@ubt_bky01: လောကမှာ အဆိုးဆုံးက အစကတည်းက မဆုံခဲ့ရတာ မဟုတ်ဘူး။ ဆုံတွေ့ခွင့်ပေးပြီးမှ၊ မြတ်မြတ်နိုးနိုး ချစ်ခွင့်ပေးပြီးမှ... တစ်သက်လုံး အတူရှိခွင့်ကျတော့ ကံကြမ္မာက ချန်ထားခဲ့တာ...။ ဆရာကြီး လယ်တွင်းသားစောချစ် ပြောဖူးသလိုပေါ့... "တစ်ခါတလေ ကံကြမ္မာက ဆုံတွေ့ခွင့်ပဲ ပေးခဲ့ပြီး၊ တစ်သက်လုံး အတူရှိခွင့်ကျတော့ ချန်ထားခဲ့ပြန်ရော" တဲ့။ နှလုံးသားချင်း ဘယ်လောက်ပဲ နီးစပ်ခဲ့ပါစေ၊ ကံဇာတာချင်း မပါတဲ့အခါ နောက်ဆုံးတော့လည်း သူစိမ်းတွေထက် ပိုဝေးတဲ့ လူတွေ ဖြစ်သွားကြရတာပါပဲ။ တစ်ယောက်ကိုတစ်ယောက် မချစ်လို့ လမ်းခွဲခဲ့ကြတာ မဟုတ်ဘဲ၊ ရှေ့ဆက်ဖို့ လမ်းမရှိတော့လို့၊ ကံကြမ္မာက အတူရှိခွင့်မပေးတော့လို့ ကျောခိုင်းခဲ့ရတဲ့ ခံစားချက်က တွေးကြည့်ရုံနဲ့တင် ရင်ဘတ်တစ်ခုလုံး အက်ကွဲမတတ် နာကျင်ရပါတယ်။ ဘဝရဲ့ အမှတ်တရတွေထဲမှာ သူ ရှိနေခဲ့ပေမယ့်၊ ဘဝရဲ့ အနာဂတ်တွေထဲမှာတော့ သူ မရှိနိုင်တော့ဘူးဆိုတဲ့ အသိက နေ့ရက်တိုင်းကို ဖြတ်သန်းရတာ အထီးကျန်ဆန်စေတယ်။ ဆုံတွေ့ခွင့်ရခဲ့တာကိုပဲ ကျေးဇူးတင်ရမလား၊ တစ်သက်လုံး အတူရှိခွင့် မရတာကိုပဲ ဝမ်းနည်းရမလား... မရေရာတဲ့ မေးခွန်းတွေနဲ့ပဲ ငါတို့ရဲ့ ဇာတ်လမ်းလေးက ပြီးဆုံးသွားခဲ့ရပြီ။ အဝေးကနေပဲ... မင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးရင်း ဘဝကို ဆက်လျှောက်ရတာထက် ပိုရက်စက်တဲ့ အချစ်မျိုး ရှိဦးမလား... 💔 #ubt_bky01 #လယ်တွင်းသားစောချစ် #စာတိုချစ်သူ #ကဗျာချစ်သူ #ရောက်ချင်တဲ့နေရာရောက်👌 @TikTok

Oishi
Oishi
Open In TikTok:
Region: MM
Monday 10 August 2026 13:25:36 GMT
42853
2404
16
213

Music

Download

Comments

kyaygyi59
KyawGyi :
ချစ်ခွ့င်ရှိတယ်လွမ်းခွင့်ရှိတယ်ဒါပေမဲပိုင်စိုင်ခွင့်မရခဲဘူဗျာ
2026-08-11 08:42:32
2
khinmoh1999
khin :
စားသားလေး ပြန်တင်ချင်တယ်🥰🥰🥰ပို့ပေးပါလား
2026-08-10 16:31:32
1
yee.yee.mon014
Yee Yee Mon :
စာသားလေးလိုချင်ပါတယ်
2026-08-11 09:49:50
0
user746298933
ARiYAN :
စာသားလေးယူခွင့်ပြုပါနော် 🥰🥰🥰🥰
2026-08-11 16:08:13
0
akonsoekoko
❤️Zayar Htet❤️ :
သူလည်းသူ့ဘဝလေးနဲ့သူရှိပါစေတော့🥺
2026-08-11 07:19:52
0
user685949578
Zin Zin :
တစ်သက်လုံးမှ အတူရှိခွင့်မရှိရင် ဘယ်သူနဲ့မှ မတွေ့ချင်ဘူး
2026-08-11 06:48:14
0
khin2976
🖤Kĥîñ🖤 :
ကံတရားကြီးကအရမ်းရက်စက်တယ်🥺🥺
2026-08-11 08:36:38
0
thae.thae.win508
🏝 Thae Thae Win 🏝 :
ပြန်တင်ပါရစေ
2026-08-11 11:54:13
0
yee.yee.mon014
Yee Yee Mon :
ဆုံခွင့်ပေးပီးဝေးကွာစေတာဟာကံကြမ္မာရဲ့ရက်စက်မှုတခုပါပဲ😔😔
2026-08-11 09:49:19
2
phoe.saung34
Phoe saung :
ဖူး က လေ ကွဲမယ့်ကွဲရ တော့လည်း သေကွဲဘဲကွဲချင်တာပါ ဆိုတဲ့ - " $$$ ဆန္ဒတွေပြည့်သွားခဲ့ပြီ ပေါ့ ဖူး " ဒီကမ္ဘာမှာ ဇော်မျိုးလွင် ရဲ့ - " မောင့်ကဖူး ကလွှဲပြီး ဒီတစ်သက် လက်မထပ် တော့ပါဘူး " ကတိက လေး တော့ ထာဝရကမ္ဘာ့ကြီးရဲ့တ ထောင်တစ် နေရာမှာ ထာဝရမဟုတ် တောင်မနက်ဖြန်တိုင်းတည့်ရှီ နေမှာပါ $$$ ရယ် !
2026-08-11 04:04:03
0
sofia103654
sofia103654 :
🥰🥰🥰🥰🥰🥰🥰🥰
2026-08-10 16:59:14
0
wanalin38
🛍️khinmaunglin🛍️🛍️🛍️ :
🥺🥺🥺
2026-08-11 09:42:54
0
To see more videos from user @ubt_bky01, please go to the Tikwm homepage.

Other Videos


About