@pyaepyae1052002: #မိန်းကလေးတစ်ဦးဟာ အဖေရကံကောင်းရင်ကောင်း မဟုတ်လို့ လက်တွဲဖော်ရကံကောင်းရင် ဘဝခရီးကို တစ်ဝက်လောက် သက်သောင့်သက်သာနဲ့ လမ်းလျှောက်ခွင့်ရနိုင်တယ်။ ပြောရရင် သူ့အတွက် အဖေက ပုခုံးတစ်ဖက်မဖြစ်ပေးနိုင်တဲ့အခါ. .... သူရွေးချယ်ခဲ့တဲ့အမျိုးသားကရော သူ့လက်တစ်ဖက်အဖြစ် ရှိနိုင်ခဲ့လား။ အဖေလျစ်လျူရှုခဲ့တဲ့ဆန္ဒတွေကို သူ့လက်တွဲဖော်က ဖြည့်ပေးလား။ အဖေမပေးတဲ့မေတ္တာကို သူ့လက်တွဲဖော်ဆီက ရလား။ ဒါဆိုရင် အဲ့အမျိုးသမီးက အစမှာပိုပင်ပန်းခဲ့ပေမယ့်. ....ဘယ်လောက်ပဲ ဒဏ်ရာအနာဆွေးဟောင်းတွေရှိနေပါစေ၊ အဲ့အပေါ်ပန်းပွင့်လေးတွေ ထိုင်ဆွဲပေးရင်း ဖုံးအုပ်ကာကွယ်ပေးခြင်း ခံရတာနဲ့တူတယ်။ "အနာရှိပေမယ့် ဆေးရှိတယ် " အကယ်၍ သူ့လက်တွဲဖော်က မကောင်းဘူးဆိုရင်လည်း အချိန်မရွေးသူမဟာ အိမ်ကိုပြန်ပြေးလိုက်တာနဲ့. ....ဘယ်လောကဓံမှ ငါ့သမီးကို မထိနဲ့လို့ အကာအကွယ်ပေးမယ့် အေဖ၊ အင်အားရှိတဲ့အဖေ၊ အဆင်သင့်ဖြစ်နေတဲ့အဖေကို တွေ့ခွင့်ရနိုင်တယ်ဆိုရင် အဲ့အမျိုးသမီးဟာလည်း ဘယ္သြားသြား ခလုတ်တိုက်ပြီး ငိုပြန်လာတာနဲ့ ချော့မြူစိုးရိမ်ပေးခြင်းခံရတဲ့ ကလေးနဲ့တူတယ်။ " အနာရှိပေမယ့် ဆေးရှိတယ် " မဟုတ်ပဲ ဘဝမှာ ချစ်ပေးတဲ့အဖေရော လက်တွဲဖော်ကောင်းကိုပါ မရခဲ့တဲ့အမျိုးသမီးကတော့. ...ကိုယ်လဲရင် ကိုယ်ထ၊ ကိုယ့်ဒဏ်ရာ ကိုယ်ကုရင်း. ..... နောက်ဆုံး မခံနိုင်တော့ဘူးလို့ တိတ်တိတ်လေး ချောင်မှာသွားကပ်မှိုင်နေရင်တောင် ဘယ်သူကမှ အရေးတယူ လာထူပေးခြင်းမခံရတဲ့ မေတ္တာတရားရဲ့ ဘေးထွက်ဆိုးကျိုးလို လူဖြစ်တာပါပဲ။ "အနာပဲ ရှိတယ်၊ ဆေးမရှိဘူး " ဖြစ်ရင် ကိုယ့်အနာနဲ့ပဲ ကိုယ်ပြန်ကုရတယ်။ ပိုသန်မာလာမှာပါလို့ ခဏခဏ အားပေးခြင်းခံရပေမယ့် ကိုယ့်ဘာသာ ကုန်းရုန်းထနေရတာတော့ ခံစားချက်အားလုံးကို ကိုယ်ကိုယ်တိုင်ပဲသိတာမဟုတ်လား ။ ♥#fypシ゚viral @pyaepyae720

雨盈☘️
雨盈☘️
Open In TikTok:
Region: MM
Monday 10 August 2026 11:41:57 GMT
4818
335
11
47

Music

Download

Comments

theintmay3
🌸Smile💙 :
ဒါတကယ်ပါနော် ကိုယ်ကတော့ ဒီလိုလူမျိူးရတော့မှထပ်ထားတော့မယ်ဆုံးဖြတ်ထားလိုက်ပီ💕 မသေချာ မပျော်ရွှင်ရတဲ့အရာတွေကြားပိတ်မိပီး မနာကျင်ချင်တော့။☺️✅
2026-08-11 08:58:44
1
jordan.shine4
Sny🍋🥑 :
ဘာတခုမှမကောင်းခဲ့ဘူး🥺
2026-08-12 06:02:39
1
bo.bo92302
☘️Bo yit🍄 :
ကိုယ့်အတွက် အခိုင်အမာပြောနိုင်တာကတော့ အဖေရကံကောင်းတာပါပဲ🥺
2026-08-12 14:34:00
1
lovecome3
ညှို့ :
ဘာတစ်ခုမှကံမကောင်းဘူး
2026-08-11 17:23:03
1
jolie4815
Jolie :
ဖခင် ကံတော့ မကောင်းဘူး အမျိုးသားကံကတော့ Excellent
2026-08-11 14:33:54
1
kaythweoo451
🍁ခင်မွန်ရွာသူလေး🍁ကေကေ🥰 :
ဖေကြီးရတာတော့ကံကောင်းပေမဲ့ကန် တာတော့ကံမကောင်းပါ
2026-08-12 14:43:12
1
ayethirimoe361
AyeThiriMoe :
😅😅😅
2026-08-10 15:04:29
0
thalthal.2001
🍀Thal Thal🍀♓️ :
@𝘞𝘢𝘪 𝘠𝘢𝘯 𝘏𝘵𝘶𝘵 ကိုကို့ကိုရခဲ့လို့ 🤭❤️❤️
2026-08-11 11:07:54
1
To see more videos from user @pyaepyae1052002, please go to the Tikwm homepage.

Other Videos


About