@kittylitter150: အဖေဆုံးတာ 2year ပြည့်တော့မယ် နင့်အဖေ ဆုံးသွားပြီဆိုတဲ့ အသံမျိုးကို အဖေ ဆုံးရှုံးခဲ့ရဖူးသူတိုင်း ကြားခဲ့ရတဲ့ စကားလည်းဖြစ်သလို မကြားချင်ဆုံး စကားတစ်ခွန်းလည်းဖြစ်မှာပါ ။ အဲဒီအချိန်အခိုက်တန့်လေးမှာ ခံစားရတဲ့ခံစားချက်က ငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့ဘူး အသံထွက်ချင်ပေမယ့် ဆွံ့အသွားခဲ့တယ်။ အဲဒါက ဘဝမှာလုံးဝမျှော်လင့်မထားသော တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်းကြောင့်ပဲ ။ ခဏအကြာမှ ကမ္ဘာကြီးမီးလောင်သွားသလို ခန္ဓာကိုယ်တစ်ခုလုံး အပူတွေတက်လာတယ် ။ ဝမ်းခေါင်းထဲကနေ အသံနက်ကြီးနဲ့ အသံတစ်သံထွက်ကျလာခဲ့တယ်လေ အဲဒါက " အဖေ " ဆိုတဲ့စကားတစ်ခွန်းပေါ့ ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး။ အကြောက်တရားတွေလည်းကင်းနေပြီ ။ အဖေ့ကို ဖက်ဖက်ပြီး ငိုကြွေးခြင်းတွေနဲ့အတူ ရင်ထဲမှာ တကယ်အသိတစ်ခုရှိနေတာက နောက်နေ့တွေကစတင်ပြီး လက်ကျန်ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းမှာ ငါဟာ အဖေလို့ခေါ်ခွင့်မရှိတော့တဲ့ သူလို့ . . . ။ အရွယ်ရောက်လာပြန်တော့ အားအင်တွေအပြည့်နဲ့ ထမင်းတစ်လုတ်လောက်တော့ အဖေ့ကိုကျွေးချင်မွေးချင်ခဲ့တယ် . . . ဒါပေမယ့် အဖေက ဘေးနားမှာရှိမနေတော့ဘူးလေ။ သူများသားသမီးတွေ အဖေ အဖေလို့ခေါ်တဲ့အသံကို ကြားရတိုင်း အခုဆိုရင် အဖေဘယ်ဘဝများ ရောက်နေသလဲ ၊ အဖေ့ရဲ့အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင် နှုတ်ခမ်းဝမှာတင် အဖေ လို့တမ်းခဲ့တယ်။ " ရှာရင်လည်းတွေ့ . . . ကြာရင်လည်းမေ့ဆိုတဲ့ " ဒီစကားထဲမှာ အဖေတွေတော့ မပါလောက်ဘူး ထင်ပါရဲ့နော် ။ ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ် ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ မေ့မရသေးလို့လေ မမေ့ပါရစေနဲ့ ။ လက်တွေ့မှာ အဖေ မရှိပေမယ့် ရင်ထဲမှာတော့ အဖေ့ကိုဖက်တွယ်ထားပါရစေ။ အဖေလို့လည်းခေါ်ခွင့်မရှိတော့ပေမယ့် စိတ်ထဲကအလိုရှိတဲ့အခါ တမ်းတပါရစေ။ အဖေကိုဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း အဖေ့ကိုလေ ရူးမိုက်စွာနဲ့ပဲ မျှော်နေတတ်ကြတယ်ဆိုတာပါဘဲ...
K☘️
Region: MM
Monday 10 August 2026 00:57:46 GMT
Music
Download
Comments
than dar :
🥹🥹🥹🥹🥹😭
2026-08-22 06:56:08
0
ya min khaing :
ငါဆို အဖေဆုံးတာနှစ်20ရှိပြီ
အဖေဆုံးတုန်းက3နှစ်သမီးအရွယ်ဆိုပေမဲ့ အခုထိအဖေ့မျက်နှာအဖေ့စကားသံ မှတ်မိနေတုန်းပဲ
2026-08-21 23:51:04
15
🤬aurelia🤪 :
အဖေလို့မခေါ်ရတာ2နှစ်နဲ့2လတောင်ပြည့်တော့မယ်😔😔😔
2026-08-21 06:17:13
6
🌿 🅺🆈🆆🅰🆈🌿 :
အဖေးယေ😭၈နှစ်ရှိပြီမနေ့တနေ့ကတိုင်းပဲပြန်လာပေးလို့ရမလား🙏🤧
2026-08-21 18:30:11
4
San San wai. :
လူရယ်လို့စဖြစ်လာကတည်းကအဖေဆိုတာခေါ်ခွင့်မရခဲ့တဲ့နာမ်စားလေးပါ😥
2026-08-22 01:41:30
2
Hsu Nandar ♎️ :
သတိရတယ်ဖေကြီးရယ် ၁နှစ်ကျော်ပြီအဖေရယ် 😞အိမ်မက်တွေလည်းလာမပေးတော့ပါ့လားအဖေရယ် အဖေစိတ်ချလက်ချထားနိုင်သွားပြီနေမှာ သမီးလိမ္မာနေပါပီအဖေရယ် ကိုယ်ပိုင်အလုပ်လေးလုပ်နိုင်ဖို့ကြိုးစားရအူံးမယ်အဖေရယ်🥹
2026-08-21 15:39:29
2
Swan Thurein Lwin :
သတိရတယ် တရက်မှ မေ့မရဘူး အဖေ့ကို ညတိုင်း အိမ်မက် မက်တယ် အိမ်မက်မက်တိုင်း ညတိုင်း အဖေနဲ့ အမြဲ တွေ့နေရတော့ မနက်ကျ အိပ်ယာထ တော့ အပြင်မယ် အဖေမရှိတော့ဘူး သမီးတို့ ဘဝထဲကနေ အဖေက အပီးတိုင် နှုတ်ဆက်သွားတာ ၁ လ ကျော်ခဲ့ပါပြီလေ လွမ်းတယ်အဖေရယ်
2026-08-21 16:29:19
5
♋💙K. K. H💙♋ :
အမေ ဗိုက်ထဲက ထွက်လာတဲ့က ကိုယ့်ဟာ အဖေဆိုတဲ့ နာမ်စာကို ခေါ်ခွင့်မရခဲ့ဘူး☺️အဖေဆိုတာ ဘယ်လို့မျိုးလဲဟင့်☺️☺️
2026-08-21 10:27:12
2
💋 Phoo Pwin Wai 💋 :
15နစ်ရှိတော့မယ်😭😭😭
2026-08-18 12:35:37
2
zin lay :
အဖေလဲမရှိတော့ဘူးအမေလဲမရှိတော့ဘူးနွေးထွေးတဲ့အိမ်လေးလဲမရှိ တော့ပါဘူးနောက်ဘဝဆိုတာရှိလို့လူပြန်ဖြစ်ခဲ့ရင်မိဘစုံညီနဲ့အကြာကြီးအတူနေခွင့်ရပါစေ🙏🙏😔
2026-08-21 01:06:22
4
CWL🤎🤎🤎 :
အလုပ်မှာအဆင်မပြေလို့ ph ပြောတဲ့အခါအသံမကောင်းရင် အဆင်မပြေရင် ပြန်သာလာခဲ့သားရာ အဖေရှိတယ်တဲ့ ခုအဆင်မပြေတဲ့အခါ ပြန်ခေါ်မဲ့ ဖေဖေမရှိတော့ ပိုပြီး အဆင်မပြေဘူး ကိုယ့်ဖေရယ် 🥺
2026-08-22 00:09:34
2
786🥰 :
ဘဝတူ
2026-08-22 08:50:02
0
Sai Wai Yan :
စနေနေ့လည်ပိုင်းအလုပ်ကပြန်ထမင်းစားနေချိန်မှာ ညမလေးဖေကြီးဆေးရုံတင်ထားရတယ်အမြန်လာခဲ့ ၃နှစ်အရွယ်ကလေးလေးကိုရေတွင်းထဲပြုတ်ကျလို့ကယ်ရင်းန့ဲအဖေ့နှလုံးဖောက်သွားတာတ့ဲ ဖေကြီးကောင်းတ့ဲဘဝရောက်မှာသမီးသိတယ်ဖေကြီးရေ သူတပါးအသက်ကိုကယ်ရင်းန့ဲ အဖေ့ဘဝကူးသွားတာ🙏🙏🙏
2026-08-22 03:41:19
1
Sandar :
အဖေလို့မခေါ်ရတာ.8 နှစ်တောင်ရှိခဲ့ပြီ တခါတလေအကျယ်ကြီးအော်ခေါ်ချင်တယ် ချစ်တယ် အဖေရယ် အရမ်းလဲ လွမ်းတယ် 😥😥😥
2026-08-22 08:46:17
0
May Thandar Htay🌼 :
4yr ကျော်ပြီအပါရယ်🥺
2026-08-21 17:08:31
1
"T" :
တူတူပါပဲ အချိန်တိုင်းခေါ်ချင်ခဲ့ပေမဲ့ ခေါ်ခွင်ြမရှိတော့ဝူးလေ 🥺🥺
2026-08-21 12:41:37
1
🌷🐷🐷🐷🌷 :
14နှစ်ရှိခဲ့ပီ 😌😌😌
2026-08-17 06:38:01
1
Thin Thin Myat :
လွမ်းတယ်အဖေ
2026-08-22 09:01:01
0
Nant A Htwe :
အဖေလို့ ေခါ်ခွင့်မရတာ 4လပြည့်တော့မယ် 😔သတိရတယ်ဖေဖေ😥
2026-08-22 08:01:01
0
အပြုံးသူလေး :
ဖေဖေကဆုံးတာမဟုတ်ပေမဲ့ထွက်သွားတာကြောင့်အဖေဆိုတဲ့စကာလေးတစ်ခွန်းကိုခေါခင့်မရှိတော့ဘူး
2026-08-22 08:33:52
0
🍒𝓛𝓪 𝓦𝓲𝓷 𝓜𝓪𝔂🍒 :
ကိုယ်တွေအနှစ်၂ ၀ကျော်ပြီ😌
2026-08-21 10:36:19
1
Aye Thandar Win :
စာသာယူမယ်ရှင်
2026-08-22 08:25:18
0
Txae Tone :
3နှစ်တောင်ကျော်သွားပြီ အဖေ😭😭
2026-08-22 08:03:47
0
Candy Love :
၄နှစ်ပြည့်တော့မှာပါ
2026-08-22 04:14:29
0
To see more videos from user @kittylitter150, please go to the Tikwm
homepage.