@shoyo1__1: “ဘယ်မိန်းကလေးနဲ့မှ မပြောရဘူး။ ငါ့တစ်ယောက်ထဲနဲ့ပဲ ပြောရမယ်။ ဘယ်မိန်းကလေးနဲ့မှ မပတ်သက်ရဘူး။ ငါ့တစ်ယောက်ထဲပဲ ရှိရမယ်” ဆိုတာမျိုး ကြားဖူးကြမှာပါ။ မိန်းကလေးဘက်ကကြည့်ရင် ဒီလိုတောင်းဆိုတာကို နားလည်လို့ရပါတယ်။ ကိုယ့်ချစ်သူက တခြားမိန်းကလေးနဲ့ အီစီကလီလုပ်နေတာ၊ ဖောက်ပြန်နေတာမျိုးဆိုရင်တော့ မကြိုက်တာကို ပြောပိုင်ခွင့်ရှိတယ်။ အဲ့ဒါက relationship ထဲမှာ boundary ထားတာလို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်ရမယ်။ လူတိုင်းမှာ သူငယ်ချင်းဆိုတာ ရှိပါတယ်။ တအားကြီးမရင်းနှီးပေမဲ့ လိုအပ်တဲ့အခါ အချက်အလက်မေးရတာ၊ စကားပြောရတာ၊ လူမှုရေးအရ ပေါင်းသင်းဆက်ဆံရတာတွေ ရှိတတ်ပါတယ်။ အတန်းထဲမှာ မိန်းကလေးတစ်ယောက်ဆီက စာအကြောင်းမေးတာ၊ အလုပ်တစ်ခုအတွက် ဆက်သွယ်တာ၊ သင်တန်းတစ်ခုတည်းမှာ Senior/Junior ဖြစ်လို့ သိကျွမ်းနေတာမျိုးကို “အဲ့မိန်းကလေးနဲ့ ပတ်သက်နေတယ်” လို့ သတ်မှတ်လို့မရပါဘူး။ Online မှာလည်း မိန်းကလေးသူငယ်ချင်းတွေ Friend ဖြစ်နေတာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း စကားတောင်မပြောဖြစ်ဘဲ Friend အဖြစ်ပဲ ရှိနေတာမျိုးလည်း ရှိပါတယ်။ တစ်ဖက်ကလည်း သူ့ချစ်သူနဲ့သူ ရှိနေပြီးသား တွေလဲရှိကျတာပဲ။ အထူးသဖြင့် ကိုယ်က အဖွဲ့အစည်းတစ်ခုထဲမှာ အလုပ်လုပ်ရတာ၊ သင်တန်းတစ်ခုတည်းတက်ရတာ၊ နေ့တိုင်းမဟုတ်ရင်တောင် အပတ်တိုင်းတွေ့နေရတာမျိုးဆိုရင် လူမှုရေးအရ သိထားရတာက သဘာဝပါ။ ဒါကို “သူနဲ့မပတ်သက်နဲ့၊ Unfriend လုပ်” ဆိုပြီး လူတိုင်းကို လိုက်ဖြတ်ခိုင်းတာမျိုးတော့ သေချာစဉ်းစားသင့်တယ်။ ကိုယ်က ချစ်လို့ သူ့သဘောအတိုင်း လိုက်လုပ်ပေးပြီး သူပြောတဲ့အတိုင်း အကုန် Unfriend လုပ်လိုက်တယ်ဆိုပါစို့။ နောက်ပိုင်း အကြောင်းမတော်လို့ သူက ကိုယ့်ကိုထားသွားရင်၊ ဒါမှမဟုတ် ဖောက်ပြန်သွားရင် ဘယ်သူနစ်နာမလဲ? ကိုယ်ပဲ နစ်နာမှာပါ။ ဖြတ်လိုက်တဲ့အဆက်အသွယ်တွေ ပြန်မရတော့တာရှိမယ်။ ကိုယ်သိတဲ့လူတွေ နည်းသွားမယ်။ လူမှုအသိုင်းအဝိုင်းမှာ ကိုယ်တစ်ယောက်တည်းလို ဖြစ်လာနိုင်တယ်။ အသက် ၂၀ ကျော်၊ ၃၀ အရွယ်ဆိုရင်တော့ ကိုယ့်ဘဝကို ကိုယ်တည်ငြိမ်အောင် စီမံနိုင်ပြီဆိုတော့ အခြေအနေတစ်မျိုးပါ။ ဒါပေမဲ့ ၁၇၊ ၁၈ လောက်ဆိုရင် အခုမှ လူငယ်ဘဝကို စတင်တည်ဆောက်နေတဲ့အချိန်ပါ။ အဲ့ဒီအချိန်မှာ Relationship တစ်ခုကြောင့် ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ လူမှုရေးအဆက်အသွယ်တွေ၊ ကိုယ့်ဘဝရဲ့ အခွင့်အရေးတွေကို အကုန်စွန့်ပစ်လိုက်တာက ကိုယ့်အတွက်ပဲ ပြန်ထိခိုက်နိုင်ပါတယ်။ အဲ့တော့ မိန်းကလေးတွေကို တစ်ခုပဲ မေးချင်တယ်— ကိုယ်ကရော တစ်ဘဝလုံး သူ့ကိုချစ်ပေးနိုင်မှာလား? ပြီးတော့ သူက ကိုယ့်အတွက် ဒီလောက်အထိ စွန့်လွှတ်ပေးဖို့ တန်တဲ့လူဖြစ်အောင် ကိုယ်ကရော နေနိုင်ရဲ့လား? ကိုယ်ကျတော့ ဒီလူကိုလွမ်းလိုက်၊ ဟိုလူကိုလွမ်းလိုက်နဲ့ ကိုယ့်ဘက်က မတည်ငြိမ်ဘဲ သူ့ဘက်ကပဲ အရာအားလုံး စွန့်လွှတ်ပေးဖို့ တောင်းဆိုနေရင်တော့ မမျှတဘူး။ Relationship ဆိုတာ “ငါ့အတွက် အကုန်ဖြတ်” ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ နားလည်မှုနဲ့ ကိုယ့်ရဲ့ boundary ကိုယ်ထားတတ်တာ ပိုအရေးကြီးတယ်။ ချစ်လို့ အရာအားလုံးပေးလိုက်တာက မမှားပါဘူး။ ဒါပေမဲ့ ကိုယ့်ဘဝတစ်ခုလုံးကိုတော့ ဘယ်သူ့အတွက်မှ မစွန့်ပစ်သင့်ဘူး။#fyp

ꜱʜᴏʏᴏ
ꜱʜᴏʏᴏ
Open In TikTok:
Region: MM
Monday 10 August 2026 01:55:19 GMT
8297
976
5
88

Music

Download

Comments

glasses091
စောက်ရေးမပေးခံရတဲ့ကောင် :
တန်ဖိုးရှိတဲ့ငါးတစ်ကောင်ဆိုပေမယ့်တန်ဖိုးမထားခံရရင်ကော
2026-08-10 02:51:15
1
hkant.2010_born
𓆩𝐌𝐢𝐧 𝐇𝐤𝐚𝐧𝐭 𝐀𝐮𝐧𝐠𓆪 :
အရမ်းမိုက်တေဗျာစာသားတွေကထိတယ်
2026-08-11 09:31:33
0
To see more videos from user @shoyo1__1, please go to the Tikwm homepage.

Other Videos


About