@zayartbz7news: သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၈ ဦး ဒဏ်ရာရ ရန်ကုန်၊ ဩဂုတ် ၁၀ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် မိနစ် ၂၀ ခန့် ကြာမြင့်စွာ လှည့်ပတ်၍ ပေါင် ၃၀၀ ဟု ယူဆရသည့် ဖျက်အားပြင်း ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ အဆိုပါ ဗုံးသီးများမှာ ကျောက်ကြီးကျေးရွာ၊ ဓမ္မရောင်ခြည် ဘုန်းတော်ကြီးကျောင်း အနီးပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒေသခံများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့်အပြင် အပြစ်မဲ့ ပြည်သူ ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထို့အပြင် လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ၏ နေအိမ် အဆောက်အအုံ ၂၀ ခန့် လုံးဝနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။ စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့တွင်လည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ ပြည်သူများ နေထိုင်ရာ နေရာများကို တိုက်လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချ တိုက်ခိုက်ခဲ့သေးသည်။ ထို့အပြင် ဇူလိုင်လ ၁၉ ရက်၊ ၂၃ ရက်၊ ၂၄ ရက်၊ ၂၇ ရက်နှင့် ၃၁ ရက်နေ့များတွင်လည်း သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများကို နေ့ရောညပါ ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှု အများအပြား ရှိခဲ့ကာ လူနေအိမ်နှင့် အဆောက်အအုံများစွာ ပျက်စီးခဲ့ရသည်။ ထို့ကြောင့် အာရက္ခ မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းနှင့် ရေကြောင်း အန္တရာယ်များကို ယခင်ကထက် ပိုမို ဂရုစိုက်ကြပါရန် အာရက္ခတပ်တော်က အသိပေး တိုက်တွန်းထားပြီး၊ ယနေ့ ကျောက်ကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံး၊ ဒဏ်ရာရရှိသူများ၏ အသေးစိတ် စာရင်းကို ထပ်မံ ထုတ်ပြန်ပေးသွားမည်ဟု သတင်းရရှိသည်။@ZayarTBZ 11 News @ZayarTBZ 7.1News🍉 #ဒေသသတင်းရင်းမြစ် #မြန်မာသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ပြည်တွင်းသတင်း #zayartbz
ZayarTBZ 7 News
Region: TH
Tuesday 11 August 2026 06:43:40 GMT
Music
Download
Comments
KoNaing :
အကြမ်းဖက်ကဘယ်သူလဲ
2026-08-11 07:31:45
1
💖💖💖 :
အရပ်သားလား
2026-08-11 08:09:33
1
Thant Zin :
2026-08-11 08:34:05
0
tt1790822vl :
okhi
2026-08-11 10:24:00
0
မိကောပ် :
မဟုက်
2026-08-11 08:36:31
0
💘 မေလေး💘 :
စိတ်မကောင်းလိုက်တာ😳😳😳😰😰😰
2026-08-11 07:36:02
0
tt1790822vl :
okhi
2026-08-11 10:22:27
0
U.Naing :
ဟယ်တစီးထဲလား
2026-08-11 07:40:28
4
Khant Khant :
ပီဒီအက်တွေကသေနတ်ပီးလို့လား
2026-08-11 08:12:13
0
မြန်မာ့ဇာတ်မာန် :
အနေရာအရပ်သားမရှိ
2026-08-11 07:32:31
0
tt1790822vl :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-08-11 10:22:32
0
uthoungmyine :
😳😳😳
2026-08-11 08:51:24
0
Thu Zar Thu Zar :
🙏🙏🙏😭😭😭🙏🙏🙏
2026-08-11 08:47:01
0
Moe :
😭😭😭
2026-08-11 08:57:41
0
moemyintmarlarnaing12 :
😭😭😭
2026-08-11 07:05:41
0
user605299615081 :
😳😳😳
2026-08-11 07:37:49
0
May Thu Tun :
🙏🙏🙏
2026-08-11 07:34:23
0
Khin Sann Nwe :
🌹🌹🌹
2026-08-11 08:41:01
0
Han Thu Ya Zaw :
🙏🙏🙏
2026-08-11 07:25:47
0
saya ပါ့ ချေစ်တယ် :
🥰😘😘
2026-08-11 07:20:53
0
Dee :
🙏🙏🙏🙏🙏🙏
2026-08-11 07:07:08
0
ငွေ မြတ် ငြိမ်း :
😭😭😥😥😥😭😭😭
2026-08-11 09:11:10
0
kokor9140 :
😭😭😭😭😭
2026-08-11 06:57:26
0
U Lay Gyi :
😳😳😳
2026-08-11 06:48:46
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.