@myintmyat.aung.mr: Fat Loss ဆိုတာ အစားအသောက်တစ်ခုတည်းနဲ့ မပြီးဘူး… 🧠 “ဒီနေ့ Diet ပျက်သွားပြီ… မနက်ဖြန်ကစပြီး မစားတော့ဘူး” “တစ်ခါတည်း အများကြီးစားမိပြီ… အကုန်ပျက်ပြီ” “Gym ဆော့နေတာတောင် ဘာလို့ Weight မကျသေးတာလဲ…” ဒီလိုအတွေးတွေက Fat Loss လုပ်နေတဲ့သူတွေအများစုမှာ ရှိတတ်ပါတယ်။ တကယ်တော့ Fat Loss ရဲ့ အကြီးဆုံးပြဿနာက အစားအစာမဟုတ်ဘဲ ကိုယ့်ရဲ့ Psychology ဖြစ်နေတတ်ပါတယ်။ 🍚 ထမင်းစားလို့ Fat မတက်ဘူး။ 🍗 Protein စားလို့လည်း Fat မတက်ဘူး။ 🍯 တစ်ခါတလေ အချိုစားမိလို့လည်း သင့်ရဲ့ Progress တစ်ခုလုံး မပျက်သွားဘူး။ ပြဿနာက— “တစ်ခါစားမိပြီဆိုတော့ ဒီနေ့တော့ အကုန်စားလိုက်မယ်” ဆိုတဲ့ Mentality ပါ။ Diet တစ်ရက်ပျက်တာက ပြဿနာမဟုတ်ဘူး။ Diet ပျက်သွားပြီဆိုပြီး တစ်ပတ်လုံး ဆက်ပျက်တာက ပြဿနာ။ ဒါကြောင့် Fat Loss လုပ်တဲ့အခါ “ဘာကို မစားရဘူးလဲ” ဆိုတာထက် “ဘယ်လိုစားရင် ရေရှည်ဆက်လုပ်နိုင်မလဲ” ဆိုတာကို စဉ်းစားပါ။ အစားအသောက်ကို ကြောက်စရာမလိုဘူး။ ကိုယ့်အစားအသောက်ကို ကိုယ်ထိန်းချုပ်နိုင်တဲ့ Mindset တစ်ခု တည်ဆောက်ဖို့လိုတယ်။ Fat Loss = Diet + Training + Psychology ခန္ဓာကိုယ်ကိုပြောင်းချင်ရင် အစားအစာကိုပဲ မပြောင်းပါနဲ့… အစားအစာအပေါ်ထားတဲ့ ကိုယ့်ရဲ့အတွေးကိုပါ ပြောင်းပါ။ 🧠🔥 — REHAB Trainer Aung Myint Myat Online Training / Face-to-Face Training
Myintmyat Aung Mraxle
Region: US
Tuesday 11 August 2026 03:25:27 GMT
Music
Download
Comments
ma Theingi :
🥰🥰🥰🥰🥰🥰
2026-08-11 12:27:23
0
To see more videos from user @myintmyat.aung.mr, please go to the Tikwm
homepage.