@lwin.aung538: အဖေဆိုတဲ့ လူကြီး *************** ဖတ်ကြည့်နော်... #သား သမီးလေးတွေ အမိ ဝမ်းတွင်းကနေ လူ့လောကထဲ "စ"ရောက်တဲ့နေ့မှာ အပျော်ဆုံး လူက အဖေဆိုတဲ့ လူကြီးပေါ့... မီးဖွားခန်းမှာ အမေရဲ့အော်သံတွေကြား စိုးရိမ်ပူပန်နေတဲ့ လူက အဖေဆိုတဲ့ လူကြီးပေါ့... အမေရဲ့အော်သံလေး တိတ်သွားချိန် အူဝဲလို့ အော်သံလေးကြားလိုက်အခိုက် အပြင်က လူတစ်ယောက် အပြုံးပန်းတွေဝေ ဝမ်းသာမျက်ရည်တွေ ကြွေနေတဲ့လူက အဖေဆိုတဲ့ လူကြီးပေါ့... သား သမီး မျက်နှာလေး မြင်တွေ့ခိုက်ဝယ် ငါ့သားလေး ငါ့သမီးလေး လှလိုက်တာကွာ ချောလိုက်တာကွာ လူထွားကြီးပါလားဟလို့ ဆိုပြီး ဝမ်းခေါင်းသံပါအောင် အော်ပြောနေတဲ့ လူက အဖေဆိုတဲ့ လူကြီးပေါ့... အဖေဆိုတဲ့ လူကြီးက သား သမီးအပေါ် အပြင်ထုတ် မချစ်တတ်ပေမဲ့ အဖေဆိုတဲ့ လူကြီးရင်ထဲမှာ နှလုံးသားထဲမှာတော့ သား သမီးတွေအပေါ် တုန်နေအောင် ချစ်တတ်တဲ့သူပါ။ တစ်နေကုန် အလုပ်လုပ် မှောင်ရီပျိုးမှ ပြန်လာ သားငယ် သမီးငယ်လေးတွေ အိပ်စက်နေတဲ့အချိန်မှ ရောက်လာတော့ မိန်းမ... သားလေး အိပ်ပြီလား-? သမီးလေး အိပ်ပြီလား-? အနားကိုကပ် အနမ်းလေးပေး ချောလိုက်တာကွာလို့ ပြောပြီး အမောတွေ ပြေနေတာ အဖေဆိုတဲ့ လူကြီးပါ။ အဲဒါ အဖေဆိုတဲ့ လူကြီးရဲ့ အချစ်တွေပေါ့... အဖေ့ရဲ့မေတ္တာတရား ကြီးမားပါတယ်။ အရွယ်ရောက်လို့ သား သမီးတွေ အိုးအိမ်တွေကျ ခွဲခွာသွားခဲ့ပေမဲ့ အဖေဆိုတဲ့ လူကြီးကတော့ သားလေး သမီးလေးကို စိတ်မချ စိတ်ပူနေတုန်းပါပဲ။ တချို့က အဝေးမှာ အလုပ်လုပ်ကြ အဖေဆိုတဲ့ လူကြီးက အဆင်ပြေရဲ့လား-? နေကောင်းလား-? စကားတွေအများကြီး မပြောပေမဲ့ သား သမီးလေးတွေတော့ စိတ်ပူနေတတ်တဲ့ အဖေပါ။ ဒါကြောင့်... ဘယ်ဌာနေ ဘယ်ကိုပဲရောက်ရောက် အမြဲလိုလို ဖုန်းလေးဆက်ပါ။ အဖေ့ကို စကားတွေအများကြီး ပြောပါ။ အဖေဆိုတဲ့ လူကြီးက မျှော်နေမှာတော့ အမှန်ပါဗျာ... သား သမီးတွေ အသက် ဘယ်လောက်ရှိရှိ အဖေဆိုတဲ့ လူကြီးရင်ထဲမှာ စိတ်ထဲမှာ အမြဲတမ်း ကလေးလို မြင်တုန်းပါပဲ။ သံယောဇဉ်ကြိုး ခိုင်မာတိုးလို့ အဖေရဲ့ကျေးဇူးတွေ ရှိတုန်းချိန်ခိုက် အတတ်နိုင်ဆုံး ကြိုးစား ဆက်နိုင်ကြပါစေ... မူရင်း-Credit- U..Kyaw.Zin Htay(တောင်တွင်း) မေတ္တာဖြင့်... အရှင်ပုည( ဝကုန်း ) မဟာအောင်မြေကျောင်းတိုက် နေပြည်တော် တပ်ကုန်းမြို့

အရှင်ပုည( ဝကုန်း )မဟာအောင်မြေ
အရှင်ပုည( ဝကုန်း )မဟာအောင်မြေ
Open In TikTok:
Region: MM
Monday 10 August 2026 11:29:55 GMT
33226
2075
105
523

Music

Download

Comments

thant.zin.zaw.g.7
😘Ko Thant Zin😘 :
ပြန်ယူသုံးခွင့်ပြုပါဘုရား
2026-08-12 15:51:10
2
cho35300
cho :
🙏🙏🙏🙏
2026-08-10 12:23:39
1
user230900114
Min Min :
ဟုတ်တယ်
2026-09-24 12:43:29
1
aung.bhone.khant066
Aung Bhone Khant :
ကြိုက်လိုက်တာ စာသားတွေ
2026-08-19 20:22:47
1
aedt.phone9
ထွန်းထွန်းဆွေ :
ဘဝဆိုဖေဖေမေမေပါဗျာ🙏🙏🙏
2026-08-10 13:38:31
1
u.thein.myaing7
U Thein Myaing :
နောက်ကွယ်မှာချစ်ဖေဖေကြီးတွေအများကြီးရှိပါတယ်ဗျာ
2026-08-17 13:32:08
1
u.pein39
U Pein :
good
2026-10-01 19:09:02
0
thaung.win55
Thaung Win :
သိပ်ကောင်းအရမ်းကောင်းစပါယ်ရှယ်ကောင်းတဲ့သီးချင်းလေးပါ
2026-09-30 13:06:21
0
naingko2425
Naing Ko :
hi
2026-09-27 08:17:46
0
user384686470
ဖိုးဖိုး :
အဖေမအိုချင်ဘူ သားသမီးတွေကို အလုပ်ကြွေးချင်တယ်
2026-10-03 04:51:44
0
moemyint4435
တော် တော် တတ်နေတယ်ပေါ့ :
live
2026-09-29 21:26:48
0
user4075786822476
😊😊စမိုင်းလေး😊😊[ ဟိုပင် ] :
ကျေးဇူးပါ့ဘုရား
2026-09-14 16:05:01
1
kyaw.mayint2
ချစ်ခြင်းမဲ့နှလုံးသား :
🥰🥰🥰🥰
2026-10-01 02:50:54
0
aung.min.thein435
Aung Min Thein :
Yes
2026-09-26 14:15:07
0
user3985094676
Tun Win :
❤️
2026-09-26 15:05:35
0
thant55344
KO THANT ZIN :
👍🤍🌼🤩🤧 ခေတ်စနစ်တွေပြောင်း အဖေဆိုတာမိသားစုအတွက် ဘယ်လိုကောင်းခဲ့တာလဲ မသိ တော့ ဘူး
2026-09-27 07:52:09
0
aedt.phone9
ထွန်းထွန်းဆွေ :
2026-08-10 13:38:56
0
kyaw.htay0255
Kyaw Htay :
2026-09-27 12:47:02
0
umaung755
U Maung :
မဂ်လာပါ
2026-08-17 10:03:27
1
user6138461610807
💝💝 :
2026-08-11 06:51:11
1
user9358474338433
user9358474338433 :
သိတ်ကိုမှန်ပါဘုန်းဘုန်း🤣🤣🤣
2026-09-19 09:24:29
1
uthannaing6677
U Than Naing :
၊👍👍👍👍👍👍👍👍👍👍👍👍👍❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️💝💝💝💝💝💝💝💝💝💝💝💝💝
2026-09-26 13:18:26
0
umaung755
U Maung :
👍🥰🥰🥰👍👍
2026-08-11 16:08:35
1
sky63058
Sky :
မှန်ပါဘုရားအဖေ့ကိုအရမ်းလွမ်းတာဘဲ
2026-08-10 13:49:43
0
To see more videos from user @lwin.aung538, please go to the Tikwm homepage.

Other Videos


About