@yeyint3021: "ယောက်ျားက ဘယ်လောက်ပဲ ကောင်းနေပါစေ... အမျိုးသမီးရဲ့ 'အလိုမပြည့်နိုင်ခြင်း' ကြောင့် ပျက်စီးသွားရတဲ့ အိမ်ထောင်ရေးတွေလည်း ရှိတာပါပဲ" အိမ်ထောင်ရေးတစ်ခု မသာယာဘူးဆိုတာနဲ့ ပတ်ဝန်းကျင်က အမျိုးသားတွေကိုပဲ လက်ညှိုးထိုး အပြစ်တင်တတ်ကြတာ ခုခေတ် အထာလို ဖြစ်နေပြီ။ ဒါပေမဲ့ လက်တွေ့လောကမှာ... အမျိုးသားဘက်က စီးပွားရေးလည်း ကြိုးစားတယ်၊ အိမ်ထောင်အပေါ်မှာလည်း သစ္စာရှိတယ်၊ ဇနီးဖြစ်သူကိုလည်း အလိုလိုက်ပါလျက်နဲ့... အမျိုးသမီးတချို့ရဲ့ စရိုက်နဲ့ အယူအဆအလွဲတွေကြောင့် တိတ်တဆိတ် ကျိုးကြေနေရတဲ့ အိမ်ထောင်ရေးတွေ အများကြီး ရှိပါတယ်။ ၁။ အလိုမပြည့်နိုင်တဲ့ နှိုင်းယှဉ်ခြင်းအဆိပ်: ယောက်ျားက အပြင်မှာ ဘယ်လောက်ပဲ ပင်ပန်းခံရှာဖွေပေးနေပါစေ... အကောင်းမမြင်တတ်ဘဲ "ဟိုအိမ်ကယောက်ျားက ဘာဝယ်ပေးတာ၊ ဒီလူကတော့ ဘယ်လိုချမ်းသာတာ" ဆိုပြီး လိုက်နှိုင်းယှဉ်တတ်တဲ့အကျင့်ဟာ ယောက်ျားတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို ရိုက်ချိုးလိုက်တာပါပဲ။ တောင်းဆိုမှုတွေ၊ အလိုမပြည့်မှုတွေ များလာတဲ့အခါ အိမ်ဟာ နားခိုရာမဟုတ်ဘဲ ပူလောင်ရာဖြစ်လာပါတယ်။ ၂။ အလိုလိုက်တာကို အခွင့်အရေးယူပြီး အတ္တကြီးခြင်း: ကိုယ့်ကို ချစ်လို့၊ တန်ဖိုးထားလို့ အမြဲအလျှော့ပေး၊ သည်းခံပေးတာကို အခွင့်အရေးယူပြီး... အိမ်တွင်းမှာ နိုင်ထက်စီးနင်းလုပ်တာ၊ အနိုင်လိုချင်လွန်းလို့ စကားလုံးကြမ်းတွေနဲ့ စော်ကားတာမျိုးဟာ ယောက်ျားတစ်ယောက်ကို စိတ်ကုန်သွားစေတဲ့ အဓိကအချက်ပါ။ သည်းခံခြင်းမှာ ကန့်သတ်ချက်ရှိတာမို့လို့ စိတ်ပျက်သွားတဲ့နေ့ကျရင်တော့ ပြန်ဆွဲလို့မရတော့ပါဘူး။ ၃။ စာနာမှုကင်းမဲ့ပြီး အပြစ်ပဲရှာနေခြင်း: အပြင်မှာ စီးပွားရေး လောကဓံဒဏ်တွေကြောင့် ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်လာတဲ့အခါ... နွေးထွေးတဲ့ အားပေးစကား၊ အဆင်ပြေရဲ့လားဆိုတဲ့ စာနာမှုမျိုး မပေးဘဲ အိမ်ရောက်တာနဲ့ အပြစ်တွေချည်း လိုက်ရှာ၊ ပြဿနာရှာ စာရင်းရှင်းနေမယ်ဆိုရင် ဘယ်ယောက်ျားမှ အိမ်ကို မပြန်ချင်တော့ပါဘူး။ "အိမ်ထောင်ရေးဆိုတာ နှစ်ဦးသဘောတူ တည်ဆောက်ရတဲ့ စက်ဝိုင်းတစ်ခုပါ။ ၄။ အလိုမပြည့်နိုင်တဲ့ "အတ္တနဲ့ မောဟ" ယောကျ်ားဖြစ်သူက ရသလောက် ဝင်ငွေနဲ့ မိသားစုကို အကောင်းဆုံး ထောက်ပံ့ပေးထားတာကို အသိအမှတ်မပြုဘဲ... သူများယော ကျ်ား တွေနဲ့ လိုက်နှိုင်းယှဉ်ပြီး အမြဲတမ်း လိုဘပြည့်သည်မရှိ အပြစ်ရှာ ညည်းတွားတတ်ကြတယ်။ ကိုယ့်ယောကျ်ားရဲ့ ရုန်းကန်မှုကို တန်ဖိုးမထားဘဲ အလိုမပြည့်နိုင်တာဟာ ယောကျ်ားတစ်ယောက်ကို စိတ်အပျက်စေဆုံးပါပဲ။ ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ခေါင်းဆောင်ဖြစ်ပါစေ... ဘေးက ပံ့ပိုးပေးရမယ့် အမျိုးသမီးက အမြဲတမ်း ပူလောင် အဆိပ်အတောက် ဖြစ်နေမယ်ဆိုရင်တော့ အဲ့ဒီအိမ်ထောင်ရေးဟာ ဘယ်လိုမှ ရေရှည်မသာယာနိုင်ပါဘူး။" ၅။ "အတင်းအဖျင်းနဲ့ နားယောင်ခြင်း" အိမ်တွင်းရေးကိစ္စတွေကို ပတ်ဝန်းကျင်က လူတကာထံ လျှောက်ပြောတာ၊ သူများကောက်ချက်ချတဲ့ စကားတွေနောက်ကို လိုက်ပြီး ကိုယ့်ကြေေျား ကိုယ် ပြန်သံသယဝင် တိုက်ခိုက်တာမျိုးပါ။ အပြင်လူစကားကို ကိုယ့်ယောကျ်ားထက် ပိုယုံကြည်နေသရွေ့ အဲ့ဒီအိမ်မှာ ဘယ်တော့မှ အေးချမ်းမှု မရှိနိုင်ပါဘူး။ ၆။ ကိုယ့်ကို ချစ်တဲ့အပေါ် "အခွင့်အရေးယူပြီး အနိုင်ကျင့်ခြင်း" သူက ကိုယ့်ကို ချစ်လွန်းလို့၊ အိမ်ထောင်ရေး အဆင်ပြေစေချင်လို့ အမြဲဦးညွှတ် အလျှော့ပေးနေတာကို အခွင့်ကောင်းယူပြီး... စကားလုံးရိုင်းစိုင်းတာ၊ သိက္ခာချတာ၊ ရန်တွေ့ရင် ကက်ကက်လန်အောင် နိုင်ထက်စီးနင်း လုပ်တာမျိုးပါ။ "လောကမှာ သည်းခံခြင်းဆိုတာ အတိုင်းအတာ ရှိပါတယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ ယောကျ်ားဖြစ်ပါစေ... သူ့ရဲ့ စေတနာတွေ နင်းခြေခံရပြီး စိတ်ကုန်သွားတဲ့နေ့မှာတော့... ဘယ်လိုမှ ဆွဲထားလို့မရအောင် အပြီးတိုင် ကျောခိုင်းထွက်သွားတတ်ကြတာ လူ့သဘာဝပါပဲ...။" အိမ်ထောင်ရေးဆိုတာ အမိုးနဲ့ အကာလိုပါပဲ။ အမျိုးသားက အမိုးအဖြစ် မုန်တိုင်းဒဏ် ခံပေးထားရင်... အမျိုးသမီးကလည်း နွေးထွေးတဲ့ အကာအရံအဖြစ် အလိုက်သိတတ်မှု၊ နားလည်မှုတွေနဲ့ တည်ဆောက်မှသာ အေးချမ်းတဲ့ "အိမ်" စစ်စစ် ဖြစ်လာမှာပါရှင်။ Credit to Original Writer #foryou #dailylife #Relationship

ဆရာရဲရင့်(OfficialAccount🇲🇲)
ဆရာရဲရင့်(OfficialAccount🇲🇲)
Open In TikTok:
Region: MM
Tuesday 11 August 2026 01:55:25 GMT
9270
391
20
53

Music

Download

Comments

winthu.aye7
Winthu Aye :
တွေ့ဘူး မြင်ဘူးတာမဟုတ်ပဲ ကိုယ်တိုင်ခံနေရတဲ့ဘ၀မို့ စာသားတွေ တွေ့တော့ ကိုယ့်ကို တည့်တည့် ကြည့်ပြောနေတယ်ထင်နေတာ ဆရာရယ်
2026-08-11 22:31:26
2
nyein.htetcreator
nyein htet(creator) :
copy လေးယူပါရစေဆရာ တိုက်ဆိုင်နေလို့ပါခင်ဗျ
2026-08-11 18:23:46
3
kyaw.tun788
Kyaw Tun :
ကိုယ်ကိုတိုင် ခံစား ခဲ့ရတဲ့အချက်တွေပါပဲ ရိုးသားစွာ နဲ့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတွေဘဝက တိုးတက်မှု့နှေးတော့ ဒီလိုပဲစွန့်ပစ်ခံရတဲ့ ဘဝတွေရောက်ကုန်တာပါပဲဗျာ
2026-08-11 13:39:10
3
thin.thin.zaw446
ဝိပါက :
အရမ်းမှန်တယ်ကျွန်တော်ကိုယ့်တိုင်လက်တွေ့ခံရတဲ့သူပါ
2026-08-11 08:07:33
3
zay.gyi650
Zay Gyi :
အမှန်ပါပဲ ခုလဲဖြစ်နေတာအဲ့လိုပဲ
2026-08-11 16:20:54
1
user4161633229713
user4161633229713 :
ေကာင်းလိုက်တာစားသားေလး
2026-08-11 15:36:44
1
mr.j.kyi
OFF Line :
အော် တိုက်ဆိုင်နေတာများလား ၆ ချက်ရှိတာ ၆ ချက်လုံး လာငြိနေတာ 🥺
2026-08-11 19:06:48
1
konaingntg
DIGITAL :
မှန်တာပေါ့ဗျာတွေ့ဘူးပါတယ်။
2026-08-11 12:06:28
2
kyaw.thu.aung9171
Kyaw Thu Aung အမေ့သားကိုလူချော :
🥰🥰🥰
2026-08-11 23:20:16
1
zaw.gyi9552
Zaw Gyi :
😳😳😳😳
2026-08-11 14:40:11
1
ko.ko37044
Ko ko :
👍👍👍👍👍👍
2026-08-11 17:50:03
1
winmin6230
U winmin :
😣😣😣😣😣😣
2026-08-12 00:00:30
0
To see more videos from user @yeyint3021, please go to the Tikwm homepage.

Other Videos


About