@laelae435: စိတ်ရှုပ်တာကို မခံနိုင်ဘူး။ အိပ်ရေးမဝရင်လည်း စိတ်ရှုပ်တယ်။ အသံတွေဆူနေရင်လည်း စိတ်ရှုပ်တယ်။ လူများလွန်းရင်လည်း စိတ်ရှုပ်တယ်။ ကိုယ်တွေးထားသလိုဖြစ်မလာခဲ့ရင်လည်း စိတ်ရှုပ်တယ်။ စိတ်ရှုပ်လာပြီဆို ဘယ်သူ့ကိုမှ မတွေ့ချင်တော့ဘူး။စကားတွေလည်း မပြောချင်တော့ဘူး။ ချစ်တဲ့သူတွေကိုတောင် စိတ်ရှုပ်လာရင် စကားမပြောချင်တော့ဘူး။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်တောင် စိတ်ရှုပ်စရာကြီးလို့ မြင်မိတယ်။ စိတ်ရှုပ်တာမခံနိုင်လို့ ကိုယ့်ကိုထားသွားခဲ့ကြသလို၊ စိတ်ရှုပ်မခံနိုင်လို့ ကိုယ်က ထားခဲ့တာတွေလည်းရှိတယ်။ အဲ့လိုနဲ့ပဲ တချို့လူတွေ၊ တချို့အရာတွေက ကိုယ့်အနားကနေ တဖြည်းဖြည်းဝေးသွားကြတာများတယ်။ #fyp #viral #lyricsvideo #foryoupage

lae lae
lae lae
Open In TikTok:
Region: TH
Monday 10 August 2026 05:43:09 GMT
121
11
1
1

Music

Download

Comments

userapp3t6aghb
H🐹 :
စာသားလေးcopyပေးပါလားရှင့်
2026-08-11 00:43:51
0
To see more videos from user @laelae435, please go to the Tikwm homepage.

Other Videos


About