@yahiyaali:

يحي علي
يحي علي
Open In TikTok:
Region: LY
Tuesday 11 August 2026 07:22:28 GMT
313
20
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @yahiyaali, please go to the Tikwm homepage.

Other Videos

လူတွေဟာ ကိုယ့်ဒဏ်ရာကို လက်နက်တစ်ခုလို သုံးတတ်ကြတယ်။ ကိုယ့်အမှားကို ဖုံးကွယ်ဖို့၊ ဒါမှမဟုတ် တခြားသူဆီက သနားစိတ်ကို အရယူဖို့ ဒဏ်ရာတွေကို အကြောင်းပြပြီး ပရိယာယ်ဆင်တတ်ကြတာကို ကျနော်တို့ သတိမထားမိဘဲ ယုံကြည်မိတတ်ကြတယ်။ တကယ်တော့ အဲ့ဒီလို ကျလာတဲ့ မျက်ရည်တွေဟာ “မိကျောင်းမျက်ရည်” တွေပါပဲ။ မိကျောင်းဟာ သားကောင်ကို စားခါနီးမှာ မျက်ရည်ကျတတ်ပေမယ့် အဲ့ဒါဟာ သနားလို့ ကျတာမဟုတ်ဘူး၊ သဘာဝတရားအရ ကျတာပါ။ လူတွေလည်း ထို့အတူပါပဲ။ ကိုယ့်ကို လှည့်စားဖို့၊ အခွင့်ကောင်းယူဖို့အတွက် ပြတတ်တဲ့ မျက်ရည်တွေဟာ သနားစိတ်ကို အသုံးချတာသက်သက်ပါပဲ။ မင်းရဲ့ ဖြူစင်တဲ့ သနားစိတ်ဟာ တခြားသူတွေအတွက် အသုံးချစရာ ကိရိယာတစ်ခု ဖြစ်မသွားပါစေနဲ့။ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေ၊ သူတို့ရဲ့ ဒဏ်ရာအကြောင်းပြချက်တွေကို သေချာခွဲခြားမြင်တတ်ဖို့ လိုပါတယ်။ လူတိုင်းကို သနားနေမယ့်အစား၊ ဘယ်သူက တကယ်နာကျင်နေပြီး၊ ဘယ်သူက မင်းကို အသုံးချဖို့ ကြိုးစားနေတာလဲဆိုတာကို ခံစားချက်ထက် ဦးနှောက်နဲ့ ဆုံးဖြတ်ပါ။ ဒီနေ့ခေတ်မှာ အလှပဆုံး သရုပ်ဆောင်ချက်တွေဟာ ပိတ်ကားပေါ်မှာတင် မဟုတ်ဘဲ၊ ငါတို့ရဲ့ ပတ်ဝန်းကျင်က လူတွေဆီမှာလည်း တွေ့နိုင်တယ်။ သူတို့ပြတဲ့ မျက်ရည်တွေ၊ သူတို့ပြောတဲ့ ဒဏ်ရာတွေဟာ မင်းနှလုံးသားကို ဓားနဲ့မွှန်းသလို ခံစားရစေနိုင်ပေမယ့်၊ တကယ်တော့ အဲ့ဒါဟာ မင်းကို ထောင်ချောက်ထဲ ဆွဲသွင်းနေတာပဲ ဖြစ်နိုင်တယ်။ သတိထားပါ။ မင်းရဲ့ သနားစိတ်ကို မင်းကိုယ်မင်း ကာကွယ်တဲ့ ဓားတစ်လက်လို သုံးပါ၊ သူများတွေ မင်းကို တိုက်ခိုက်ဖို့ သုံးတဲ့ လက်နက် ဖြစ်မသွားပါစေနဲ့။ အသိပညာနဲ့ သတိတရားရှိမှသာ မင်းရဲ့ နှလုံးသားကို သူများတွေရဲ့ ကစားစရာမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ Ink&soul  ✍️  #manipulation  #stayaware  #mindfulness  #inkandsoul  #fyp

About