘကြီးအောင် " မတရားဘူး ဘကြီးအောင် ကျနော့ကို ညာတယ် ။ ဆိုပြီးတော့ စိတ်ထဲက ပြောဆိုနေပြီး ဖိုးချစ်လေးဟာ စားလဲဒီစိတ် သွားလဲ ဒီစိတ်နဲ့ စိတ်ရဲ့သောကဒဏ်ရာတွေ ကြားမှာ စိတ်ရဲ့ဖိစီးမူ့ ဒဏ်တွေကြောင့်ပဲ ဖိုးချစ်လေးဟာ ဆုံးပါးသွားခဲ့ရပါသည် ။ #မှတ်ချက် ငါ့... မြေးလေးရေ လောကမှာ လူတွေကို နာကျင်စေတာဟာ ဆုံးရှုံးမှုချည်း မဟုတ်ဘူး... ယုံကြည်ခဲ့တဲ့ မျှော်လင့်ချက် ရုတ်တရက်...ပြိုကျသွားတဲ့.. အသံလည်း..လူတစ်ယောက်ရဲ့ နှလုံးသားကိုတုန်လှုပ်စေနိုင်တယ်... ဒါပေမယ့်ငါ့မြေးလေးရေ အရုပ်တစ်ရုပ်...မရခဲ့လို့... ဘဝတစ်ခုလုံး...ဆုံးရှုံးလိုက်ရဲတာ... တန်သလား... လူတစ်ယောက်..ထွက်သွားလို့ ကိုယ့်ဘဝရဲ့တန်ဖိုးပါ.. ဒါပေမယ့် ပြောင်းလဲသွားတဲ့... ကိုယ့်ဘဝရဲ့ တန်ဖိုးပါ... ပျောက်သွားတာ..ဟုတ်ရဲ့လား.. ဗုဒ္ဓမြတ်စွာဘုရားက အရာရာ... ပြောင်းလဲတတ်တယ်လို့... သင်ပေးခဲ့တယ်... ဒါပေမယ့် ပြောင်းလဲသွားတဲ့.. အရာတစ်ခုကြောင့်... ကိုယ့်နှလုံးသားကို.. အဆုံးအဖြတ်... မပေးဖို့လည်း... သင်ပေးခဲ့တယ် ငါ့မြေးလေးရေ... မျှော်လင့်ချက်တွေ.. ကျိုးသွားနိုင်တယ်... အိပ်မက်တွေ ပျက်သွားနိုင်တယ်... ဒါပေမယ့်... အသက်ရှင်နေသရွေ့.. ဘဝက အခွင့်အရေး...အသစ်တွေကို.. ဆက်ပေးနေဦးမှာပါကွယ်... #ဘကြီးအောင်ညာတယ် .. .. .. ဦးဘုန်း ( ဓာတု )စာပေဟောပြေပွဲမှ မှီငြမ်းပြီး ဖော်ပြထားပါသည် ။ #မိုးမခ ( ဧရာ အနောက် ) #foryou

ကြာညိုသင်း[ Official. ]3.4M
ကြာညိုသင်း[ Official. ]3.4M
Open In TikTok:
Region: MM
Sunday 09 August 2026 22:42:11 GMT
6951
413
19
9

Music

Download

Comments

naing.naing455
Yan naing :
ဘကြီးအောင်ညာခဲ့လို့ ခုလိုဖြစ်ရတယ် 😂😂😂🌹🌹🌹💜💜💜
2026-08-10 08:25:50
1
bhonethantzaw0
Bhone Thant Zaw :
sad.
2026-08-11 13:03:56
0
user5846537401162
လှ ရိတ် ငယ် :
အဲ့သီချင်းကအဲ့လိုလားကြာညိုသင်း
2026-08-10 21:26:41
0
user3302920265921
ထာဝရအလင်းရောင် :
❤️❤️❤️❤️❤️❤️
2026-08-09 23:00:53
1
user94744505473302
လောကကျောင်းသား :
2026-08-10 10:31:53
0
aung.taw.thar
Phyu Phyu Ko :
လွယ်လွယ်လေးပြောတတ်သူအတွက်တော့ဘာမှမဟုတ်ခဲ့ပါဘူး အရာရာအလေးအနက်ထားသူအတွက်တော့ မျှော်လင့်ချက်နဲ့နေ့တိုင်းရှင်သန်နေခဲ့ရတာပါ😔😔🥰🥰🥰
2026-08-09 23:26:26
1
zarnihan.mn1927
December H.M🫶🫰🐜🐜🫰🫶<1927> :
2026-08-10 03:44:54
1
jykghvgc124
jykghvgc-124 :
Ye Zaw ( ကဗျာစာစု ) ပျော်ပါတယ်ဘကြိးအောက်ရယ် ပျော်ရွှင်ခြင်းရဲ့အခြားတဖက်မှာတော့ တမ်းတလွမ်းရစိတ်နဲ့ပေါ့ ဘကြိးအောင်ရယ် 🥺🥺🥺🥺🥺
2026-08-10 00:55:50
3
ayemonmon.aung
ayemonmon aung :
😔😔😔😔😔
2026-08-09 23:07:02
1
ayeaye5576
Soe. Soe :
😭😭
2026-08-11 06:56:12
0
khin.oo968
Khin Oo :
🥰🥰🥰🥰🥰🥰
2026-08-10 11:26:39
0
khin.soe.oo494
Khin Soe Oo :
🥰🥰🥰🥰🥰🥰🥰
2026-08-10 01:18:05
1
userxg22kt4pjd
မောင်ဇော် :
🥺🥺🥺
2026-08-10 02:21:34
1
user5768281636
Ko Pike :
🌹🌹🌹
2026-08-09 23:42:12
1
u.htay.myint105
U Htay Myint :
😁😁😁
2026-08-11 07:06:55
0
To see more videos from user @.1...1.m, please go to the Tikwm homepage.

Other Videos


About